လောဘကြီးရင် အလိမ်ခံရတတ်၏ (သတိရှိကြစေဖို့)
တစ်နေ့ထက်တစ်နေ့ မရိုးရအောင် တိုးတက်လာသော လိမ်နည်းများးး
ဒီနေ့ သားအငယ်ရဲ့ဖုန်းထဲကို
wave money 8သိန်း ဝင်ခဲ့တယ်။
အကုန် လန့်သွားကြတာပေါ့။
ကျမစိတ်ထင်တာက တစ်ယောက်ယောက်က
ဖုန်းနံပါတ် မှားပို့မိတာ ဖြစ်လိမ့်မယ် ထင်ခဲ့တာ။
ပို့တဲ့ဖုန်းကို ပြန်ခေါ်ကြည့်လိုက်တယ်။ ပိုက်ဆံ မှားပို့မိကြောင်း ပြောချင်လို့ပါ။
သားငယ်ဖုန်းက Bill (ဘေ) ကုန်နေလို့ ကျမ ဖုန်းနဲ့ ခေါ်လိုက်တယ်။ ဖုန်းကိုင်ပါတယ်။ လူငယ်အသံလေးပါ။
ကျမကလည်း သားငယ်ဖုန်းထဲ ပိုက်ဆံ ၈သိန်း ဝင်လာကြောင်း၊ဖုန်းနံပါတ် မှားပို့မိတာလား မေးတော့ … အန်တီ မွေးနေ့အတွက်စပရိုက် (Suprise) ပါတဲ့။
ဟုတ်ပါပြီ ဒါဆိုရင် ထုတ်ရမဲ့ pw (ပတ်စဝါ့) က ဘာလဲဆိုတော့ pw ရဖို့အတွက် အန်တီတို့ member ဝင်ရမယ်တဲ့။
အဲ့ဒါနဲ့ ကျမ ချက်ချင်း သိလိုက်ပါတယ်။ လိမ်ဖို့ ကြိုးစားနေတယ် ဆိုတာကိုပါ။
ကျေးဇူးပါ သားရေ ဆိုပြီး ဖုန်းပါ ဘလော့လိုက်ပါတယ်။
နောက်မကြာဘူး။ နောက်ထပ် နံပါတ်တစ်ခုနဲ့ ၆သိန်း ထပ်ပို့ပါတယ်။ သားငယ် ဖုန်းဆက်ကြည့်လိုက်တော့ member ကြေး ၂၅၀၀၀ သွင်းရင်
pw ရပါမယ်တဲ့။
ကဲ … ဒီလောကကြီးမှာ တခြားလို ရှာစားလို့ မရတော့ဘူးလား။
တကယ်လို့များ မသိနားမလည်တဲ့သူတွေကို သွားလုပ်တယ်ဆိုရင်
ပိုက်ဆံ လိမ်ခံထိတော့မှာ အသေအချာပါပဲ။
ဒီအကြောင်းအရာလေးကို အရင်က ကြားဖူးပေမဲ့ ခုမှ ကိုယ်တွေ့ ကြုံရတာမို့ သူငယ်ချင်း အပေါင်းအသင်းတွေကိုလည်း သတိထားစေချင်လို့ပါ။
သူငယ်ချင်းတွေရဲ့ သူငယ်ချင်းတွေကိုလည်း လက်ဆင့်ကမ်းပေးကြပါနော်။
ဒီနေ့ ပိုက်ဆံ ၁၄ သိန်း ဝင်တယ် … 😁😁 😁 😁 😁ရေထဲ အရုပ်ရေးသလိုပေါ့။
Credit
Zawgyi ဖြင့်ဖတ်ရန်
ေလာဘႀကီးရင္ အလိမ္ခံရတတ္၏ (သတိရွိၾကေစဖို႔)
တစ္ေန႔ထက္တစ္ေန႔ မ႐ိုးရေအာင္ တိုးတက္လာေသာ လိမ္နည္းမ်ားးး
ဒီေန႔ သားအငယ္ရဲ႕ဖုန္းထဲကို
wave money 8သိန္း ဝင္ခဲ့တယ္။
အကုန္ လန္႔သြားၾကတာေပါ့။
က်မစိတ္ထင္တာက တစ္ေယာက္ေယာက္က
ဖုန္းနံပါတ္ မွားပို႔မိတာ ျဖစ္လိမ့္မယ္ ထင္ခဲ့တာ။
ပို႔တဲ့ဖုန္းကို ျပန္ေခၚၾကည့္လိုက္တယ္။ ပိုက္ဆံ မွားပို႔မိေၾကာင္း
ေျပာခ်င္လို႔ပါ။
သားငယ္ဖုန္းက Bill (ေဘ) ကုန္ေနလို႔
က်မ ဖုန္းနဲ႔ ေခၚလိုက္တယ္။ ဖုန္းကိုင္ပါတယ္။ လူငယ္အသံေလးပါ။
က်မကလည္း သားငယ္ဖုန္းထဲ ပိုက္ဆံ ၈သိန္း ဝင္လာေၾကာင္း၊
ဖုန္းနံပါတ္ မွားပို႔မိတာလား ေမးေတာ့ … အန္တီ ေမြးေန႔အတြက္
စပ႐ိုက္ (Suprise) ပါတဲ့။
ဟုတ္ပါၿပီ ဒါဆိုရင္ ထုတ္ရမဲ့ pw (ပတ္စဝါ့) က ဘာလဲဆိုေတာ့ pw ရဖို႔အတြက္ အန္တီတို႔ member ဝင္ရမယ္တဲ့။
အဲ့ဒါနဲ႔ က်မ ခ်က္ခ်င္း သိလိုက္ပါတယ္။ လိမ္ဖို႔ ႀကိဳးစားေနတယ္
ဆိုတာကိုပါ။
ေက်းဇူးပါ သားေရ ဆိုၿပီး
ဖုန္းပါ ဘေလာ့လိုက္ပါတယ္။
ေနာက္မၾကာဘူး။ ေနာက္ထပ္ နံပါတ္တစ္ခုနဲ႔ ၆သိန္း ထပ္ပို႔ပါတယ္။
သားငယ္ ဖုန္းဆက္ၾကည့္လိုက္ေတာ့
member ေၾကး ၂၅၀၀၀ သြင္းရင္
pw ရပါမယ္တဲ့။
ကဲ … ဒီေလာကႀကီးမွာ တျခားလို ရွာစားလို႔ မရေတာ့ဘူးလား။
တကယ္လို႔မ်ား မသိနားမလည္တဲ့သူေတြကို သြားလုပ္တယ္ဆိုရင္
ပိုက္ဆံ လိမ္ခံထိေတာ့မွာ အေသအခ်ာပါပဲ။
ဒီအေၾကာင္းအရာေလးကို အရင္က ၾကားဖူးေပမဲ့ ခုမွ ကိုယ္ေတြ႕ ႀကဳံရတာမို႔ သူငယ္ခ်င္း အေပါင္းအသင္းေတြကိုလည္း သတိထားေစခ်င္လို႔ပါ။
သူငယ္ခ်င္းေတြရဲ႕ သူငယ္ခ်င္းေတြကိုလည္း လက္ဆင့္ကမ္းေပးၾကပါေနာ္။
ဒီေန႔ ပိုက္ဆံ ၁၄ သိန္း ဝင္တယ္ … 😁😁 😁 😁 😁
ေရထဲ အ႐ုပ္ေရးသလိုေပါ့။
Credit