တောင်ကိုရီးယား နာမည်ကြီး သရုပ်ဆောင် နှစ်ယောက်ဖြစ်တဲ့ ဆောင်းဂျွန်ကီနဲ့ဆောင်းဟေကို စုံတွဲလေးဟာ လူတိုင်းအားကျပြီး အားပေးရတဲ့ နာမည်ကြီး စုံတွဲ
လေးဖြစ်ပါတယ်။ သူတို့နှစ်ဦးက “Descendants of the Sun” ဇာတ်လမ်း နဲ့ လူသိများ အောင်မြင်လာခဲ့တာဖြစ်ပြီး ဇာတ်လမ်းတွဲထုတ်လွှင့် ပြသပြီး မကြာခင်မှာပဲ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။

လက်ထပ်ပြီး ၃ နှစ်အကြာမှာတော့ သူတို့နှစ်ဦးဟာ ကွာရှင်းခဲ့ပါတယ်။ မကြာသေးမီက သတင်းတွေအရ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို ပြန်လည် ပေါင်းစည်းကြတော့မယ်လို့ ကောလာဟလတွေ ထွက်ရှိလာခဲ့ပါတယ်။

သူတို့နှစ်ဦး ပြန်ပြီး လက်ထပ်ကြမယ့် အချိန်က အခုနှစ် ဒီဇင်ဘာလမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆောင်းဆောင်းစုံတွဲနှစ်ဦးရဲ့ သတင်းက ချက်ချင်းဆိုသလိုပဲ Netizen တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။

ဆောင်းဆောင်းစုံတွဲရဲ့ ပရိသတ်တွေကတော့ ဒီသတင်းက တကယ်လား တကယ်မဟုတ်ဘူးလားဆိုပြီး ရှုပ်ထွေးနေကြပါတယ်။ သေသေချာချာလေး စုံစမ်းစစ်ဆေးကြည့်လိုက်တဲ့ အချိန်မှာလည်း ဒီသတင်းက မရေရာတဲ့နေရာကနေ ရောက်လာတဲ့ သတင်းဖြစ်ပြီး ခိုင်မာမှု မရှိဘူးလို့ဆိုကာ ကောလာဟလအဖြစ်သာ

သတ်မှတ်ထားကြပါတယ်။ ဒီသတင်းနဲ့ပတ်သတ်ပြီး ပရိသတ်တွေက ပြန်ပေါင်းစေချင်တဲ့ အဖွဲ့နဲ့ ပြန်ပြီး မပေါင်းစေချင်တဲ့ အဖွဲ့ဆိုပြီး နှစ်ပိုင်းကွဲသွားပါတယ်။
ဆောင်းဆောင်းစုံတွဲလေးဟာ ၂၀၁၉ ခုနှစ်မှာ ကွာရှင်းခဲ့ကြတဲ့ စုံတွဲလေးဖြစ်ပါတယ်။ ကွာရှင်းပြီးနောက်မှာ သူတို့နှစ်ဦးက အခြားဘယ်သူနဲ့မှ တရားဝင် တွဲနေတာမျိုး မရှိသေးပါဘူး။

အလုပ်ကိုသာ အဓိက အာရုံစိုက်နေကြတဲ့ ဆောင်းဆောင်းစုံတွဲလေးက သူတို့ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သတ်ပြီးတော့လည်း အရမ်းကို လျို့ဝှက်ကြတဲ့သူဖြစ်ပါတယ်။
ကဲ .. သင်ဆိုရင်ရော ဆောင်းဆောင်းစုံတွဲကို ပြန်ပေါင်းချင်တဲ့ ဘက်လား .. ပြန်မပေါင်းစေချင်တဲ့ ဘက်ကလား တစ်ခုခုပြောခဲ့ကြပါဦးနော်။
Credit



