Unicode,
ဇူလိုင်လ ၇ ရက်နေ့တွင် လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မည့် မြို့နယ်များ
ဇူလိုင်လ ၇ ရက်နေ့ မနက်ဖြန်တွင် နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအချိန်ထိ ရန်ကုန်မြို့တွင်း မြို့နယ်တွေမှာ
လျှပ်စစ်ဓာတ်အား ယာယီပြတ်တောက်မယ်လို့ YESC ကထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်မှာ ”ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင်
လျှပ်စစ်မြို့နယ်များ၏စုဖွဲ့အင်အားဖြင့် 66kV ရွာမ-စိန်ပန်းမြိုင်နှင့်66kV ဘုရင့်နောင်-ဆင်မလိုက်(၃)(၄)
ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းကို
(၇.၇.၂၀၂၂)ရက်နေ့ (၀၉:၀၀)နာရီ မှ(၁၃:၀၀)နာရီအချိန်အတွင်း၌ဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် အဆိုပါ
လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း အင်းစိန်၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင်၊ကမာရွတ်၊ ကြည့်မြင်တိုင်မြို့နယ်များ၏ရပ်ကွက်နေရာအချို့တို့တွင်လည်းကောင်း
ရန်ကုန်အရှေ့ပိုင်းခရိုင်လျှပ်စစ်မြို့နယ်များ၏ စုဖွဲ့အင်အားဖြင့်33kV သီတာ-ကနေဒီ ဓာတ်အားလိုင်းနှင့်
မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို(၇.၇.၂၀၂၂ )ရက်နေ့(၀၉:၀၀ )နာရီ မှ
(၁၂:၀၀)နာရီအချိန်အတွင်း၌ဆောင်ရွက်မည်ဖြစ်ပါသဖြင့်
အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း မင်္ဂလာတောင်ညွန့်၊ တာမွေမြို့နယ်များ၏ ရပ်ကွက်နေရာ
အချို့တို့တွင်လည်းကောင်း ယာယီဓာတ်အား ပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့်
အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရေးအလေးထား ဆောင်ရွက်သွားမည်ဖြစ်”
ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားပါတယ်။