ၾကားသိရသမွ်

မြန်မာတို့၏ တလွဲအယူများ … ဘာတွေ ကွာခြားနေတာလဲ???

မြန်မာတို့၏ တလွဲအယူများ … ဘာတွေ ကွာခြားနေတာလဲ???

မြန်မာတို့၏ တလွဲအယူများ

အကျိုးအကြောင်း ဆီလျော်အောင် မတွေးတတ်တဲ့ ရှေးရိုးစွဲသမားတွေ တွေ့တိုင်း ဖတ်ပါ။

အမတော် ‘သုစိတ’ မောင်တော်’နန္ဒ’ အပိုင်စားရတဲ့ မင်းဘူးက နဂါးပွက်အိုင်။

တကယ်တော့ ဂေါပကတွေရော အဲ့ဒီလာတဲ့ နဂါးကို လာဖူးကြတဲ့သူတွေပါ။ ပထဝီ သင်ခဲ့ကြမှာပါ ။ ၅ တန်း ၆ တန်း လောက်ဆို မီးတောင်အကြောင်း စာသင်နေရပြီ။

ရွှံ့မီးတောင် / မီးတောင်သေ /

မီးတောင်ငြိမ်း သင်ဖူးကြမှာပါ ။

အခုလို ရွှံ့မီးတောင် အပေါက်ဝထဲကို နွားနို့နဲ့ ကြက်ဥတွေ ပစ်ထည့်ကြတယ်။ အမွှေးတိုင်ပေါင်း သောင်းချီ ပူဇော်ကြတယ် ။

အဲ့ဒီနွားနို့နဲ့ ကြက်ဥတွေကိုသာ မိဘမဲ့ဂေဟာက ကလေးတွေကို တိုက်​ကျွေးမယ်ဆို တော်ရုံဂေဟာ တစ်ခုတော့ နေ့စဉ် အာဟာရ မပူရတော့ဘူး ။

သူတစ်ပါး ယုံကြည်မှုကို ကဲ့ရဲ့တာမဟုတ်ပါဘူး။ ဆုံးရှုံးသွားတဲ့ အလှူငွေကို လိုအပ်တဲ့နေရာ ရောက်စေချင်တာပါ။

နောက်တစ်ချက်က ဒါဟာ ဘူမိဗေဒပညာရှင်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ လေ့လာရေးစခန်း ဖြစ်နိုင်တယ် ။

အဲ့ဒီမီးတောင်ကို စနစ်တကျ လေ့လာရင် ဘယ်လိုအဖိုးတန် ဓါတ်ငွေ့တွေ ထွက်နိုင်မလဲ? ဘယ်လိုအကျိုးကျေးဇူး ရှိမလဲ သိခွင့်ရလာမယ်။

သူတို့ကို စော်ကားခြင်းထက် ကျွန်တော်ကတော့ နှမျောတယ် ။

ချီလီနဲ့ အာဂျင်တီးနားက မီးတောင်သေတွေ/ရွှံ့မီးတောင်တွေ / မီးတောင်ရှင်တွေသာ မြန်မာပြည်ရောက်ခဲ့ရင် ၉ တောင်လောက် စေတီတည်ပြီး နတ်နဂါး ပုံပြင်တစ်ခုခုနဲ့ဇာတ်သွင်း ဖင်ဘူးထောင် ဦးချပြီး နွားနို့နဲ့ ကြက်ဥတွေ ပစ်ထည့်ဦးမယ်ထင်တယ်။

ပုပ္ပါးက မယ်ဝဏ္ဏဆို သထုံကနေ နန်းမှုရေးရာ စိတ်ကုန်လို့ တရားအားထုတ်ဖို့ လာတဲ့ သထုံဘုရင် မနူဟာရဲ့ ညီမ။ လူစစ်စစ်ပါ။ သူတို့နဲ့တွေ့မှ ပန်းစားဘီလူးမ ဆိုပြီး အစွယ် ပေါက်ရရှာတယ်။

အပါယ်လေးဘုံ စာရင်းဝင် တိရိစ္ဆာန်ကို ကန်တော့နေရတဲ့ အယူလွဲ Logic …

မြန်မာပြည် အနှံ့အပြားမှာ မြွေရှင်ဘုရား ဘယ်နှစ်ဆူ ရှိလည်းတော့ မသိဘူး။ ကျွန်တော် ရောက်ဖူးတဲ့ ဘုရားတွေက ပုလိပ်/ သုံးတောင်/ စစ်ကိုင်းမှာရှိတဲ့ မြွေဘုရား သုံးဆူ ရောက်ဖူးတယ် ။

မြွေဆိုတာ အပါယ်လေးဘုံ စာရင်းဝင် တိရိစ္ဆာန်ပဲ။ နိမ့်ကျတဲ့ တိရိစ္ဆာန်ကို မြင့်မြတ်တဲ့ ဗုဒ္ဓဆင်းတုနဲ့တွဲပြီး ပူဇော်နေကြတဲ့ ကျွန်တော်တို့ မြန်မာတွေ နတ်မြွေ/ အိပ်မက် စတဲ့ ပါးစပ်ရာဇဝင်နဲ့ ဖြဲခြောက်ပြီး ဗုဒ္ဓဘာသာဝင်တွေက နိမ့်ကျတဲ့ တိရိစ္ဆာန်ကို ဖင်ဘူးထောင် ကန်တော့နေရတယ်။

အံမယ်…အဲ့ဒီ မြွေစာအတွက် လစဉ်အလှူရှင်ဆို အလုအယက်ဗျ။ စပါးကြီး /စပါးအုံး မြွေဆိုတာမျိုးက အစာဝရင် ငြိမ်သက်နေတာလေ။ သူတို့မှာ အစာချက်ဖို့ လုံလောက်တဲ့ အစာအိမ်အက်ဆစ် မရှိဘူး။

ဘိန်းကျွေးလို့ ဘိန်းမူးနေတဲ့ မြွေဟာ လူကို ဘယ်အန္တရာယ် ပြုပါ့မလဲ…? ဂေါပကတွေက ပြောသေးတယ် ( သူတော်စင်မြွေ ) တဲ့ ။

ဟုတ်ပြီ… သူတော်စင်မြွေဆိုရင်သက်သက်လွတ် ကျွေးကြည့်ပါ။ တစ်ပတ်တစ်ခါ ဥပုသ်စောင့်ခိုင်းပါ ။ (၁)လလောက် အစာမကျွေးပဲထားပြီး ဂေါပကကိုယ်တိုင် မြွေလှောင်အိမ်ထဲ ဝင်ထိုင်နေပါ ။

ကျွန်တော် မယုံကြည်လို့ အပြစ်တင်ခြင်း မဟုတ်ပါဘူး။ လွဲနေတဲ့ ဘာသာရေး အသိကို တည့်မတ်စေချင်တာပါ။

တကယ် လိုအပ်နေတဲ့ ဘာသာရေးသာသနိက အဆောက်အုံတွေ အများကြီးပါ ။ မြွေဆိုတဲ့ နိမ့်ကျတဲ့ တိရိစ္ဆာန်ကို ကန်တော့မယ့် အစား ရွှေစည်းခုံ/ မိထ္ထီလာကန်/ တန့်ကြည်တောင် သမိုင်းတွေထဲ ပါတဲ့ လူကောင်းတွေကို ကူညီတတ်တဲ့ ဘီလူး/သဘက်တွေကို ကန်တော့တာမှ တော်သေး။

မြွေအကောင်ကြီးလို့ ကန်တော့မယ်ဆို တောင်အမေရိကဖက်က အမေဇုန်မြစ်က အန်နာကွန်ဒါ မြွေကြီးတွေကို You Tube မှာ ရှာကြည့်။

( မြန်မာပြည်မှာသာ အန်နာကွန်ဒါ မြွေကြီးတွေ တွေ့ခဲ့ရင် မြန်မာလူမျိုးတွေ ထွက်မပြေးပဲ ထိုင်ကန်တော့ကြမယ် ထင်တယ် )

လူတွေလုပ်မှ အကြောက်တရားကိုဘာသာတရားထဲ ဇွတ်သွင်းနေသလိုပဲ။

ကျွန်တော်ကတော့ အဟိတ် တိရိစ္ဆာန်လည်း မကန်တော့နိုင်သလို အေးချမ်းချင်လို့ ဘုရားသွားတာ အေးအေးချမ်းချမ်းပဲ ဖြစ်ချင်တယ်

ဒါကြောင့် သူများပါးစပ်ဖျားမှာ လမ်းမဆုံးဘဲ ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစား ချင့်ချိန်ရမယ်။ တရား များများနာ စာများများဖတ်။ ဒါမှ အလိမ်မခံရမှာ။

ℂ𝕣𝕖𝕕𝕚𝕥 𝕋𝕠 𝕆𝕣𝕚𝕘𝕚𝕟𝕒𝕝 𝕌𝕡𝕝𝕠𝕒𝕕𝕖𝕣

ပြန်လည်မျှဝေပါသည်။