ေနျပည္ေတာ္ေဆး႐ုံမွာျဖစ္ခဲ့တဲ့ ဆရာဝန္စိတ္မရွိတဲ့ လူေတြေၾကာင့္ သမီးျဖစ္သူအတြက္ ယူၾကံဳးမရျဖစ္ခဲ့ရတဲ့ သနားစရာ ဖခင္
ကၽြန္မ၏အစ္မျဖစ္သူ ပို့ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန/သတင္းအခ်က္အလက္နည္းပညာႏွင့္ ဆိုက္ဘာလုံျခဳံေရးဦးစီးဌာန E-Government ဌာနမွ အငယ္တန္းအင္ဂ်င္နီယာ(၂) မမ်ိဳးသႏၲာႏြယ္ {B-Tech, B.E, M.E(EC)} သည္
(၂၈.၆.၂၀၂၂ အဂၤါေန႔)တြင္ ဆိုင္ကယ္ Accident ျဖင့္ ေနျပည္ေတာ္ကုတင္ (၁၀၀၀) ဆံ့ေဆး႐ုံ၌ ေဆးကုသမွုခံယူစဥ္အတြင္း ဦးေခါင္းထိထား၍သတိမလည္ေသာလူနာကို ၄င္းေဆး႐ုံရွိ ဦးေႏွာက္ႏွင့္အာ႐ုံေၾကာတာဝန္က်ဆရာဝန္မ်ားက ဓာတ္မွန္တစ္ႀကိမ္သာရိုက္ၿပီး “ဘာမွမျဖစ္ဘူး သတိလည္လာလိမ့္မယ္” ဟုဆိုကာ
အေရးေပၚခန္းတြင္တစ္နာရီျပည့္ေအာင္မၽွမထားဘဲ ရိုးရိုးခန္းသို့ေျပာင္းေရြ႕ခိုင္းခဲ့ပါသည္။ထို့ေနာက္ ဦးေခါင္းထိဒဏ္ရာႏွင့္ အျခားဒဏ္ရာမ်ားအားလည္းေဆးလာလိမ္းေပးျခင္းမရွိခဲ့ပါ။ ထိုေန႔၌ပင္လူနာမွာ သတိမလည္ဘဲ႐ုန္းျခင္းကန္ျခင္းမ်ားျဖစ္လာသျဖင့္လူနာမိသားစုမွဆရာဝန္မ်ားအားသြားေခၚရာ “ဘာမွမျဖစ္ ႐ုန္းေနတာေကာင္းတယ္” ဟုေျပာၿပီးတစ္ခ်က္ေလးေတာင္လာမၾကည့္ခဲ့ပါ။
ေနာက္တစ္ေန႔ထိလူနာမွာ မရပ္မနားအျပင္းအထန္ ႐ုန္းေနခဲ့ပါသည္။ ဆရာဝန္မ်ားမွာ roundလွည့္ေသာအခ်ိန္မွသာေရာက္ၿပီး က်န္အခ်ိန္တြင္လုံးဝေခၚမရပါ။(၂၉.၆.၂၀၂၂) ေန႔တြင္ ဆရာဝန္ round လွည့္ခ်ိန္၌ မိသားစုဝင္မ်ားမွလူနာအေျခအေနအားေမးျမန္းရာ လူနာမွာ ၅၀/၅၀ သာရွိေၾကာင္း ၅၀ဆိုသည္မွာလည္းမေသခ်ာေၾကာင္းေျပာသျဖင့္
လူနာမိသားစုဝင္မ်ားမွ အေရးေပၚလူနာအျဖစ္ေစာင့္ၾကည့္ကုသေပးရန္ေတာင္းဆိုခဲ့ပါသည္။ သို့ေသာ္ဆရာဝန္မ်ားမွ “႐ုန္းေနရင္ေကာင္းတယ္” ဟုသာျပန္ေျပာခဲ့ၿပီးမသိေက်းကၽြန္ျပဳကာေနခဲ့ၾကပါသည္။(၃၀.၆.၂၀၂၂) ေန႔မနက္အာ႐ုံထိလူနာမွာအျပင္းအထန္႐ုန္းေနရာမွၿငိမ္က်သြားၿပီး အသက္ရွုျခင္းမ်ားမူမမွန္ျဖစ္လာသည့္အတြက္
လူနာမိဘမ်ားမွ ဆရာဝန္မ်ားအားသြားေခၚရာ တာဝန္က်ဆရာဝန္ႏွင့္ Nurse မ်ားမွ “တံခါးမေခါက္နဲ႔ ဒီမွာအိပ္ေနတာ လူလိုမသိၾကဘူးလား” ဆိုၿပီးေမာက္မာရိုင္းစိုင္းစြာေျပာဆိုကာ လူနာထံသို့လုံးဝေရာက္မလာၾကပါ။မနက္ ၅:၀၀(လူနာေသဆုံးသြားေသာအခ်ိန္) မွသာလာေရာက္ၾကည့္ရွုခဲ့ၾကပါသည္။ ထို့ေနာက္”O2 74 ရွိေသးတယ္ ဘာမွမျဖစ္”ဟုေျပာရာ လူနာဖခင္မွငိုယိုေတာင္းပန္ၿပီးျပန္ၾကည့္ေပးရန္ေျပာသျဖင့္
O2 ျပန္တိုင္းရာ လူနာမွာေသဆုံးသြားၿပီး O2 တိုင္းမရေတာ့ပါ။ ေသဆုံးၿပီးေသာ္လည္း မည္သည္အတြက္ေၾကာင့္ေသရျခင္းကိုလုံးဝေမးျမန္းမရခဲ့ပါ။ ေဆးမွတ္တမ္းမ်ားအားလည္းလူနာမိသားစုအားေပးမျပခဲ့ပါ။ မင္းေနျပည္ေတာ္ရွိ ေဆး႐ုံႀကီးအတြင္းဤသို့ယုတ္ညံ့ေသာက်န္းမာေရးဝန္ထမ္းမ်ားအား အျပင္းအထန္ရွုံ႔ခ်ပါသည္။ ဆရာဝန္ဆိုတိုင္းလူနာမေသေအာင္လုပ္မေပးနိုင္ျခင္းကိုေကာင္းစြာသေဘာေပါက္ပါသည္။
သို့ေသာ္ လူနာကိုပစ္စလက္ခက္ထားၿပီး ကိုယ့္တာဝန္ကိုယ္မေက်ဘဲ စာနာစိတ္ေခါင္းပါးၿပီး အေခ်ာင္ခိုဆရာဝန္မ်ား Nurse မ်ားရွိေနသေရြ႕ ျပည္သူမ်ားမွာေနထိုင္မေကာင္းတိုင္းေဆး႐ုံမ်ားကိုရြံမုန္းေနရပါမည္။ ေဆးမွတ္တမ္းမေပးျခင္း ေသဆုံးျခင္းအေၾကာင္းအရင္းအားခိုင္ခိုင္မာမာမေျပာနိုင္ျခင္း ေမာက္မာရိုင္းစိုင္းျခင္း တာဝန္က်ခ်ိန္လူနာကိုတစ္ခ်က္မွလာမၾကည့္ဘဲအေခ်ာင္ခိုျခင္းမ်ားအတြက္ မိသားစုဝင္မ်ားမွ
ဥပေဒအရထိထိေရာက္ေရာက္ေဆာင္ရြက္သြားပါမည္။ ျပည္သူ႔တာဝန္ကိုထမ္းရြက္ေပးေနေသာအနာဂတ္ၾကယ္တစ္ပြင့္ဆုံးရွုံးရျခင္းမွာ မိသားစုဝင္မ်ားအတြက္သာမက နိုင္ငံေတာ္အတြက္ပါဆုံးရွုံးမွုႀကီးမားပါသည္။ ေနာက္ေနာင္ျပည္သူ႔ေဆး႐ုံမ်ားတြင္ ဤသို့ယုတ္ညံ့ေသာဝန္ထမ္းမ်ားေၾကာင့္ အသက္ဆုံးရွုံးရသူမ်ားမရွိပါေစရန္ ဆုေတာင္းရင္း အမ်ားျပည္သူသိရွိေစရန္ညိဳးငယ္ေသာစိတ္ျဖင့္အသိေပးအပ္ပါသည္။
MayEaindra
နေပြည်တော်ဆေးရုံမှာဖြစ်ခဲ့တဲ့ ဆရာဝန်စိတ်မရှိတဲ့ လူတွေကြောင့် သမီးဖြစ်သူအတွက် ယူကြုံးမရဖြစ်ခဲ့ရတဲ့ သနားစရာ ဖခင်
ကျွန်မ၏အစ်မဖြစ်သူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန/သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန E-Government ဌာနမှ အငယ်တန်းအင်ဂျင်နီယာ(၂) မမျိုးသန္တာနွယ် {B-Tech, B.E, M.E(EC)} သည်
(၂၈.၆.၂၀၂၂ အင်္ဂါနေ့)တွင် ဆိုင်ကယ် Accident ဖြင့် နေပြည်တော်ကုတင် (၁၀၀၀) ဆံ့ဆေးရုံ၌ ဆေးကုသမှုခံယူစဉ်အတွင်း ဦးခေါင်းထိထား၍သတိမလည်သောလူနာကို ၎င်းဆေးရုံရှိ ဦးနှောက်နှင့်အာရုံကြောတာဝန်ကျဆရာဝန်များက ဓာတ်မှန်တစ်ကြိမ်သာရိုက်ပြီး “ဘာမှမဖြစ်ဘူး သတိလည်လာလိမ့်မယ်” ဟုဆိုကာ
အရေးပေါ်ခန်းတွင်တစ်နာရီပြည့်အောင်မျှမထားဘဲ ရိုးရိုးခန်းသို့ပြောင်းရွေ့ခိုင်းခဲ့ပါသည်။ထို့နောက် ဦးခေါင်းထိဒဏ်ရာနှင့် အခြားဒဏ်ရာများအားလည်းဆေးလာလိမ်းပေးခြင်းမရှိခဲ့ပါ။ ထိုနေ့၌ပင်လူနာမှာ သတိမလည်ဘဲရုန်းခြင်းကန်ခြင်းများဖြစ်လာသဖြင့်လူနာမိသားစုမှဆရာဝန်များအားသွားခေါ်ရာ “ဘာမှမဖြစ် ရုန်းနေတာကောင်းတယ်” ဟုပြောပြီးတစ်ချက်လေးတောင်လာမကြည့်ခဲ့ပါ။
နောက်တစ်နေ့ထိလူနာမှာ မရပ်မနားအပြင်းအထန် ရုန်းနေခဲ့ပါသည်။ ဆရာဝန်များမှာ roundလှည့်သောအချိန်မှသာရောက်ပြီး ကျန်အချိန်တွင်လုံးဝခေါ်မရပါ။(၂၉.၆.၂၀၂၂) နေ့တွင် ဆရာဝန် round လှည့်ချိန်၌ မိသားစုဝင်များမှလူနာအခြေအနေအားမေးမြန်းရာ လူနာမှာ ၅၀/၅၀ သာရှိကြောင်း ၅၀ဆိုသည်မှာလည်းမသေချာကြောင်းပြောသဖြင့်
လူနာမိသားစုဝင်များမှ အရေးပေါ်လူနာအဖြစ်စောင့်ကြည့်ကုသပေးရန်တောင်းဆိုခဲ့ပါသည်။ သို့သော်ဆရာဝန်များမှ “ရုန်းနေရင်ကောင်းတယ်” ဟုသာပြန်ပြောခဲ့ပြီးမသိကျေးကျွန်ပြုကာနေခဲ့ကြပါသည်။(၃၀.၆.၂၀၂၂) နေ့မနက်အာရုံထိလူနာမှာအပြင်းအထန်ရုန်းနေရာမှငြိမ်ကျသွားပြီး အသက်ရှုခြင်းများမူမမှန်ဖြစ်လာသည့်အတွက်
လူနာမိဘများမှ ဆရာဝန်များအားသွားခေါ်ရာ တာဝန်ကျဆရာဝန်နှင့် Nurse များမှ “တံခါးမခေါက်နဲ့ ဒီမှာအိပ်နေတာ လူလိုမသိကြဘူးလား” ဆိုပြီးမောက်မာရိုင်းစိုင်းစွာပြောဆိုကာ လူနာထံသို့လုံးဝရောက်မလာကြပါ။မနက် ၅:၀၀(လူနာသေဆုံးသွားသောအချိန်) မှသာလာရောက်ကြည့်ရှုခဲ့ကြပါသည်။ ထို့နောက်”O2 74 ရှိသေးတယ် ဘာမှမဖြစ်”ဟုပြောရာ လူနာဖခင်မှငိုယိုတောင်းပန်ပြီးပြန်ကြည့်ပေးရန်ပြောသဖြင့်
O2 ပြန်တိုင်းရာ လူနာမှာသေဆုံးသွားပြီး O2 တိုင်းမရတော့ပါ။ သေဆုံးပြီးသော်လည်း မည်သည်အတွက်ကြောင့်သေရခြင်းကိုလုံးဝမေးမြန်းမရခဲ့ပါ။ ဆေးမှတ်တမ်းများအားလည်းလူနာမိသားစုအားပေးမပြခဲ့ပါ။ မင်းနေပြည်တော်ရှိ ဆေးရုံကြီးအတွင်းဤသို့ယုတ်ညံ့သောကျန်းမာရေးဝန်ထမ်းများအား အပြင်းအထန်ရှုံ့ချပါသည်။ ဆရာဝန်ဆိုတိုင်းလူနာမသေအောင်လုပ်မပေးနိုင်ခြင်းကိုကောင်းစွာသဘောပေါက်ပါသည်။
သို့သော် လူနာကိုပစ်စလက်ခက်ထားပြီး ကိုယ့်တာဝန်ကိုယ်မကျေဘဲ စာနာစိတ်ခေါင်းပါးပြီး အချောင်ခိုဆရာဝန်များ Nurse များရှိနေသရွေ့ ပြည်သူများမှာနေထိုင်မကောင်းတိုင်းဆေးရုံများကိုရွံမုန်းနေရပါမည်။ ဆေးမှတ်တမ်းမပေးခြင်း သေဆုံးခြင်းအကြောင်းအရင်းအားခိုင်ခိုင်မာမာမပြောနိုင်ခြင်း မောက်မာရိုင်းစိုင်းခြင်း တာဝန်ကျချိန်လူနာကိုတစ်ချက်မှလာမကြည့်ဘဲအချောင်ခိုခြင်းများအတွက် မိသားစုဝင်များမှ
ဥပဒေအရထိထိရောက်ရောက်ဆောင်ရွက်သွားပါမည်။ ပြည်သူ့တာဝန်ကိုထမ်းရွက်ပေးနေသောအနာဂတ်ကြယ်တစ်ပွင့်ဆုံးရှုံးရခြင်းမှာ မိသားစုဝင်များအတွက်သာမက နိုင်ငံတော်အတွက်ပါဆုံးရှုံးမှုကြီးမားပါသည်။ နောက်နောင်ပြည်သူ့ဆေးရုံများတွင် ဤသို့ယုတ်ညံ့သောဝန်ထမ်းများကြောင့် အသက်ဆုံးရှုံးရသူများမရှိပါစေရန် ဆုတောင်းရင်း အများပြည်သူသိရှိစေရန်ညိုးငယ်သောစိတ်ဖြင့်အသိပေးအပ်ပါသည်။
MayEaindra