စားအုန္းဆီ တစ္ပိႆာလွ်င္ က်ပ္ ၉၀၀၀ ေက်ာ္မွရွိေနရာမွ ယခုအခါ ေဈးျပန္လည္က်ဆင္းလာေၾကာင္း စားအုန္းဆီအေရာင္းဆိုင္မ်ားက သိရသည္။
“ေဈးကေတာ့ က်လာၿပီ။ ၇၈၀၀ ဝန္းက်င္ေလာက္ထိပဲရွိေတာ့တယ္။ ထပ္က်ဖို႔ရွိတယ္”ဟု
စားအုန္းဆီအေရာင္းဆိုင္တစ္ဆိုင္မွ ဆိုင္ပိုင္ရွင္ တစ္ဦးက ေျပာသည္။
ကမာၻ႔စားအုန္းဆီ ထုတ္လုပ္တင္ပို႔သည့္ ႏိုင္ငံမ်ား၏ ေဈးကြက္ႏွင့္ေဈးႏႈန္းမ်ား အေပၚအေျခခံ၍ ဇြန္လ
၂၀ ရက္မွ ၃၀ ရက္ အထိ ရန္ကုန္အထိုင္အေျခခံလက္ကားရည္ၫႊန္းေဈးႏႈန္းကို တစ္ပိႆာလွ်င္ ၅၈၁၅ က်ပ္ သတ္မွတ္ထားျခင္း ျဖစ္သည္။
စားအုန္းဆီ အဓိက ထုတ္လုပ္တင္ပို႔သည့္ မေလးရွားႏိုင္ငံႏွင့္ အင္ဒိုနီးရွားႏိုင္ငံတို႔တြင္ ျဖစ္ေပၚေနေသာ
FOB ေဈးႏႈန္းမ်ားကို ေန႔စဥ္ေစာင့္ၾကည့္၍ သယ္ယူပို႔ေဆာင္ခ ကုန္က်စရိတ္မ်ား ၊ ဘဏ္စရိတ္မ်ား၊ အခြန္အခမ်ား
ထည့္သြင္းတြက္ခ်က္ကာ ျပည္တြင္းေဈးကြက္၌ ေရာင္းဝယ္ ေဖာက္ကားရမည့္ အေျခခံလက္ကား ရည္ၫႊန္းေဈးႏႈန္းကို ထုတ္ျပန္ေပးေနျခင္း ျဖစ္သည္။
ျပည္တြင္းေဈးကြက္အတြင္း ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္း၊ ေဈးကစားရန္ ရည္႐ြယ္ခ်က္ျဖင့္သိုေလွာင္ျခင္းႏွင့္
မသမာသည့္လုပ္ေဆာင္မႈမ်ားျပဳလုပ္ပါက အေရးႀကီးကုန္စည္ႏွင့္ ဝန္ေဆာင္မႈဥပေဒအရ
အေရးယူေဆာင္႐ြက္သြားမည္ဟုလည္း အသိေပးထုတ္ျပန္ေပးထားသည္။
crd
Zawgyi,
စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၉၀၀၀ ကျော်မှရှိနေရာမှ ယခုအခါ ဈေးပြန်လည်ကျဆင်းလာကြောင်း စားအုန်းဆီအရောင်းဆိုင်များက သိရသည်။
“ဈေးကတော့ ကျလာပြီ။ ၇၈၀၀ ဝန်းကျင်လောက်ထိပဲရှိတော့တယ်။ ထပ်ကျဖို့ရှိတယ်”ဟု
စားအုန်းဆီအရောင်းဆိုင်တစ်ဆိုင်မှ ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၏ ဈေးကွက်နှင့်ဈေးနှုန်းများ အပေါ်အခြေခံ၍ ဇွန်လ
၂၀ ရက်မှ ၃၀ ရက် အထိ ရန်ကုန်အထိုင်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာလျှင် ၅၈၁၅ ကျပ် သတ်မှတ်ထားခြင်း ဖြစ်သည်။
စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသော
FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်၍ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ၊ ဘဏ်စရိတ်များ၊ အခွန်အခများ
ထည့်သွင်းတွက်ချက်ကာ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ် ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်း ဖြစ်သည်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းနှင့်
မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ
အရေးယူဆောင်ရွက်သွားမည်ဟုလည်း အသိပေးထုတ်ပြန်ပေးထားသည်။
crd



