တ႐ုတ္နိုင္ငံတြင္ ေၾကာက္မက္ဖြယ္အသံေတြေၾကာင့္ လူေသာင္းနဲ႔ခ်ီထြက္ေျပးတိမ္းေရွာင္ေနရ
ရုပ္သံကို ေအာက္ဆံုးတြင္ ေဖာ္ျပထားပါသည္။
တ႐ုတ္နိုင္ငံ က ျပည္နယ္တစ္ခု မွာ ေၾကာက္မက္ဖြယ္ အသံေတြေၾကာင့္ လူေသာင္း နဲ႔ခ်ီ ေဒသခံေက်းရြာေတြကေန ထြက္ေျပး တိမ္းေရွာင္ေနၾကတယ္ လို႔ သိရပါတယ္။ အဓိကအားျဖင့္ေတာ့ ငလ်င္ မလႈပ္ခင္ ထြက္ေပၚတတ္ တဲ့ ေတာ္လည္းသံေတြ နဲ႔ တူညီေနလို႔ ေဒသခံေတြ မွာ မေနနိုင္ ထြက္ေျပး ၾကရတာပါ။ အခင္းျဖစ္ရာ ျပည္နယ္ ကေတာ့ Guizhou လို႔ သိရ ပါတယ္ ။ ေတာင္ေပၚေဒသေတာ္ေတာ္မ်ားမ်ား မွာ ရြာေတြက တည္ထားတာေၾကာင့္ ရြာသားေတြ ဟာ ေတာင္ေအာက္ ကို အလၽွင္အျမန္ ခက္ခက္ခဲခဲ ဆင္းေျပးခဲ့ရတာပါ ။ အသံေတြက ဘယ္လိုဘယ္ဝါျဖစ္တယ္ ဆိုတာ တစ္ေယာက္ခ်င္းဆီ ရဲ့အေျပာကေတာ့ မတူညီၾကပါဘူး။
တခ်ိဳ႕ရြာသားေတြ ကေတာ့ ဒ႑ာရီလာ နဂါးႀကီးေတြ ရဲ့ ဟိန္းေဟာက္သံနဲ႔ တူတယ္လို႔ ဆိုပါတယ္။ တခ်ိဳ႕ကေတာ့ ဒီအသံေတြဟာ က်ားေတြရဲ့ ေဒါသတႀကီး ေအာ္ဟစ္သံေတြနဲ႔ တူတယ္လို႔ ေျပာပါတယ္။ သတၱိရွိတဲ့ ရြာသားေတြ ကေတာ့ ဓာတ္မီးေတြ၊ ဓားလက္နက္ အစုံအလင္ နဲ႔ အသံရွင္ကို ရွာၾကေသးတယ္လို႔ ဆိုပါတယ္။ Xiushi ေတာင္ကုန္းမွာေနတဲ့ ရြာသား တစ္ေယာက္ကေတာ့ အခင္းျဖစ္စဥ္ တခ်ိဳ႕ ကို ဗြီဒီယိုမွတ္တမ္း ရယူခဲ့ပါတယ္ ။ အဲဒီဗြီဒီယိုမွတ္တမ္းဟာ တာဝန္ရွိသူေတြထံ ေပါက္ေရာက္သြားခဲ့ရာ မွ တာဝန္ရွိသူေတြကလည္း အခင္းျဖစ္စဥ္ ကို စုံစမ္းစစ္ေဆးဖို႔ အဖြဲ႕ေတြ ခြဲေဝ လႊတ္ခဲ့ပါတယ္။
ေျမျပင္ကြင္းဆင္းမႈ အေျခအေနအရ အသံပိုင္ရွင္ မွာ ေၾကာက္မက္ဖြယ္ရာ သတၱဝါ မဟုတ္ဘူးလို႔ အေျဖထြက္ခဲ့ပါတယ္။ ေျခေထာက္ဝါငုံးေတြ ရဲ့ အသံလို႔ ဆိုပါတယ္။ အဲဒီငုံးေတြဟာ စာကေလးထက္ အရြယ္အစား အနည္းငယ္သာ ႀကီးမားေပမယ့္ အသံေတြက ေၾကာက္မက္စရာပါ ။သားေပါက္ရာသီ ျဖစ္တဲ့ အတြက္ ငုံးမေလးေတြဟာ ညဆိုရင္ တစ္ေနရာမွ တစ္ေနရာ ၿပိဳင္တူညည္းၾကတယ္လို႔ ဆိုပါတယ္။
အဲဒီလို ၿပိဳင္တူညည္းသံဟာ မီတာ(၁၀၀)ေလာက္ကေန ေကာင္းေကာင္းၾကားနိုင္ၿပီး၊ ညဘက္ မွာ တိတ္ဆိတ္ လို႔ ပဲ့တင့္သံေတြကလည္း တစ္ေနရာကေန တစ္ေနရာ ၿပိဳင္တူ ထြက္ေလ့ရွိတာေၾကာင့္ ေၾကာက္စရာ ျဖစ္ေစတာလို႔ ဇီဝေဗဒပညာရွင္ေတြ က အေျဖထုတ္ ခဲ့ပါတယ္။ေတာ္လည္းသံ အတိတ္နမိတ္ေတြလား ဇီဝေဗဒပညာရွင္ေတြ အေျဖထုတ္ခဲ့သလိုပဲလားဆိုတာေတာ့ ….အသံေတြကေတာ့ ေၾကာက္စရာအမွန္ပါ ..႐ုပ္သံေလးကို ၾကည့္ရႈၾကည့္ပါ..Source: China News
unicode
တရုတ်နိုင်ငံတွင် ကြောက်မက်ဖွယ်အသံတွေကြောင့် လူသောင်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရ
တရုတ်နိုင်ငံ က ပြည်နယ်တစ်ခု မှာ ကြောက်မက်ဖွယ် အသံတွေကြောင့် လူသောင်း နဲ့ချီ ဒေသခံကျေးရွာတွေကနေ ထွက်ပြေး တိမ်းရှောင်နေကြတယ် လို့ သိရပါတယ်။ အဓိကအားဖြင့်တော့ ငလျင် မလှုပ်ခင် ထွက်ပေါ်တတ် တဲ့ တော်လည်းသံတွေ နဲ့ တူညီနေလို့ ဒေသခံတွေ မှာ မနေနိုင် ထွက်ပြေး ကြရတာပါ။ အခင်းဖြစ်ရာ ပြည်နယ် ကတော့ Guizhou လို့ သိရ ပါတယ် ။ တောင်ပေါ်ဒေသတော်တော်များများ မှာ ရွာတွေက တည်ထားတာကြောင့် ရွာသားတွေ ဟာ တောင်အောက် ကို အလျှင်အမြန် ခက်ခက်ခဲခဲ ဆင်းပြေးခဲ့ရတာပါ ။ အသံတွေက ဘယ်လိုဘယ်ဝါဖြစ်တယ် ဆိုတာ တစ်ယောက်ချင်းဆီ ရဲ့အပြောကတော့ မတူညီကြပါဘူး။
တချို့ရွာသားတွေ ကတော့ ဒဏ္ဍာရီလာ နဂါးကြီးတွေ ရဲ့ ဟိန်းဟောက်သံနဲ့ တူတယ်လို့ ဆိုပါတယ်။ တချို့ကတော့ ဒီအသံတွေဟာ ကျားတွေရဲ့ ဒေါသတကြီး အော်ဟစ်သံတွေနဲ့ တူတယ်လို့ ပြောပါတယ်။ သတ္တိရှိတဲ့ ရွာသားတွေ ကတော့ ဓာတ်မီးတွေ၊ ဓားလက်နက် အစုံအလင် နဲ့ အသံရှင်ကို ရှာကြသေးတယ်လို့ ဆိုပါတယ်။ Xiushi တောင်ကုန်းမှာနေတဲ့ ရွာသား တစ်ယောက်ကတော့ အခင်းဖြစ်စဉ် တချို့ ကို ဗွီဒီယိုမှတ်တမ်း ရယူခဲ့ပါတယ် ။ အဲဒီဗွီဒီယိုမှတ်တမ်းဟာ တာဝန်ရှိသူတွေထံ ပေါက်ရောက်သွားခဲ့ရာ မှ တာဝန်ရှိသူတွေကလည်း အခင်းဖြစ်စဉ် ကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့တွေ ခွဲဝေ လွှတ်ခဲ့ပါတယ်။
မြေပြင်ကွင်းဆင်းမှု အခြေအနေအရ အသံပိုင်ရှင် မှာ ကြောက်မက်ဖွယ်ရာ သတ္တဝါ မဟုတ်ဘူးလို့ အဖြေထွက်ခဲ့ပါတယ်။ ခြေထောက်ဝါငုံးတွေ ရဲ့ အသံလို့ ဆိုပါတယ်။ အဲဒီငုံးတွေဟာ စာကလေးထက် အရွယ်အစား အနည်းငယ်သာ ကြီးမားပေမယ့် အသံတွေက ကြောက်မက်စရာပါ ။သားပေါက်ရာသီ ဖြစ်တဲ့ အတွက် ငုံးမလေးတွေဟာ ညဆိုရင် တစ်နေရာမှ တစ်နေရာ ပြိုင်တူညည်းကြတယ်လို့ ဆိုပါတယ်။
အဲဒီလို ပြိုင်တူညည်းသံဟာ မီတာ(၁၀၀)လောက်ကနေ ကောင်းကောင်းကြားနိုင်ပြီး၊ ညဘက် မှာ တိတ်ဆိတ် လို့ ပဲ့တင့်သံတွေကလည်း တစ်နေရာကနေ တစ်နေရာ ပြိုင်တူ ထွက်လေ့ရှိတာကြောင့် ကြောက်စရာ ဖြစ်စေတာလို့ ဇီဝဗေဒပညာရှင်တွေ က အဖြေထုတ် ခဲ့ပါတယ်။တော်လည်းသံ အတိတ်နမိတ်တွေလား ဇီဝဗေဒပညာရှင်တွေ အဖြေထုတ်ခဲ့သလိုပဲလားဆိုတာတော့ ….အသံတွေကတော့ ကြောက်စရာအမှန်ပါ ..ရုပ်သံလေးကို ကြည့်ရှုကြည့်ပါ..Source: China News
Video Player
00:00