မန်ချက်စတာယူနိုက်တက်အသင်း ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုဒီနေ့မနက်ပိုင်းက ရောက်ရှိ
ဘန်ကောက် – ဇူလိုင်(၉)
ပရီးမီးယားလဂ်ကလပ် အင်္ဂလန်အင်အားကြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့ ဇူလိုင်လ(၉) ရက်နေ့ မနက်(၁၁) နာရီဝန်းကျင်
က ထိုင်းနိုင်ဘန်ကောက်မြို့ကို ရောက်ရှိလာခဲ့ ပါတယ်။
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ လာမယ့် ဇူလိုင်လ(၁၂) ရက်နေ့ ည(၈) နာရီမှာ မန်ယူနဲ့ လီဗာပူးလ် အသင်းတို့ဟာ ချစ်ကြည်ရေး
ဘောလုံးပွဲကစားဖို့ ရောက်ရှိလာတာပါ။
ရာဇမင်္ဂလာအမျိုးသားအားကစားရုံမှာကစားကြမယ့် ပွဲမှာ ဘယ်ကစားသမားတွေပါဝင်လာမယ် ဆိုတာကိုတော့ ပွဲစီစဉ်သူတွေက
ထုတ်ဖော်ပြောဆိုထားတာမရှိသေးပေမယ့် အင်အားကြီး ကလပ် အသင်း(၂) သင်းကတော့ ပထမတန်းကစားသမားတွေပါဝင်မယ်လို့
အတည်ပြုထားပါတယ်။
အဲ့ဒီပွဲစဉ်အတွက် လက်မှတ်တွေကို အနည်းဆုံးဘတ်(၅၀၀၀) တန်ကနေ ဘတ်(၂၅၀၀၀) တန် လက်မှတ်တွေကို Thaiticketmajor ကနေ
တဆင့် ရောင်းချနေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ