အောက်တိုဘာလ ၁၀ ရက်နေ့ညနေပိုင်းက တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ Asia Song Festival 2020 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ပါဝင်ဖျော်ဖြေခဲ့တဲ့ Project K အဖွဲ့အနေနဲ့ ရွှေတိဂုံစေတီတော် ပုံရိပ်ကို နင်းပြီး ဖျော်ဖြေတင်ဆက်ထားမှုအပေါ် လူမှု
ကွန်ယက်စာမျက်နှာပေါ်က ဗုဒ္ဓဘာသာဝင် ပရိသတ်တွေအနေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့ကြပါတယ်
Project K အဖွဲ့ဝင် ဘုန်းနေလင်းကတော့ ပရိသတ်ကြီးကိုခွင့်လွှတ်ကြဖို့တောင်းပန်ခဲ့ပါတယ်။ ဘုန်းနေလင်းက “နားလည် ခွင့်လွှတ် ပေးနိူင်မယ်လို့ မျှော်လင့်ပါတယ်ဗျ 🙏🙏🙏
ကျွန်တော်တို့ အကောငိးဆုံး ကြိုးစားတင်ဆက်ခဲ့တာပါပဲ မထင်မှတ်တဲ့ ဖြစ်ရပ်တွေအတွက် တောင်းပန်ရင်း ဆက်ကြိုးစားသွားပါ့
မယ်” ဆိုပြီး တောင်းပန်ထားတာပဲဖြစ်ပါတယ်။ Project K တစ်ဖွဲ့လုံးကလဲ ဒီပြသနာကြီးနဲ့ပတ်သက်ပြီး ဖြေရှင်းတောင်းပန်ထားကြပါသေးတယ်။
Project K အဖွဲ့ဟာ လူငယ်ကောင်လေး(၇) ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့အဖွဲ့ဟာ ၂၀၁၆ခုနှစ်က ကိုရီးယာနိုင်ငံတွင် ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိ Project K အဖွဲ့ဟာ ပြီးခဲ့သော လပိုင်း
လောက် The Beginning ဆိုတဲ့ တေးအယ်လ်ဘမ်ကို ထွက်ရှိထားပါသေးတယ်။ Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်နဲ့ မင်းခန့်ဟိန်းတို့ပါဝင်ပါတယ်
Swelsone News
——————–
ေအာက္တိုဘာလ ၁၀ ရက္ေန႔ညေနပိုင္းက ေတာင္ကိုရီးယားနိုင္ငံမွာ က်င္းပျပဳလုပ္ခဲ့တဲ့ Asia Song Festival 2020 မွာ ျမန္မာနိုင္ငံ ကိုယ္စားျပဳအေနနဲ႔ပါဝင္ေဖ်ာ္ေျဖခဲ့တဲ့ Project K အဖြဲ႕အေနနဲ႔ ေရႊတိဂုံေစတီေတာ္ ပုံရိပ္ကို နင္းၿပီး ေဖ်ာ္ေျဖတင္ဆက္ထားမႈအေပၚ လူမႈကြန္ယက္စာမ်က္ႏွာေပၚက ဗုဒၶဘာသာဝင္ ပရိသတ္ေတြအေနနဲ႔ ျပင္းျပင္းထန္ထန္ ေဝဖန္ေျပာဆိုခဲ့ၾကပါတယ္။
Project K အဖြဲ႕ဝင္ ဘုန္းေနလင္းကေတာ့ ပရိသတ္ႀကီးကိုခြင့္လႊတ္ၾကဖို႔ေတာင္းပန္ခဲ့ပါတယ္။ ဘုန္းေနလင္းက “နားလည္ ခြင့္လႊတ္ ေပးနိူင္မယ္လို႔ ေမၽွာ္လင့္ပါတယ္ဗ် 🙏🙏🙏
ကၽြန္ေတာ္တို႔ အေကာငိးဆုံး ႀကိဳးစားတင္ဆက္ခဲ့တာပါပဲ မထင္မွတ္တဲ့ ျဖစ္ရပ္ေတြအတြက္ ေတာင္းပန္ရင္း ဆက္ႀကိဳးစားသြားပါ့မယ္” ဆိုၿပီး ေတာင္းပန္ထားတာပဲျဖစ္ပါတယ္။ Project K တစ္ဖြဲ႕လုံးကလဲ ဒီျပသနာႀကီးနဲ႔ပတ္သက္ၿပီး ေျဖရွင္းေတာင္းပန္ထားၾကပါေသးတယ္။
Project K အဖြဲ႕ဟာ လူငယ္ေကာင္ေလး(၇) ေယာက္နဲ႔ ဖြဲ႕စည္းထားတဲ့ အဖြဲ႕ျဖစ္ပါတယ္။ သူတို႔အဖြဲ႕ဟာ ၂၀၁၆ခုႏွစ္က ကိုရီးယာနိုင္ငံတြင္ ျပဳလုပ္ခဲ့တဲ့ Seoul K-Pop International Cover Dance မွာ ျမန္မာနိုင္ငံကိုယ္စားျပဳအျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး ဒုတိယဆုကို ဆြတ္ခူးနိုင္ခဲ့တဲ့အဖြဲ႕လည္း ျဖစ္ပါတယ္။ မိန္းကေလးပရိသတ္မ်ားရဲ့ အားေပးမႈ အခိုင္အမာရရွိ Project K အဖြဲ႕ဟာ ၿပီးခဲ့ေသာ လပိုင္းေ
လာက္ The Beginning ဆိုတဲ့ ေတးအယ္လ္ဘမ္ကို ထြက္ရွိထားပါေသးတယ္။ Project K အဖြဲ႕မွာ ထက္ဘုန္းနိုင္၊ ဝီလၽွံ၊ ဘုန္းေနမင္း၊ဘုန္းေနလင္း၊ ဟိန္းရာ၊ ရဲရင့္ေသာ္နဲ႔ မင္းခန႔္ဟိန္းတို႔ပါဝင္ပါတယ္။
Swelsone News