ဗဟုသုတ

ဧရာမကြက်ဥတစ်လုံးထဲမှာ နောက်ထပ်အခြားကြက်ဥတစ်လုံးတွေ့ခဲ့ရလို့ အံ့အားသင့်ခဲ့ရတဲ့ ကြက်ခြံပိုင်ရှင်

Unicode

သြစတြေးလျနိုင်ငံမှာ နေထိုင်လျက်ရှိတဲ့ ကြက်ခြံပိုင်ရှင်တစ်ဦးကတော့ သူ့ရဲ့လက်လောက်အရွယ်အစားရှိတဲ့ ကြက်ဥတစ်လုံးကို တွေ့လိုက်ရလို့

အတော်လေးအံ့အားသင့်ခဲ့ရပါတယ် ။ Scott Stockman အမည်ရှိတဲ့ ကြက်ခြံပိုင်ရှင်ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးလို့သတ်မှတ်ရလောက်တဲ့ ကြက်ဥကို Zippy အမည်ရှိတဲ့ ကြက်ဥကောက်သမားက လာရောက်အပ်နှံခဲ့တာပါ ။

အဆိုပါကြက်ဥရဲ့ အလေးချိန်မှာ 176 gရှိပြီး ၊အခြားကြက်ဥတွေရဲ့အရွယ်အစားထက် 3ဆခန့်ကြီးနေကြောင်းသိရှိရပါတယ် ။

အဆိုပါကြက်ဥကိုတွေ့ရှိတော့ အခြားအလုပ်သမားတွေလည်း ထူးဆန်းလို့ အကုန်လုံးဝိုင်အုံကြည့်ခဲ့ကြပါတယ် ။ထို့နောက်

အဆိုပါကြက်ဥကိုဖောက်ခဲ့ချိန်မှာတော့အထဲမှာနောက်ထပ်ကြက်ဥတစ်လုံးရှိနေတာကို မယုံကြည်နိုင်လောက်အောင် ထပ်မံတွေ့ရှိခဲ့ရပြန်ပါတယ် ။ ဒီလိုဖြစ်ရပ်မျိုးဟာ တစ်သက်မှာတစ်ခါကြုံတွေ့ဖို့ မလွယ်ကူနိုင်တဲ့ဖြစ်ရပ်မျိုးပါ ။

အဆိုပါကြက်ခြံမှာ ကြက်အကောင်ရေပေါင်း 3000 ခန့်ရှိလို့ ဘယ်ကြက်မကဥခဲ့တာလည်းဆိုတာကိုမသိနိုင်ခဲ့ပါဘူး ။

အဆိုပါကြက်ဥဟာစားသောက်လို့ရကြောင်း ၊ မည်သည့်ဆိုးကျိုးမျှမရှိကြောင်းလည်း ဖော်ပြသွားခဲ့ပါတယ် ။

Crd

Zawgyi

ၾသစေၾတးလ်ႏိုင္ငံမွာ ေနထိုင္လ်က္ရွိတဲ့ ၾကက္ၿခံပိုင္ရွင္တစ္ဦးကေတာ့ သူ႔ရဲ႕လက္ေလာက္အ႐ြယ္အစားရွိတဲ့ ၾကက္ဥတစ္လုံးကို ေတြ႕လိုက္ရလို႔

အေတာ္ေလးအံ့အားသင့္ခဲ့ရပါတယ္ ။ Scott Stockman အမည္ရွိတဲ့ ၾကက္ၿခံပိုင္ရွင္ဟာ ကမာၻေပၚမွာ အႀကီးဆုံးလို႔သတ္မွတ္ရေလာက္တဲ့ ၾကက္ဥကို Zippy အမည္ရွိတဲ့ ၾကက္ဥေကာက္သမားက လာေရာက္အပ္ႏွံခဲ့တာပါ ။

အဆိုပါၾကက္ဥရဲ႕ အေလးခ်ိန္မွာ 176 gရွိၿပီး ၊အျခားၾကက္ဥေတြရဲ႕အ႐ြယ္အစားထက္ 3ဆခန႔္ႀကီးေနေၾကာင္းသိရွိရပါတယ္ ။

အဆိုပါၾကက္ဥကိုေတြ႕ရွိေတာ့ အျခားအလုပ္သမားေတြလည္း ထူးဆန္းလို႔ အကုန္လုံးဝိုင္အုံၾကည့္ခဲ့ၾကပါတယ္ ။ထို႔ေနာက္

အဆိုပါၾကက္ဥကိုေဖာက္ခဲ့ခ်ိန္မွာေတာ့အထဲမွာေနာက္ထပ္ၾကက္ဥတစ္လုံးရွိေနတာကို မယုံၾကည္ႏိုင္ေလာက္ေအာင္ ထပ္မံေတြ႕ရွိခဲ့ရျပန္ပါတယ္ ။ ဒီလိုျဖစ္ရပ္မ်ိဳးဟာ တစ္သက္မွာတစ္ခါႀကဳံေတြ႕ဖို႔ မလြယ္ကူႏိုင္တဲ့ျဖစ္ရပ္မ်ိဳးပါ ။

အဆိုပါၾကက္ၿခံမွာ ၾကက္အေကာင္ေရေပါင္း 3000 ခန႔္ရွိလို႔ ဘယ္ၾကက္မကဥခဲ့တာလည္းဆိုတာကိုမသိႏိုင္ခဲ့ပါဘူး ။

အဆိုပါၾကက္ဥဟာစားေသာက္လို႔ရေၾကာင္း ၊ မည္သည့္ဆိုးက်ိဳးမွ်မရွိေၾကာင္းလည္း ေဖာ္ျပသြားခဲ့ပါတယ္ ။

Crd