ကိုရီးယား အလုပ်သွားမည့်သူတွေအတွက် သတင်းကောင်း
လာမယ့် ဇူလိုင်လမှာ ကျင်းပမည့် ကိုရီးယား အလုပ်အကိုင် အရည်အချင်းစစ်စာမေးပွဲတွင် လုပ်သား (၁၀၀၀၀)ခန့်ကို ခေါ်ယူသွားမယ်လို့ ပြည်ပ အလုပ်အကိုင်အေဂျင်စီ (POEA-EPS) က ပြောဆိုထားပါတယ်။
အဆိုပါ စာမေးပွဲအတွက် ဖြေဆိုခွင့်လျှောက်လွှာကို ဇူလိုင် (၇)ရက်မှ (၂၃)ရက် အထိ အွန်လိုင်းမှ လက်ခံပေးသွားမည် ဖြစ်ကာ
ကုန်ထုတ်လုပ်ငန်းအတွက် ဖြေဆိုရမည့်ရက်အား သြဂုတ် (၃) ရက်နှင့် ဆောက်လုပ်ရေးနှင့်စိုက်ပျိုးရေး အလုပ်အကိုင်များအတွက် အောက်တိုဘာ (၁၂)တွင် ထပ်မံ ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။
ဝင်ရောက် ဖြေဆိုသူများထဲမှ စာမေးပွဲအောင်ပေးမည့် ခန့်မှန်း အရေအတွက်မှာ ကုန်ထုတ်လုပ်ငန်းအတွက်(၇၀၄၅) ဦး၊ စိုက်ပျိုးရေး လုပ်ငန်းအတွက် (၅၉၅) ဦး၊ ဆောက်လုပ်ရေး လုပ်ငန်းအတွက် (၁၄၈၅) ဦး ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဆိုပါ EPS-topik စာမေးပွဲကို အသက် ၁၈ နှစ်မှ ၃၉ နှစ် အတွင်းရှိ အမျိုးသားများ ဖြေဆိုခွင့်ရှိကာ ထောင်ဒါဏ် ကျခံဖူးသူ ပြည်ပထွက်ခွာခွင့် တားမြစ်ခံထားရသူများကို လက်မခံကြောင်းနှင့်
စာမေးပွဲအား မသမာသောနည်းဖြင့် ဝင်ရောက် ဖြေဆိုပါက ဖြေဆိုခွင့် ၄ နှစ် ပိတ်ခံရမည့် အပြင် တည်ဆဲ ဥပဒေများဖြင့်လည်း အရေးယူမယ်လို့ ဆိုပါတယ်။
ကိုရီးယားနိုင်ငံကို သွားရောက် လုပ်ကိုင်လိုကြသည့် မြန်မာလုပ်သားများ အနေဖြင့် တောင်ကိုရီးယား အလုပ်အကိုင် EPS စာမေးပွဲ နှစ်စဥ် ဝင်ရောက် ဖြေဆိုသူ သောင်းနှင့်ချီ ရှိခဲ့တယ်လို့ ဆိုပါတယ်။
Credit … MMDailyLife