ၾကားသိရသမွ်

အင်္ဂလန်ရဲ့ အမြင့်ဆုံးထီ ပေါက်ခဲ့ပြီးမှ အကုန်ဖြုန်းပစ်လို့ သန့်ရှင်းရေးလုပ်သား ဘဝ ပြန်ရောက်ခဲ့သူ

အင်္ဂလန်ရဲ့ အမြင့်ဆုံးထီ ပေါက်ခဲ့ပြီး အကုန်ဖြုန်းပစ်လို့ သန့်ရှင်းရေးလုပ်သား ဘဝ ပြန်ရောက်ခဲ့သူ

၂၀၀၂ ခုနှစ် အင်္ဂလန်နိုင်ငံရဲ့ အမြင့်ဆုံး ဒေါ်လာ(၁၅)သန်း ထီပေါက်ခဲ့တဲ့ Michael Carroll မစ်ချဲလ် ကာရို ဟာ အသက် (၁၉)နှစ်မှာ သန်းကြွယ် သူဌေးလေး ဖြစ်ခဲ့ပါတယ်။

ထီပေါက်တဲ့အချိန်မှာ မစ်ချယ် က သန့်ရှင်းရေး လုပ်သား တစ်ယောက် ထီပေါက်ပြီး မကြာခင် ရေကန်တစ်ခုလည်း ပါပြီး အိမ်ခန်းသုံးခန်းပါတဲ့ အိမ်ကြီးတအိမ်ကို ဝယ်လိုက်ပါတယ်။

၂၀၀၄ ခုနှစ်မှာ ဒေါ်လာတစ်သိန်းလောက်တန်တဲ့ BMW ကားအသစ်ကို နံပါတ်ပြားမတတ် – အာမခံ မဆောင်လို့ ကားမောင်းလိုင်စင် (၆)လ ပိတ်ခံရ ပါတယ်။

၂၀၀၅ မှာ အပျော်တမ်း လက်ဝှေ့လောကကို ကိုယ်တိုင်ဝင် ထိုးခဲ့ပြီး စင်အောက်က လောင်းကြေးတွေနဲ့ ထပ်ကစားခဲ့ပါတယ်။

၂၀၀၆ မှာ အရက်မူးပြီး ရမ်းကားတဲ့ အမှု (၄၂) မှု (ကားမှန်ခွဲ ဆိုင်ခန်းများဖျက်ဆီး) စွဲချက်တွေနဲ့ တရားရုံးမှာ ရင်ဆိုင် ဖြေရှင်းခဲ့ရပြီး ထောင် (၉) လ ကျခံဘို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။

၂၀၀၈ မှာ ဖက်ရှင်မယ်တွေနဲ့ တယောက်ပြီးတယောက် တွဲပြီး အရက်နဲ့ မူးယစ်ဆေး အလွန်သုံးစွဲနေတဲ့ ကာလမှာ ရင်းနှီး မြုပ်နှံတဲ့ စီးပွားရေး လုပ်ငန်းတွေ အရူံးပေါ်ခဲ့တဲ့နောက် အိမ်ကြီးကို ရောင်းပြီး တိုက်ခန်းလေးတခု မှာ ပြောင်းနေခဲ့ရပါပြီ။

၂၀၁၀ ခုနှစ်မှာ သူရဲ့ အလုပ်ဟောင်း (သန့်ရှင်းရေး) ဌာနကို မစ်ချဲလ် အလုပ် လာလျှေက်ခဲ့ပြီး သူ ထီပေါက်တဲ့ ငွေတွေအားလုံး ကုန်သွားပါပြီလို့ ဝန်ခံခဲ့ပါတယ်။

၂၀၁၂ မှာ မစ်ချဲလ် က ငွေတွေကို အမှိုက်တွေလို ပစ်သလို ပစ်မိခဲ့ကြောင်း UK သတင်းဌာနကို ဝန်ခံ ပြောဆိုခဲ့ပါတယ်။

(၂၀၁၂ ခုနှစ် ဒေါ်လာ ၁၅ သန်း ဆိုတာ အင်္ဂလန်ပေါင် ၉.၇ သန်း ဖြစ်ပါတယ်)

အဲဒီငွေတွေကို ရက်ပေါင်း ရက် (၂၉၂၀) အတွင်း အကုန် ဖြုန်းသုံးခဲ့သူ အဖြစ် သမိုင်းတွင်ခဲ့ပါတယ်။

Credit To Original Writer

Zawgyi ဖြင့် ဖတ်ရန်

အဂၤလန္ရဲ႕ အျမင့္ဆုံးထီ ေပါက္ခဲ့ၿပီး အကုန္ျဖဳန္းပစ္လို႔ သန႔္ရွင္းေရးလုပ္သား ဘဝ ျပန္ေရာက္ခဲ့သူ

၂၀၀၂ ခုႏွစ္ အဂၤလန္ႏိုင္ငံရဲ႕ အျမင့္ဆုံး ေဒၚလာ(၁၅)သန္း ထီေပါက္ခဲ့တဲ့ Michael Carroll မစ္ခ်ဲလ္ ကာ႐ို ဟာ အသက္ (၁၉)ႏွစ္မွာ သန္းႂကြယ္ သူေဌးေလး ျဖစ္ခဲ့ပါတယ္။

ထီေပါက္တဲ့အခ်ိန္မွာ မစ္ခ်ယ္ က သန႔္ရွင္းေရး လုပ္သား တစ္ေယာက္ ထီေပါက္ၿပီး မၾကာခင္ ေရကန္တစ္ခုလည္း ပါၿပီး အိမ္ခန္းသုံးခန္းပါတဲ့ အိမ္ႀကီးတအိမ္ကို ဝယ္လိုက္ပါတယ္။

၂၀၀၄ ခုႏွစ္မွာ ေဒၚလာတစ္သိန္းေလာက္ တန္တဲ့ BMW ကားအသစ္ကို နံပါတ္ျပား မတတ္ – အာမခံ မေဆာင္လို႔ ကားေမာင္းလိုင္စင္ (၆)လ ပိတ္ခံရ ပါတယ္။

၂၀၀၅ မွာ အေပ်ာ္တမ္း လက္ေဝွ႔ေလာကကို ကိုယ္တိုင္ ဝင္ထိုးခဲ့ၿပီး စင္ေအာက္က ေလာင္းေၾကးေတြနဲ႔ ထပ္ကစားခဲ့ပါတယ္။

၂၀၀၆ မွာ အရက္မူးၿပီး ရမ္းကားတဲ့ အမႈ (၄၂) မႈ (ကားမွန္ခြဲ ဆိုင္ခန္းမ်ား ဖ်က္ဆီး) စြဲခ်က္ေတြနဲ႔ တရား႐ုံးမွာ ရင္ဆိုင္ ေျဖရွင္းခဲ့ရၿပီး ေထာင္ (၉) လ က်ခံဘို႔ တရား႐ုံးက အမိန႔္ခ်ခဲ့ပါတယ္။

၂၀၀၈ မွာ ဖက္ရွင္မယ္ေတြနဲ႔ တေယာက္ၿပီးတေယာက္ တြဲၿပီး အရက္နဲ႔ မူးယစ္ေဆး အလြန္သုံးစြဲေနတဲ့ ကာလမွာ ရင္းႏွီး ျမဳပ္ႏွံတဲ့ စီးပြားေရး လုပ္ငန္းေတြ အ႐ူံးေပၚခဲ့တဲ့ေနာက္ အိမ္ႀကီးကို ေရာင္းၿပီး တိုက္ခန္းေလးတခုမွာ ေျပာင္းေနခဲ့ရပါၿပီ။

၂၀၁၀ ခုႏွစ္မွာ သူရဲ႕ အလုပ္ေဟာင္း (သန႔္ရွင္းေရး) ဌာနကို မစ္ခ်ဲလ္ အလုပ္ လာေလွ်က္ခဲ့ၿပီး သူ ထီေပါက္တဲ့ ေငြေတြအားလုံး ကုန္သြားပါၿပီလို႔ ဝန္ခံခဲ့ပါတယ္။

၂၀၁၂ မွာ မစ္ခ်ဲလ္ က ေငြေတြကို အမႈိက္ေတြလို ပစ္သလို ပစ္မိခဲ့ေၾကာင္း UK သတင္းဌာနကို ဝန္ခံ ေျပာဆိုခဲ့ပါတယ္။

(၂၀၁၂ ခုႏွစ္ ေဒၚလာ ၁၅ သန္း ဆိုတာ အဂၤလန္ေပါင္ ၉.၇ သန္း ျဖစ္ပါတယ္) အဲဒီေငြေတြကို ရက္ေပါင္း ရက္ (၂၉၂၀) အတြင္း အကုန္ ျဖဳန္းသုံးခဲ့သူ အျဖစ္ သမိုင္းတြင္ခဲ့ပါတယ္။

Credit To Original Writer