သင့်ရဲ့ဘဝမှာ သင့်ကို လိုသုံးလုပ်သွားသူတွေ တစ်ယောက်ထက်မနည်း ရှိပါလိမ့်မယ်။ လိုသုံးလုပ်သွားသူတွေက ကိုယ့်ရဲ့စိတ်ကို အနှောင့်အယှက်ပေးသူတွေပါ။ အဲဒါကြောင့် လိုသုံးလုပ်သွားသူတွေအတွက်နဲ့ စိတ်ညစ်မခံဘဲ လှလှပပ တုံ့ပြန်နိုင်မယ့် နည်းလမ်းတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
၁။ သူတို့ကို ပြဿနာ ဖြေရှင်းနည်း မပေးပါနဲ့။
သင့်ကို တကယ် ချစ်ခင်တာမဟုတ်ဘဲ လိုအပ်မှ လာသူအတွက် စိတ်အင်အား၊ လူအင်အား အပင်ပန်းမခံပါနဲ့။ သူတို့ကို ပွေ့ဖက်ပြီး အဆင်ပြေသွားမှာပါ လို့ပဲအားပေးလိုက်ပါ။
၂။ စိတ်ကျန်းမာရေး အကြံပေးထံ ခေါ်သွားပေးလိုက်ပါ။
သူတို့မှာ အမြဲ မပျော်ရွှင်နေရဘူးဆိုရင်၊ ပြဿနာကို အဆုံးမသတ်နိုင်တော့ဘူး ဆိုရင် သူတို့ကို နှစ်သိမ့်ပေးမယ့်သူ လိုအပ်နေပါပြီ။ သင့်ကို လိုသုံးလာလုပ်တဲ့အတွက် အချိန်ကုန်မခံပါနဲ့တော့။ စိတ်ကျန်းမာရေး အကြံပေးနဲ့ တိုင်ပင်ဖို့ လမ်းညွှန်ပေးလိုက်ပါ။
၃။ သင့်အတွက် အချိန်တွေကို ကန့်သတ်လိုက်ပါ။
သင့်ကို မနက်အစောကြီး ဖုန်းဆက်တာ၊ ညနောက်ကျမှ ဖုန်းဆက်တာတွေအတွက် သင်ကိုယ်တိုင် ဆုံးဖြတ်ခွင့် ရှိပါတယ်။ အပြင်မှာ လာပြောချင်တယ်ဆိုရင်တောင် သင့်မှာ အချိန်မရှိကြောင်း ငြင်းပိုင်ခွင့် ရှိပါတယ်။ လိုအပ်မှ လာသူတွေက မိတ်ဆွေကောင်းလည်း မဟုတ်ပါဘူး။
၄။ သင်မကြိုက်တာတွေကို ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ။
တချို့တွေက အလိုက်မသိဘဲ သင်မကြိုက်တာတွေကို ပြောတတ်ပါတယ်။ သူတို့လိုအပ်တိုင်း သင့်ရဲ့အချိန်တွေကို နားမလည်ဘဲ ဖုန်းတွေလည်း ဆက်တိုက်ဆက်တတ်ပါတယ်။ သင်မကြိုက်တဲ့အရာတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ပြုံးပြုံးလေးပဲ ပြောပြလိုက်ပါ။
၅။ လိုသုံးတွေနဲ့ ခပ်ဝေးဝေးနေပါ။
လိုသုံးတွေက စိတ်ရင်း မမှန်တာကြောင့် သူတို့အဆင်ပြေချိန်မှာ သင့်ကို သတိရမှာတောင် မဟုတ်ပါဘူး။ ဒါပေမယ့် တကယ် ကူညီပေးလိုက်တဲ့ သင်ကပဲ ခံစားရမှာပါ။ အဲဒါကြောင့် သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေသူတွေနဲ့ ခပ်ဝေးဝေးမှာ နေလိုက်ပါ။
၆။ သင့်ကိုယ်သင် ဂရုစိုက်ဖို့ မမေ့ပါနဲ့။
တစ်ယောက်ယောက်ကြောင့် စိတ်ထိခိုက် ခံစားနေရပြီဆိုရင် သင့်အတွက် အချိန်ပေးဖို့လည်း လိုအပ်လာပါပြီ။ အဲဒါကြောင့် ဝါသနာပါရာ တစ်ခုခုကို စိတ်နှစ်ထားလိုက်ပြီး လှလှပပနေပါ။
၇။ တည်တည်ငြိမ်ငြိမ် ဆက်ဆံပါ။
တချို့တွေက သူတို့ပဲ အရေးပါကြောင်း ကြွားလုံးထုတ်ချင် ကြပါတယ်။ သင့်ရဲ့အချိန်တွေကို ဒီလိုလူတွေက လာဖြုန်းနေရင် ဒေါသနဲ့ မဆက်ဆံသင့်ပါဘူး။ သူတို့က ချီးကျူးတာ ခံချင်တာကြောင့် အရင်ဆုံး ချီးကျူးလိုက်ပြီး နောက်မှ သင်ပြောချင်တဲ့ အကြောင်းအရာကို ပြောပါ။
၈။ အေးစက်စက်နေပါ။
သင့်ဆီကို လိုမှလာသူတွေက သူတို့ရဲ့အခက်အခဲတွေကို မရပ်တမ်း ပြောနေပါလိမ့်မယ်။ အဲဒီအခါ အဖြေကို တိုတိုပဲဖြေပြီး စိတ်မဝင်စားဟန်၊ နားမထောင်ချင်ဟန် ဆောင်လိုက်ပါ။ သင့်ဆီကနေ ဘာမှ မရနိုင်တော့မှန်း နားလည်သွားပါလိမ့်မယ်။
Zombie (Lovemedia)
for zawgyi
သင့္အေပၚ လိုသုံးလုပ္ေနသူကို အေကာင္းဆုံးတုံ႔ျပန္နည္း (၈) ခု
သင့္ရဲ႕ဘဝမွာ သင့္ကို လိုသုံးလုပ္သြားသူေတြ တစ္ေယာက္ထက္မနည္း ရွိပါလိမ့္မယ္။ လိုသုံးလုပ္သြားသူေတြက ကိုယ့္ရဲ႕စိတ္ကို အေႏွာင့္အယွက္ေပးသူေတြပါ။ အဲဒါေၾကာင့္ လိုသုံးလုပ္သြားသူေတြအတြက္နဲ႔ စိတ္ညစ္မခံဘဲ လွလွပပ တုံ႔ျပန္ႏိုင္မယ့္ နည္းလမ္းေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။
၁။ သူတို႔ကို ျပႆနာ ေျဖရွင္းနည္း မေပးပါနဲ႔။
သင့္ကို တကယ္ ခ်စ္ခင္တာမဟုတ္ဘဲ လိုအပ္မွ လာသူအတြက္ စိတ္အင္အား၊ လူအင္အား အပင္ပန္းမခံပါနဲ႔။ သူတို႔ကို ေပြ႕ဖက္ၿပီး အဆင္ေျပသြားမွာပါ လို႔ပဲအားေပးလိုက္ပါ။
၂။ စိတ္က်န္းမာေရး အႀကံေပးထံ ေခၚသြားေပးလိုက္ပါ။
သူတို႔မွာ အၿမဲ မေပ်ာ္႐ႊင္ေနရဘူးဆိုရင္၊ ျပႆနာကို အဆုံးမသတ္ႏိုင္ေတာ့ဘူး ဆိုရင္ သူတို႔ကို ႏွစ္သိမ့္ေပးမယ့္သူ လိုအပ္ေနပါၿပီ။ သင့္ကို လိုသုံးလာလုပ္တဲ့အတြက္ အခ်ိန္ကုန္မခံပါနဲ႔ေတာ့။ စိတ္က်န္းမာေရး အႀကံေပးနဲ႔ တိုင္ပင္ဖို႔ လမ္းၫႊန္ေပးလိုက္ပါ။
၃။ သင့္အတြက္ အခ်ိန္ေတြကို ကန႔္သတ္လိုက္ပါ။
သင့္ကို မနက္အေစာႀကီး ဖုန္းဆက္တာ၊ ညေနာက္က်မွ ဖုန္းဆက္တာေတြအတြက္ သင္ကိုယ္တိုင္ ဆုံးျဖတ္ခြင့္ ရွိပါတယ္။ အျပင္မွာ လာေျပာခ်င္တယ္ဆိုရင္ေတာင္ သင့္မွာ အခ်ိန္မရွိေၾကာင္း ျငင္းပိုင္ခြင့္ ရွိပါတယ္။ လိုအပ္မွ လာသူေတြက မိတ္ေဆြေကာင္းလည္း မဟုတ္ပါဘူး။
၄။ သင္မႀကိဳက္တာေတြကို ပြင့္ပြင့္လင္းလင္း ေျပာလိုက္ပါ။
တခ်ိဳ႕ေတြက အလိုက္မသိဘဲ သင္မႀကိဳက္တာေတြကို ေျပာတတ္ပါတယ္။ သူတို႔လိုအပ္တိုင္း သင့္ရဲ႕အခ်ိန္ေတြကို နားမလည္ဘဲ ဖုန္းေတြလည္း ဆက္တိုက္ဆက္တတ္ပါတယ္။ သင္မႀကိဳက္တဲ့အရာေတြကို ပြင့္ပြင့္လင္းလင္းနဲ႔ ၿပဳံးၿပဳံးေလးပဲ ေျပာျပလိုက္ပါ။
၅။ လိုသုံးေတြနဲ႔ ခပ္ေဝးေဝးေနပါ။
လိုသုံးေတြက စိတ္ရင္း မမွန္တာေၾကာင့္ သူတို႔အဆင္ေျပခ်ိန္မွာ သင့္ကို သတိရမွာေတာင္ မဟုတ္ပါဘူး။ ဒါေပမယ့္ တကယ္ ကူညီေပးလိုက္တဲ့ သင္ကပဲ ခံစားရမွာပါ။ အဲဒါေၾကာင့္ သင့္ကို စိတ္အေႏွာင့္အယွက္ ျဖစ္ေစသူေတြနဲ႔ ခပ္ေဝးေဝးမွာ ေနလိုက္ပါ။
၆။ သင့္ကိုယ္သင္ ဂ႐ုစိုက္ဖို႔ မေမ့ပါနဲ႔။ တစ္ေယာက္ေယာက္ေၾကာင့္ စိတ္ထိခိုက္ ခံစားေနရၿပီဆိုရင္ သင့္အတြက္ အခ်ိန္ေပးဖို႔လည္း လိုအပ္လာပါၿပီ။ အဲဒါေၾကာင့္ ဝါသနာပါရာ တစ္ခုခုကို စိတ္ႏွစ္ထားလိုက္ၿပီး လွလွပပေနပါ။
၇။ တည္တည္ၿငိမ္ၿငိမ္ ဆက္ဆံပါ။
တခ်ိဳ႕ေတြက သူတို႔ပဲ အေရးပါေၾကာင္း ႂကြားလုံးထုတ္ခ်င္ ၾကပါတယ္။ သင့္ရဲ႕အခ်ိန္ေတြကို ဒီလိုလူေတြက လာျဖဳန္းေနရင္ ေဒါသနဲ႔ မဆက္ဆံသင့္ပါဘူး။ သူတို႔က ခ်ီးက်ဴးတာ ခံခ်င္တာေၾကာင့္ အရင္ဆုံး ခ်ီးက်ဴးလိုက္ၿပီး ေနာက္မွ သင္ေျပာခ်င္တဲ့ အေၾကာင္းအရာကို ေျပာပါ။
၈။ ေအးစက္စက္ေနပါ။
သင့္ဆီကို လိုမွလာသူေတြက သူတို႔ရဲ႕အခက္အခဲေတြကို မရပ္တမ္း ေျပာေနပါလိမ့္မယ္။ အဲဒီအခါ အေျဖကို တိုတိုပဲေျဖၿပီး စိတ္မဝင္စားဟန္၊ နားမေထာင္ခ်င္ဟန္ ေဆာင္လိုက္ပါ။ သင့္ဆီကေန ဘာမွ မရႏိုင္ေတာ့မွန္း နားလည္သြားပါလိမ့္မယ္။
Zombie (Lovemedia)