တရားတော်

ခင်ပွန်းကြီးဆယ်ပါး ပြစ်မှားရင် ဘာတွေ ဖြစ်မလဲ ဘယ်လို တောင်းပန်ရမလဲ?





















Unicode

ခင်ပွန်းကြီးဆယ်ပါး ပြစ်မှားရင် ဘာတွေ ဖြစ်မလဲ ဘယ်လို တောင်းပန်ရမလဲ?

“ခင်ပွန်းကြီး ( ၁၀ ) ပါးအား ဝန်ချ ကန်တော့ရန်” ( အကျဉ်း ) ( နေ့စဉ်ရွတ်သင့်သည် )

( ၁ ) သဗ္ဗညုတ ဘုရားရှင်များ တို့၏ အပေါ်၌ လည်းကောင်း ၊

( ၂ ) ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ အပေါ်၌ လည်းကောင်း ၊

( ၃ ) အဂ္ဂသာဝက အရှင်မြတ်များ အပေါ်၌ လည်းကောင်း ၊

( ၄ ) ရဟန္တာအရှင်မြတ် များတို့ အပေါ်၌ လည်ကောင်း ၊

( ၅ ) ပစ္စုပ္ပန်၌ တော်စပ်သော မိခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော မိခင်များ အပေါ်၌ လည်းကောင်း ၊

( ၆ ) ပစ္စုပ္ပန်၌ တော်စပ်သော ဖခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော ဖခင်များအပေါ်၌ လည်းကောင်း ၊

( ၇ ) တရားအသိထူး ရအောင် ဟောပြောပေးကြသော လောကုတ္တရာ ဆရာသမားများ အပေါ်၌လည်းကောင်း ၊

( ၈ ) သီလဝန္တသူတော်စင် ( အလေးဂရုပြုထိုက်သူ )အပေါ်၌ လည်းကောင်း ၊

( ၉ ) လောကီပညာများကို သင်ကြားပေးကြ ကုန်သော ဆရာသမားများ အပေါ်၌ လည်းကောင်း ၊

( ၁၀ ) မိမိတို့အခက်အခဲ ရှိစဉ်က စားဝတ်နေရေး စောင့်ရှောက် ပေးဖူးကုန် ကြသော ကျေးဇူးရှင်တို့အားလည်းကောင်း ၊

ဤခင်ပွန်းကြီး ဆယ်ပါးတို့ အပေါ်၌ ဘုရား တပည့်တော်သည် ပစ္စုပ္ပန်ဘဝ ၌လည်းကောင်း ၊သံသရာဘဝ၌၎င်း ၊ သိ၍ဖြစ်စေ ၊ မသိ၍ဖြစ်စေ

ကာယကံ၊ဝစီကံ ၊ မနောကံတို့တွင် တစ်ပါးပါး သောကံတို့ဖြင့် ပြစ်မှား ၊ ကျူးလွန် ၊ ကြံစည်ပြုလုပ်မိခြင်းကို သိရှိ နားလည်စွာဖြင့် ဝန်ခံပါ၏ ၊ ဝန်ချပါ၏၊ တောင်းပန်ပါ၏ ၊ ကန်တော့ပါ၏ ။

ဤကုသိုလ်စေတနာကြောင့် ဆိုးကျိုးပေးဆဲ ၊ ဆိုးကျိုး ပေးလတ္တံ့သော အကုသိုလ်မှန်သမျှ အနန္တတို့သည် ပိန်ကြာ ဖက်တွင် ရေမတင် လျှောကျ ဘိသကဲသို့ ကင်းစင်လွင့်ပျောက် မထိရောက်တော့ဘဲ ကောင်းကျိုးအနန္တ ဖြစ်ထွန်း ရပါလို၏ မြတ်စွာဘုရား။

( ၃-ကြိမ် ) ကောင်းကျိုးအနန္တ ဖြစ်ထွန်းရ၍ အားထုတ်ဆဲ၊ အား ထုတ်လတ္တံ့ဖြစ်သော ဒါန၊ သီလ၊ စေတနာကံနှင့်တကွ ဝိပဿ နာဉာဏ်သည် မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ မြတ်စွာဘုရား…

မှတ်ချက်- လောကမှာ ဤမပြစ်မှားထိုက်တဲ့ ခင်ပွန်းကြီး( ၁၀ )ပါးကို ပြစ်မှားမိပါက ဘေးအတန်တန်၊ ရန်အသွယ်သွယ်ဖြစ်တတ်ပြီး စီးပွားရေးပျက်ဆီးခြင်း၊ တရားအားထုတ်ပေမယ့် တရားရခါ နီးမှာ အထိတ်တလန့်ဖြစ်၍ ရင်တမောမောဖြစ်နေပြီးတရား မရဘဲ ဖြစ်နေတတ်တယ် ။

မဂ်တား ၊ ဖိုလ်တား ၊ အန္တရယ်မှန်သမျှ ကင်းဝေးစေရန် စိတ်သန်၍ နေ့စဉ်ရွတ်ဖတ်ခြင်း တရားအား ထုတ်ခါနီးရွတ်ဖတ်ခြင်းကြောင့် တစ်ပါးသောပုဂ္ဂိုလ်တို့ အန္တရာယ်ပြုခြင်းမှ ကင်းဝေးစေကြောင်း မေတ္တာလောင်း၍ ရှေ့အရိယာသူတော်တို့ မိန့်တော်မူခဲ့ပါသည်။

“သောကခပ်သိမ်း ငြိမ်းအေးကြပါစေ… မင်္ဂလာရှိသော နေ့ရက်တိုင်းကို ကုသိုလ်များဖြင့် ဖြတ်သန်းနိုင်ကြပါစေ”…

Credit: Myanmarlatest news