စာမေးပွဲ လာဖြေသည့် ကျောင်းသားလေး၏ ဘောပင်ကို မြင်တွေ့လိုက်ရသောအခါ မျက်ရည်ကျသည်အထိ ဝမ်းနည်းသွားခဲ့ရသည့် ဆရာမ
ဆရာ ဆရာမတို့ဆိုသည်မှာလည်း မိမိတို့၏ တပည့်ကျောင်းသားကျောင်းသူလေးတွေကို သားသမီးလေးတွေပမာ ပြုစုစောင့်ရှောက်ပေးနေသူများဖြစ်သည်။
တပည့်လေးများအနေဖြင့် လမ်းမှားမရောက်ဘဲ ယဉ်ကျေးလိမ္မာသော သားကောင်ရတနာလေးများအနေဖြင့် ပညာကိုကြိုးစားသင်ယူရင်းပညာတတ်ကြီးဖြစ်စေလိုသူများဖြစ်ပါတယ်။
ယခုတွင်လည်း ဆရာမ Maricor Baculantaဆရာမတစ်ဦးဟာ စာမေးပွဲခန်းထဲတွင် မျက်ရည်ကျသည်အထိ ဝမ်းနည်းခဲ့ရပုံကို ပြောပြခဲ့ပါတယ်။
အကြောင်းကတော့ ဆရာမ၏ ၂တန်းကျောင်းသား တပည့်လေးတစ်ဦးဟာ စာမေးပွဲဖြေဆိုစဉ် အသုံးပြုခဲ့သော ဘောပင်လေးကြောင့်ဖြစ်ပါတယ်။
ကျောင်းသားလေးဟာ ဘောပင်မဝယ်နိုင်သောကြောင့် သစ်သားဖြင့်မှင်စံလေးကို ညှပ်ပြီး သရေကွင်းလေးဖြင့် စီးထားခဲ့တာဖြစ်ပါတယ်။
ထို့ကြောင့်ဆရာမလေးဟာ ကျောင်းသားငယ်လေးကို ဘောပင်အသစ်တစ်ချောင်းချက်ချင်းပေးဆောင်ခဲ့ပြီး တပည့်လေး၏အဖြစ်ကြောင့် စိတ်မကောင်းဖြစ်နေရပါတယ်။
credit
credit