ကိုယ့်ပိုက်ဆံနဲ့ ကိုယ်အရှက်ရစေတာကြောင့် ပိုက်ဆံချေးကြသူများမှတ်သားရန်
ကိုယ့်ပိုက်ဆံနဲ့ကိုယ်အရှက်ရစေတာကြောင့်ပိုက်ဆံချေးကြသူများမှတ်သားရန်ပိုက်ဆံတစ်ရာနှစ်ရာမှသည်တစ်သိန်းနှစ်သိန်းအထိ ပိုက်ဆံဟာ ပိုက်ဆံပါပဲ
အချေးခံရတဲ့သူကဘာမှမရှိလို့ပြန်မတောင်းရင် ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေရင်တောင် ချေးတဲ့သူက အလိုက်တသိနဲ့ သေချာပြန်ပေးရပါမယ်
ဖြစ်နိုင်ရင်တော့ဘယ်သူမှ ချေးရတာရော၊ချေးပေးတာရောကို မလုပ်ချင်ကြပါဘူး။ ချေးလာတဲ့သူရှိလို့သာ အားနာပြီးချေးပေးကြရတာ ဖြစ်တဲ့အတွက် ဒီကိစ္စမှာလုံးလုံးလျားလျားတာဝန်ရှိသူဟာလာချေးသူပါပဲ
ပိုက်ဆံချေး ပြီတဲ့အခါ ပေါက်ကရလေးဆယ်တွေကို လျှောက်မပြောပါနဲ့ ချေးထားမယ့်ကာလကျော်ပြီး ပြန်ဆပ်မယ့်အချိန်နဲ့ ပြန်ဆပ်ရမယ့် အချိန်ကြရင် လူလိုသိတက်ပါ
အရေးကြီးဆုံးအချက်ပါ သေချာပြန်ဆပ်ရပါမယ် ကိုယ်ကတိပေးထားတဲ့ အချိန်မှာ သေချာပေါက်ကို ပြန်ဆပ်ရပါမယ်
အကြောင်းတစ်ခုခုကြောင့် ကြန့်ကြာနေရင်တောင် ကိုယ်ကဦးအောင်ဆက်သွယ်ပြီး ရှင်းပြရပါမယ် ပြန်ဆပ်မယ့် အချိန်ကို ထပ်ပြောရပါမယ်
ချေးတုန်းကချေးပြီး ပြန်ဆပ်ချိန်ရောက်မှ အတိတ်မေ့သလို ရွှေပျောက်သလို အူကြောင်ကြောင် လုပ်တာဟာ ပိုက်ဆံချေးပေးမိတဲ့သူရဲ့ နောင်တတရားနဲ့
လူလုပ်ချင်စိတ်ကို ဒွန်တွဲပြီး ဖြစ်ပေါ်စေပါတယ် လုံးဝမလုပ်ပါနဲ့ ချေးတုန်းကတောင် သတိတရနဲ့တေတော့မတတ် ဖုန်းဆက်ပြီး ချေးသေးရင် ပြန်ဆပ်ရမယ့်အခါလည်းမေ့မနေပါနဲ့
ရူးချင်ယောင်ဆောင်ပြီးဖုန်းပိတ်တာတွေ၊ မကိုင်တာတွေ seenဖြစ်ပြီးreply မလာတာတွေဟာ အင်မတန်မှကို လူဝါးဝရာကျပါတယ်အဆိုးဆုံးက ကိုယ်မှာပိုက်ဆံရှိလည်း မရှိသေးလို့ အဆင်မပြေးလို့ဆိုပြီး ကိုယ်တွက်ပဲ ကြည့်တက်သူ
ကိုယ့်ပိုက်ဆံကိုယ် ပြန်တောင်းတဲ့သူကို ရန်သူလိုသဘောထားပြီး ရင့်ရင့်သီးသီး ဆက်ဆံတာနဲ့ မျက်ရည်ခံထိုးပြီး ပြန်တောင်းတဲ့သူကို ချစ်တီးလို့ တစ်လောကလုံးကထင်အောင် ဇာတ်နာပြတာမျိုး ငွေးကိုချေးစက်ချပြီး ပေးတါမျိုးပဲ
သူပြန်တောင်းတဲ့ အထိစောင့်မနေပါနဲ့ ကိုယ်ပေးတဲ့ထားတဲ့ကတိထက် ပိုစောပြီးဆပ်နိုင်လေကောင်းလေပါပဲမြန်မြန်ရရင်မြန်မြန်ဆပ်ပါ
သူမေးလာတဲ့အထိစောင့်မနေပါနဲ့တခါတေလ သူတို့ကမေမ့ပါဘူးကိုယ့်မြင်ကတည်းကသူတို့ပိုက်ဆံကိုတန်းသတိရပါတယ်သူတို့မှာလည်း
သူတို့အခက်ခဲအဖြစ်ခံပြီးကူညီထားတယ်ဆိုမမေ့ပါနဲ့အားနာလို့သာမေ့ချင်ယောင်ဆောင်နေကြတာပါပိုက်ဆံချေးပြီးပြန်မဆပ်ချင်ကြတဲ့သူတွေရဲ့အကျင့်ဆိုးတစ်ခုကတော့ချေးမိတဲ့သူရဲ့အားနာတတ်တဲ့စိတ်ကိုချနင်းတာပါပဲတော်တော်ယုတ်ညံ့တဲ့စိတ်ပါ။
တကယ်တော့ကိုယ့်ကိုရွှေချထားရမယ့်သူမျိုးတွေပါအဲ့လိုလူမျိုးကမ္ဘာပေါ်မှာသိပ်များများစာစားမရှိပါဘူး။ကိုယ့်ကိုတကယ်ခင်လို့၊စာနာလို့၊အားနာလို့ချစ်လို့သူ့ရဲ့ရှိစုမဲ့စုလေးထုတ်ပြီးချေးပေးတာဖြစ်ပါတယ်
ကတိတည်ရပါမယ် မဟုတ်ရင်တစ်ခါပဲရပါမယ် ကတိတည်လိုက်ရင်နောင်လည်းလိုတဲ့အခါရနိုင်ပါမယ်မဟုတ်ရင်တော့ကမ္ဘာပေါ်က အကောင်းဆုံးသောမိတ်ဆွေတစ်ယောက်ကိုကိုယ်တိုင်ဖျက်ဆီးလိုက်သလိုဖြစ်သွားပါလိမ့်မယ်အရမ်းနှမြောဖို့ကောင်းပါတယ်။ ဆိုတော့ပိုက်ဆံချေးပြီးရင်အသေအချာပြန်ဆပ်ကြပါ