ဗဟုသုတ

ပန်းကန်ထိုင်ဆေးနေတဲ့ဓာတ်ပုံကြောင့် နာမည်ကျော်ကြားခဲ့ပြီး ကောင်လေးဆီမှ တန်ဖိုးကြီးတဲ့ ကားတစ်စီးကို ရရှိခဲ့တဲ့ ကောင်မလေး

ပန်းကန်ထိုင်ဆေးနေတဲ့ဓာတ်ပုံကြောင့် နာမည်ကျော်ကြားခဲ့ပြီး ကောင်လေးဆီမှ တန်ဖိုးကြီးတဲ့ ကားတစ်စီးကို ရရှိခဲ့တဲ့ ကောင်မလေး

Vu Thi Thuy Duong အမည်ရှိ မိန်းကလေးငယ်ဟာ ဗီယက်နမ်နိုင်ငံ Hai Duong ဇာတိမြို့မှာ မွေးဖွားခဲ့ပြီး သူမရဲ့ ရုတ်တရက်ကျော်ကြားမှုနဲ့ ပတ်သက်ပြီး အလွန်အံ့သြသွားခဲ့ရပါတယ် ။ သူမဟာ သူမရည်းစားရဲ့ ဇာတိမြို့ကို သွားလည်တဲ့နေ့မှာ တစ်မိသားစုလုံးကအလုပ်များနေတာကြောင့် စားပြီးတဲ့ ပန်းကန်တွေ ပုံထားခဲ့ကြပါတယ် ။ ထိုပန်းကန်းများကိုမြင်ပြီး သူမက ထိုင်ပြီးပန်းကန်ဆေးရန်ကူညီခဲ့ရာကနေ သူမရဲ့ ပန်းကန်ထိုင်ဆေးနေတဲ့ပုံကြောင့် ကျော်ကြားသွားခဲ့ပါတယ် ။ ထိုအချိန်က အွန်လိုင်းအသိုင်းအဝိုင်းမှာ Thuy Duong ရဲ့ ချစ်စဖွယ်အသွင်အပြင်နဲ့ပတ်သက်ပြီး ချီးကျူးစကားများစွာ ပြောကြားခဲ့ပါတယ် ။ အဲ့ဒီကနေစပြီး သူမဟာ အဝတ်စတိုးဆိုင်တွေအတွက် မော်ဒယ်လုပ်ပြီး အလှကုန်အမှတ်တံဆိပ်များစွာအတွက်ကြော်ငြာလုပ်ခဲ့ပါတယ် ။

မကြာသေးမီကဘဲ “ ပန်းကန်ဆေးတဲ့မိန်းကလေး” ဟာ သူမရဲ့ ချစ်သူဆီမှ ဒေါင် ၇ ဘီလီယံကျော် တန်ဖိုးရှိသော ဇိမ်ခံကားတစ်စီးကို လက်ဆောင်ရရှိတဲ့အခါ သူမအရမ်းပျော်သွားခဲ့ပါတယ် ။ ဒါဟာလက်ထပ်မယ့်အခါသမယမှာ Thuy Duong ချစ်သူရဲ့မိသားစုက မင်္ဂလာလက်ဆောင်တစ်ခု ဖြစ်ပါတယ် ။ Thuy Duong ရဲ့ကောင်လေးက သူမထက်အများကြီး အသက်ကြီးတဲ့အတွက် အလွန်ရင့်ကျက်ပြီး သူမအပေါ် အပြည့်အဝနားလည်းပေးနိုင်တယ်လို့ ပြောပါတယ် ။ သူတို့နှစ်ယောက်ရဲ့အချစ်ကို မိသားစုတွေ သဘောတူကြပါတယ် ။ သူတို့လက်ထပ်ဖို့စီစဥ်ခဲ့ပေမဲ့ ရောဂါကြောင့် မင်္ဂလာပွဲရွှေ့ဆိုင်းခဲ့က့ါတယ် ။

လက်ရှိမှာ Thuy Duong ရဲ့အချစ်ဇာတ်လမ်းများနဲ့ အံ့သြဖွယ်ကောင်းတဲ့ မင်္ဂလာလက်ဆောင်များကို ဝေမျှခြင်းကြောင့် netizen များထံမှ များစွာအာရုံစိုက်ခြင်းကို ခံနေရဆဲဖြစ်ပါတယ် ။ အမှန်တော့ သူမဟာ သူမချစ်သူရဲ့မိသားစုတစ်စုလုံးဆီမှ အချစ်ခံရပြီး သူမအရမ်းကံကောင်းခဲ့ပါတယ် ။ ဘာကြောင့်လဲဆိုတော့ Thuy Duong လိုလှပတဲ့ကောင်မလေးဟာ ဒီလိုပန်းကန်တွေကိုထိုင်နိုင်တဲ့ သူမရဲ့စိတ်အဆင့်က သူမဟာ အတော်လေးအလုပ်ကြိုးစားတဲ့ ကောင်မလေးဆိုတာ နားလည်နိုင်ပါတယ် ။

credit

Zawgyi





credit