အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
Credit
Unicode
သူဋ္ဌေးမှ မွေးထားသည့် လိပ်ကလေးတစ်ကောင်ကို နေ့စဉ်သန့်ရှင်းရေးလုပ်ပေးခြင်းဖြင့် တစ်လလျှင် ဒေါ်လာ၂၇၀၀ အထိ ဝင်ငွေရရှိနေသည့် လူငယ်တစ်ဦး
ဘဝရှင်သန်ရပ်တည်နိုင်ရေးအတွက် လူတိုင်းဟာ အလုပ်အကိုင်များကို လုပ်ကိုင်ရပြီး အချို့ဟာ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ရသော်လည်း
အချို့သည် သက်သောင့်သက်သာရှိစွာလုပ်ကိုင်ကြရတာဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် အလုပ်များစွာရှိသည့်အထဲမှ
လူအများစုဟာ ထိုင်ဝမ်နိုင်ငံမှ လူငယ်လေး၏ အလုပ်အကြောင်းကိုသိရလျှင် အားကျနေမှာဖြစ် သေချာပါတယ်။
ထိုင်ဝမ်နိုင်ငံမှ အမျိုးသား၏ အလုပ်ဟာ သူ၏သူဋ္ဌေးဖြစ်သူမွေးမြူထားသည့် လိပ်ကလေးတစ်ကောင်ကို နေ့စဉ် သန့်ရှင်းရေးပြုလုပ်ပြီး ဂရုစိုက်ပေးရတာဖြစ်ပါတယ်။
လိပ်ကလေးကို ခြစ်ရာထင်းရာမရှိစေရဘဲ အမြဲဂရုစိုက်ပေးရပြီး မည်သည့်နေရာတွင်မှ အညစ်အကြေးမရှိစေရန် သန့်ရှင်းပေးရတာဖြစ်ပါတယ်။
ထို့ကဲ့သို့နေစဉ်လုပ်ပေးရခြင်းဖြင့် ကောင်လေးဟာ တစ်လကိုဝင်ငွေ အမေရိကန်ဒေါ်လာ ၂၇၁၄အထိကို ရရှိနေတာဖြစ်ပါတယ်။
Credit