ၾကားသိရသမွ်

ဒၚေအာင္ဆန္းစုၾကည္ကို ရန္ကုန္ေနအိမ္ ၿခံ ၅၄ သို႔ အာဏာသိမ္း စစ္ေကာင္စီက ျပန္ပို႔လိုက္ၿပီဟု သိရ

ေဒၚေအာင္ဆန္းစုၾကည္ကို ရန္ကုန္ေနအိမ္ ၿခံ ၅၄ သို႔ အာဏာသိမ္း စစ္ေကာင္စီက ျပန္ပို႔လိုက္ၿပီဟု သိရ

ထက္ေခါင္လင္း/ဧရာဝတီတိုင္းမ္

ဇူလိုင္ ၇ ရက္

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ကို ေနျပည္ေတာ္အခ်ဳပ္ေထာင္မွ ရန္ကုန္ရွိ သူ၏ ေနအိမ္ျဖစ္ေသာ

တကၠသိုလ္ရိပ္သာလမ္း ၿခံအမွတ္ ၅၄ သို႔ စစ္ေကာင္စီမွ ျပန္လည္ပို႔ေဆာင္ထားလိုက္ၿပီျဖစ္ေၾကာင္း ေနျပည္ေတာ္ရွိ

စစ္ေကာင္စီႏွင့္ နီးစပ္ေသာ သတင္းရင္းျမစ္မ်ားထံမွ သိရသည္။

‘‘ဟုတ္ပါတယ္။ ရန္ကုန္ကို ျပန္ပို႔လိုက္တာကို က်ေနာ္ေျပာလို႔ရတယ္။ အဂၤါေန႔(ဇူလိုင္ ၅ရက္) တရား႐ုံးထုတ္အၿပီး ညတြင္းခ်င္း

စစ္တပ္က သူ႔အစီအစဥ္နဲ႔သူ ပို႔လိုက္တာပါ။ အမႈကိစၥေတြ၊ က်န္တာေတြေတာ့ က်ေနာ္ဘာမွမသိဘူး’’ ဟု စစ္ေကာင္စီႏွင့္ နီးစပ္သည့္

သတင္းရင္းျမစ္တစ္ဦးက ဧရာဝတီတိုင္းမ္ကို အတည္ျပဳ ေျပာဆိုသည္။

အာဏာသိမ္း စစ္ေကာင္စီမွ ေဒၚေအာင္ဆန္းစုၾကည္ကို အက်ဥ္းခ်ထားမႈ၊ ေနရာေ႐ႊ႕ေျပာင္းမႈႏွင့္ပတ္သတ္၍ သတင္းတစ္စုံတစ္ရာ ထုတ္ျပန္ျခင္း မရွိေသးေပ။

NLD ဘက္မွ ၎ကိစၥႏွင့္ ပက္သက္ၿပီး တိတိက်က် မသိရေၾကာင္း၊ NLD အသိုင္းအဝိုင္းမ်ားအေနျဖင့္လည္း ျပည္တြင္းရွိ စစ္ေကာင္စီထံ

ခံဝန္လက္မွတ္ထိုးၿပီး တိမ္းေရွာင္ျခင္းမျပဳသူမ်ားႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ အနီးဝန္က်င္ရွိ သူမ်ားႏွင့္ အဆက္သြယ္ မရွိေသာေၾကာင့္

အတိအက် မသိရေၾကာင္း တိမ္းေရွာင္ေနၾကရေသာ လႊတ္ေတာ္ကိုယ္စားလွယ္တခ်ိဳ႕က ေျပာသည္။

ၿပီးခဲ့သည့္ စေနေန႔(ဇူလိုင္ ၂ ရက္)က ယခင္ ေဒၚေအာင္ဆန္းစုၾကည္ အနီးပါးတြင္ ေနထိုင္ခဲ့ရသူမ်ား၊ ေနျပည္ေတာ္ရွိ ေနအိမ္ျဖစ္ေသာ

ႏွင္းဆီအိမ္ေတာ္ပစၥည္းမ်ားႏွင့္ သားျဖစ္သူ လက္ေဆာင္ေပးခဲ့ေသာ တိုက္ခ်ီတိုေခြးကေလးကိုေရာ ရန္ကုန္ရွိ ၿခံအမွတ္ ၅၄ သို႔ ေပးပို႔ခဲ့သည္။

၎ကိစၥႏွင့္ ပက္သက္ၿပီး ေနျပည္ေတာ္အခ်ဳပ္ေထာင္ရွိ အက်ဥ္းဦးစီးဌာနမွ ဝန္ထမ္းတခ်ိဳ႕ထံသို႔ ဆက္သြယ္ေမးျမန္းရာ ၎တို႔အေနျဖင့္

တိတိက်က် မသိရေၾကာင္း၊ ေဒၚေအာင္ဆန္းစုၾကည္ကို ထားသည့္အေဆာင္ႏွင့္ ပက္သက္ၿပီး မိမိတို႔ အက်ဥ္းဦးစီးဌာနက

တိုက္႐ိုက္မကိုင္တြယ္ရသည့္ အေနအထားရွိေနေၾကာင္း ဧရာဝတီတိုင္းမ္သို႔ေျပာသည္။

သို႔ရာတြင္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္တို႔က ၿပီးခဲ့သည့္ရက္က ျမန္မာႏိုင္ငံသို႔

လာေရာက္သည့္ ခရီးစဥ္တြင္ အာဏာသိမ္းစစ္ေကာင္စီကို အတိုက္အခံ အင္အားစုမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးရန္ကို

တိုက္တြန္းခဲ့သည့္အျပင္ တ႐ုတ္အစိုးရအေနျဖင့္ တိုင္းျပည္ တည္ၿငိမ္ေအးခ်မ္းမႈမရွိျခင္း၊ ႏိုင္ငံေရး တည္ၿငိမ္မႈမရွိလွ်င္

ျမန္မာစစ္တပ္ႏွင့္ ဆက္ဆံေရးကို တိုးျမႇင့္ေဆာင္႐ြက္မႈ ရပ္တန႔္ထားမည့္အေၾကာင္း ေျပာၾကားခဲ့သည္။

လက္ရွိအခ်ိန္အထိ ေဒၚေအာင္ဆန္းစုၾကည္ကို အာဏာသိမ္းစစ္ေကာင္စီက အမႈေပါင္း ၁၉ မႈျဖင့္ တရားစြဲကာ

အမႈ ၆ မႈအတြက္ ေထာင္ဒဏ္ ၁၁ ႏွစ္ ခ်မွတ္ထားၿပီး က်န္သည့္အမႈမ်ားအတြက္ တရားလိုျပသက္ေသႏွင့္

ေဒၚေအာင္ဆန္းစုၾကည္ဘက္မွ တင္သြင္းထားေသာ သက္ေသမ်ားကို မ်ားစြာေလ်ာ့ခ်ထားေၾကာင္း သိရသည္။

AyayarwaddyTime

Unicode,

ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်နေအိမ် ခြံ ၅၄ သို့ အာဏာသိမ်း စစ်ကောင်စီက ပြန်ပို့လိုက်ပြီဟု သိရ

ထက်ခေါင်လင်း/ဧရာဝတီတိုင်းမ်

ဇူလိုင် ၇ ရက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှ ရန်ကုန်ရှိ သူ၏ နေအိမ်ဖြစ်သော

တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ သို့ စစ်ကောင်စီမှ ပြန်လည်ပို့ဆောင်ထားလိုက်ပြီဖြစ်ကြောင်း နေပြည်တော်ရှိ

စစ်ကောင်စီနှင့် နီးစပ်သော သတင်းရင်းမြစ်များထံမှ သိရသည်။

‘‘ဟုတ်ပါတယ်။ ရန်ကုန်ကို ပြန်ပို့လိုက်တာကို ကျနော်ပြောလို့ရတယ်။ အင်္ဂါနေ့(ဇူလိုင် ၅ရက်) တရားရုံးထုတ်အပြီး ညတွင်းချင်း

စစ်တပ်က သူ့အစီအစဉ်နဲ့သူ ပို့လိုက်တာပါ။ အမှုကိစ္စတွေ၊ ကျန်တာတွေတော့ ကျနော်ဘာမှမသိဘူး’’ ဟု စစ်ကောင်စီနှင့် နီးစပ်သည့်

သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို အတည်ပြု ပြောဆိုသည်။

အာဏာသိမ်း စစ်ကောင်စီမှ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချထားမှု၊ နေရာရွှေ့ပြောင်းမှုနှင့်ပတ်သတ်၍ သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

NLD ဘက်မှ ၎င်းကိစ္စနှင့် ပက်သက်ပြီး တိတိကျကျ မသိရကြောင်း၊ NLD အသိုင်းအဝိုင်းများအနေဖြင့်လည်း ပြည်တွင်းရှိ စစ်ကောင်စီထံ

ခံဝန်လက်မှတ်ထိုးပြီး တိမ်းရှောင်ခြင်းမပြုသူများနှင့် ဒေါ်အောင်ဆန်းစုကြည် အနီးဝန်ကျင်ရှိ သူများနှင့် အဆက်သွယ် မရှိသောကြောင့်

အတိအကျ မသိရကြောင်း တိမ်းရှောင်နေကြရသော လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောသည်။

ပြီးခဲ့သည့် စနေနေ့(ဇူလိုင် ၂ ရက်)က ယခင် ဒေါ်အောင်ဆန်းစုကြည် အနီးပါးတွင် နေထိုင်ခဲ့ရသူများ၊ နေပြည်တော်ရှိ နေအိမ်ဖြစ်သော

နှင်းဆီအိမ်တော်ပစ္စည်းများနှင့် သားဖြစ်သူ လက်ဆောင်ပေးခဲ့သော တိုက်ချီတိုခွေးကလေးကိုရော ရန်ကုန်ရှိ ခြံအမှတ် ၅၄ သို့ ပေးပို့ခဲ့သည်။

၎င်းကိစ္စနှင့် ပက်သက်ပြီး နေပြည်တော်အချုပ်ထောင်ရှိ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတချို့ထံသို့ ဆက်သွယ်မေးမြန်းရာ ၎င်းတို့အနေဖြင့်

တိတိကျကျ မသိရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ထားသည့်အဆောင်နှင့် ပက်သက်ပြီး မိမိတို့ အကျဉ်းဦးစီးဌာနက

တိုက်ရိုက်မကိုင်တွယ်ရသည့် အနေအထားရှိနေကြောင်း ဧရာဝတီတိုင်းမ်သို့ပြောသည်။

သို့ရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တို့က ပြီးခဲ့သည့်ရက်က မြန်မာနိုင်ငံသို့

လာရောက်သည့် ခရီးစဉ်တွင် အာဏာသိမ်းစစ်ကောင်စီကို အတိုက်အခံ အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန်ကို

တိုက်တွန်းခဲ့သည့်အပြင် တရုတ်အစိုးရအနေဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုမရှိခြင်း၊ နိုင်ငံရေး တည်ငြိမ်မှုမရှိလျှင်

မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်မှု ရပ်တန့်ထားမည့်အကြောင်း ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက အမှုပေါင်း ၁၉ မှုဖြင့် တရားစွဲကာ

အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပြီး ကျန်သည့်အမှုများအတွက် တရားလိုပြသက်သေနှင့်

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်သွင်းထားသော သက်သေများကို များစွာလျော့ချထားကြောင်း သိရသည်။

AyayarwaddyTime