ၾကားသိရသမွ်

တစ်လီတာလျှင် ၂၀၀ ကျပ်ခန့် ကျဆင်းပြီဟု ကြေညာထားသော်လည်း တောင်ကြီးရှိ ဆီပန့်များ ဆီမရောင်းနိုင်

ရှမ်းပြည်နယ်တောင်ပိုင်း‌ဒေသ၌ စက်သုံးဆီဈေး တစ်လီတာလျှင် ၂၀၀ကျပ်ခန့်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များက ဈေးနှုန်းဖော်ပြထားသော်လည်း ယမန်နေ့မှ ယနေ့၊ နေ့လည်ပိုင်းအထိ တောင်ကြီးမြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့က ရောင်းချပေးခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ကြီးမြို့ရှိ စက်သုံးဆီဆိုင်အချို့သည် 92 ဓာတ်ဆီတစ်လီတာလျှင် ၁၉၀၀ ကျပ်ဝန်းကျင်ဟု ၎င်းတို့ဆိုင်များရှိ အရောင်းဈေးနှုန်းပြ ဆိုင်းဘုတ်များ၌ ကြေညာထားသော်လည်း သွားထည့်သူများကို ရောင်းချပေးခြင်းမရှိဘဲ ဆီပြတ်လပ်နေသည်ဟု ပြောဆိုနေကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့မနက်ကတည်းက ဒီနေ့အထိ BOC မှာ ဈေးကပ်ထားတယ်။ သွားထည့်တော့ ဆီပြတ်နေတယ်ပဲပြောတယ်။ ဈေးကျတယ်လို့တော့ တစ်နိုင်ငံလုံးမှာ ကြေညာထားပေမယ့် ဆိုင်တော်တော်များများမှာ ဆီထည့်လို့မရသေးဘူး။ မြို့ပြင်ထိ သွားထည့်နေရတယ်။ ဈေးကျလို့မရောင်းတာလား၊ တကယ်ဆီပြတ်နေတာလားတော့မသိဘူး။ မြို့ပေါ်က ဆီပန့်စ်အားလုံးလိုလို အခုထိမရောင်းပေးသေးဘူး” ဟု ၎င်းကပြောသည်။

အလားတူ တောင်ကြီးမြို့အပြင် အေးသာယာ၊ အောင်ပန်း၊ ကလောစသည့် စက်သုံးဆီအရောင်းများသည်လည်း ဇူလိုင်လ ၇ ရက်က 92 ဓာတ်ဆီတစ်လီတာလျှင် 2150 ကျပ်ဝန်းကျင်ဖြင့် လိုအပ်သလောက် ဝယ်ယူရရှိနေသော်လည်း ယမန်နေ့မှစတင်ပြီး တစ်လီတာလျှင် ၁၉၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးနေသည်ဟု ကြေညာထားကြောင်း၊ သို့သော် ဆိုင်အချို့တွင် ရောင်းချပေးခြင်းမရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့တွင် လူဦးရေ ၄ သိန်းခွဲကျော်ခန့်မှီတင်းနေထိုင်လျက်ရှိပြီး အများစုသည် သွားလာရေးအတွက် မော်တော်ဆိုင်ကယ်များကိုသာ အဓိကထားအသုံးပြုလျက်ရှိရာ စက်သုံးဆီဝယ်ယူရရှိမှုမရှိခြင်းကြောင့် အခက်တွေ့နေကြရကြောင်းကိုလည်း သိရသည်။ crd