ရော့… အမေ၊ဒီမှာပိုက်ဆံတစ်သိန်း။ သူ့မြေးလေးနဲ့ကစားနေရာက အမေမော့ကြည့်လာတယ်။ ဘာအတွက်လဲဆိုတဲ့ မေးခွန်းမျိုးနဲ့မျက်လုံးတွေနဲ့။ ဘာလုပ်ဖို့လဲသမီး။
အမေအိမ်ကိုခဏခဏမလာပါနဲ့၊ သမီးကသူများအိမ်မှာလာနေရတာ၊ ယောက္ခမတွေအမြင်ကြည်အောင်နေရတယ်။ သမီးရယ်အမေကပိုက်ဆံ လာတောင်းတာမှမဟုတ်တာ
အမေ့မြေးလေးနဲ့လဲ သမီးကတစ်လနေလို့ အိမ်တစ်ခေါက်မရောက်ဘူး။အမေ့မြေးလေးကိုလွမ်းလို့ လာတာပါသမီးရယ်။ သမီးအဖေကတားပါတယ်၊ အမေလည်းနှစ်ပတ်လောက်နေမှ
တစ်ခါလာတာလေ သမီးအဖေကလဲသူ့သမီးနဲ့ သူ့မြေးလေးကိုတွေ့ချင်နေတာ ဒါပေမယ့်သူမလိုက်ချင်လို့ သမီးကိုလာလည်ဖို့လဲပြောလိုက်ပါတယ်ကွယ်။
သမီးသိပါတယ်၊ အမေတို့ဆီကိုလဲ သမီးနှစ်လတစ်ခါလောက်လာတာပဲ။ ပိုက်ဆံလဲလာလာပေးနေတာပဲကို၊ ခုအမေပြန်ပါတော့၊ သမီးယောက်ကျားပြန်လာတော့မယ်။ အမေ့ကိုမြင်ရင် သူအမောမပြေပဲနေမယ်။
အင်းပါသမီးရယ်၊ အမေနောက်မလာတော့ပါဘူး။ သမီးတော့လာလည်ပါနော်၊ အမေသွားတော့မယ်။ ဖွားသွားတော့မယ်မြေး လိမ်လိမ်မာမာနေနော်။ မျက်ရည်တွေဝဲလျက် အသံတုန်တုန်လေးနဲ့ပြောလိုက်ပါတယ်။
ဖြောင်း ဖြောင်း ဖြောင်း ။ လက်ခုပ်သံကြားရာ လှည့်ကြည့်မိလိုက်ပါတယ်။ ရှစ်နှစ်အရွယ်ကလေး ကျမသမီးလေး၊ ပြုံးရယ်ပီးလက်ခုပ်တီးနေတာပေါ့။ ဘာတွေသဘောကျပီး လက်ခုပ်တီးတာလဲသမီးလေး။
မေမေအိုင်တင်အရမ်းကောင်းတာပဲ။ ဇာတ်လမ်းတွေထဲက မင်းတမီးကြနေရာပဲ။ မျက်နှာတွေပြောနေတာတွေကအရမ်းမိုက်ရို့။ ဖွားရောပဲမျက်ရည်လေးတွေဝဲနေတာ ဇာတ်လမ်းတွေထဲက
မင်းတမီးရီးလိုပဲ မီးသဘောကျလို့ လက်ခုပ်တီးလိုက်တာ။ကျမပါးစပ်ဟ မလို့ပဲရှိသေးသမီးလေးကကုန်းထပီး။ မေမေ… မေမေ၊ မေမေ့အိုင်တင်မီးလုပ်ပြမယ်၊ မီးလုပ်တာမေမေ့လိုကောင်းလားကြည့်ပေးနော်။
သမီးလေးက စားပွဲပေါ်ကသူ့အဖွားကိုပေးထားတဲ့ ပိုက်ဆံထုပ်လေးကိုကောက်ယူပြီး ကျမရှေ့မှာကျမလုပ်သလို လိုက်လုပ်ပြပါတယ်။ အမေပိုက်ဆံမယူသွားပါလား ကျမစဉ်းစားနေတုန်း။
မေမေမီးမီးလုပ်တာကောင်းလားဟင်။ ကျမသမီးလေးမင်းသမီးလုပ်တာ ဝါသနာပါတယ်ထင်ပြီး သမီးကိုမေးလိုက်ပါတယ်။ အရမ်းကောင်းတာပဲ၊ မေ့သမီးလေးကကြီးလာရင် မင်းသမီးလုပ်မလို့လား၊ အရမ်းတော်တာပဲ။
မင်းတမီးလုပ်မို့ဟုတ်ပါဝူးမေမေရဲ့။ ကျမအံ့သြသွားပါတယ်၊ သမီးလေးကမင်းသမီးမလုပ်ချင်ပဲ ဘာလို့ဒါကိုလုပ်ပြတာပါလိမ့်။ မီးမီးကြီးလာလို့ မေမေ့အရွယ်ရောက်ရင် မေမေဖွားဖွားးကိုပြောသလိုမျိုး
မီးမီးကပြန်လုပ်ရမှာလေ၊ အဲ့အခါကျရင် မေမေ့လိုအိုင်တင်လေးကိုကြိုက်ရို့ မီးမီးကကျင့်ထားကြည့်တာ။ မေမေလဲဖွားဖွားလိုကျင့်ထားနော်၊ ဖွားဖွားမျက်ရည်လေးဝဲနေတဲ့အိုင်တင် အရမ်းကောင်းတယ်သိလား။
သမီးစကားတွေ ကျမဆက်နားမထောင်ရဲတော့ပါ။ ကျမမှားပြီ၊ ကျမမေမေ့ကို စော်ကားမိလိုက်ပြီ။ ကျမကိုသမီးလေး အခုလိုပြောတော့၊ ကျမ… ကျမဒီလောက် ခံစားသွားရရင်၊ အမေ… အမေအမေရေ။
ကျမသမီးကိုသတိမရတော့ပါဘူး။ ကျမမျက်ရည်တွေကြားကနေ အိမ်ထဲကပြေးထွက်သွားမိတယ်။ ကျမကျမအမေ့နောက်ကိုလိုက်တာပါ။
ကျမအမေ့ကိုတွေ့ပါပြီ။ အမေလို့ကျမအကျယ်ကြီးလှမ်းအော်လိုက်မိတယ်။ အမေလှည့်ကြည့်လာတယ်။ ကျမအမေ့နားကိုပြေးသွားတော့ ဟင်… အမေ၊ အမေငိုနေတယ်။ ဟင့်အင်း။
ကျမမှားပြီ၊ ကျမအမေ့ရှေ့မှာ ဒူးးထောက်လို့လက်အုပ်ချီလိုက်ပါတယ်။သမီး… သမီးမှားပါတယ်အမေရယ်၊ သမီးကိုခွင့်လွှတ်ပါအမေရယ်၊ သမီးအမေ့ကိုစော်ကားမိပြီ။
အမေ့ရဲ့ချစ်ခြင်းမေတ္တာတရားတွေကို စော်ကားမိပြီ၊ သမီးကိုခွင့်လွှတ်ပါအမေရယ်။ သမီးအိမ်ကိုအားတိုင်းလာလည်ပါ့မယ်။ အမေလည်းလာလည်ပါနော်။ သမီးကိုသမီးကိုခွင့်လွှတ်ပါအမေရယ်။
ခွင့်လွှတ်ပါတယ်သမီးရယ်။ ထပါ၊သမီးကိုလူတွေကြည့်နေတယ်ထထ။ အမေကျမကိုဆွဲထူလိုက်တယ်။ ကျမမျက်ရည်တွေကိုသုပ်ပေးတယ်။ ကျမလဲအမေ့မျက်ရည်တွေကို သုပ်ပေးပီးအမေ့ကိုတအားဖက်လိုက်ပါတယ်။
တကယ်တော့… မိဘဆိုတာ သက်ရှိဘုရားဆိုတာ ကျမသိလိုက်ပါပြီအမေရယ်။ ကဲသူငယ်ချင်းးတို့ရေ အဲ့တာမျိုးတွေတကယ်ရှိတယ်နော်၊ ဝဋ်ဆိုတာလည်တက်တယ်။ မိဘတွေကသာအပြစ်မယူတာ ငရဲကမနေပါဘူး။
တကယ်တော့မိဘဆိုတာ သူတို့ထမင်းမစားရရင်နေပါစေ သူတို့မဝရင်နေပါစေ၊ သူတို့အဝတ်ကောင်းမဝတ်ရရင်နေပါစေ၊ သူတို့ရဲ့သားသမီးလေးတွေကိုကျတော့ အများနဲ့တန်းတူပူဆာသမျှ ဖြည့်ဆည်းပေးတဲ့သူတွေပါ။
အဲ့တော့မိဘတွေကို ကိုယ်ချင်းစာပါ။ ကိုယ်တိုင်မိဘနေရာရောက်ရင်ဆိုတဲ့ ခံစားချက်လေးတွေနဲပေါ့။ မိဘကျေးဇူးဆိုတာပြောရင်မကုန်ပါဘူး။ ကျေးဇူးမဆက်ချင်နေပါ၊ ကျေးဇူးတော့မကန်းကြပါနဲ့။
မိဘတို့ရဲ့ရင်ထဲမှာ သိပ်ကိုရင်နှင့်မဆံ့အောင်ခံစားရပါတယ်။
Credit.