“ကျောက်ကပ်ကို ပျက်စီးစေတဲ့ ခဲဆိပ်ပါသော တရုတ်ပြည်လုပ် ဟင်းကြော်အိုးများ”
( တရုတ်အစိုးရ ကိုယ်တိုင်က အဆိပ်ပါတယ်လို့ ပြောထားတာပါ )
ဓာတုသုံး ပီပါ သံပြားများဖြင့် “အဆိပ်ပါ” အကြော်အိုး များ ပြုလုပ်နေကြောင်း တရုတ်အစိုးရပိုင် CCTV-13 မှ ဖော်ပြခဲ့သည်။

ဈေးကွက်ထဲရှိ ဈေးပေါသော သံပြား ဟင်းကြော်အိုးများအား CCTV-13 မှ သတင်းထောက်များက လျှို့ဝှက် လေ့လာရာမှ အဆိုပါ ပြဿနာကြီး တရပ်အား ၎င်းတို့က လူသိရှင်ကြား ဖော်ထုတ်နိုင်ခဲ့သည်။
အဓိက ကျောက်ကပ်များကို ထိခိုက်စေမည့် ခဲဆိပ်တက်တတ်သော အဆိုပါ ဟင်းကြော်အိုးများသည် ဈေးပေါသည်ဆိုသည့် နောက်ကွယ်တွင် သံပြားအသစ်များထက် တရုတ်ယွမ်ငွေ ထောင်ပေါင်းများစွာ သက်သာစေနိုင်မည့် ဓါတုဗေဒအရည်များ ထည့်သွင်း သိုလှောင်ရာ၌ သုံးသော ပီပါများ အသုံးပြုကြသည်ဟု ဆိုသည်။

ဓါတုသုံး ပီပါပိုင်းတလုံးအား ဖြတ်တောက်၍ အကြော်အိုး (၁၀)ခုမက ထုတ်လုပ်နိုင်ပြီး ရွာတရွာထဲ၌ပင် အဆိုပါ အိုးမျိုး တနှစ်လျှင် အခုရေ (၅)သိန်း အထိ ထုတ်လုပ်နိုင်ကြောင်း CCTV-13 မှ ဖော်ပြခဲ့သည်။

စာကြွင်း/- “ နမူနာသာ ယူခဲ့ပါ ဈေးနှုန်းညှိနှိုင်းနိုင်သည်ဆိုတဲ့ ” ကျယ်ဂေါင်က ဗွီနိုင်းတွေ သွားမြင်မိတယ်။ လမ်းဖြတ်သန်းခသာ “ဆက်” ကြစမ်း။ ဘာမဆို မြန်မာပြည်ထဲ “သွင်း” နိုင်တယ်။

(ဓန) တရုတ်ပြည် အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းရဲ့ နောက်ကွယ်အကြောင်းအရင်းကိုတော့ တရုတ်မီဒီယာတွေက ဖွင့်ချလိုက်ပါပြီ။
ဈေးပေါပြီး တရုတ်ပြည်မှာတောင် သုံးခွင့် ပိတ်ထားတဲ့ ဒီလို ဒယ်အိုးတွေ ရွှေပြည်ကြီးထဲကို ဘယ်လောက်တောင် ရောက်နေကြပြီလဲ..?

Credit To Original Uploader



