ဗဟုသုတ

မဂ်လာဒုံမြို့နယ်ရှိ တပ်ကျောင်းတစ်ကျောင်းမှာဖြစ်သွားတဲ့ ကျောင်းသူလေးရဲ့ စိတ်မကောင်းစရာဖြစ်ရပ်

ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်ရှိ တပ်ကျောင်းတစ်ကျောင်းဖြစ်သည့် အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း

”အောင်ဆန်းသူရိယလှသောင်းကျောင်း” တွင် တက်ရောက်နေသည့် ကျောင်းသူတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်း၏ စနစ်သစ် (၁၁)တန်းတွင် ပညာသင်ကြားနေသည့် ကျောင်းသူကို အတန်းပိုင်ဆရာမနှင့် ကျောင်းအုပ်ကြီးတို့မှ

မူးယစ်ဆေးဝါးသုံးစွဲသည်ဟု မတရား စွပ်စွဲခဲ့ခြင်းကြောင့် ဇူလိုင်လ ၁ ရက်နေ့ ညနေ ၅ နာရီတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်

သွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အောင်ဆန်းသူရိယလှသောင်းကျောင်း၏ စနစ်သစ် (၁၁) တန်း၊ (D) ခန်းတွင် ပညာသင်ကြားနေသည့်

မအိမ့်ခေတ်မိုးမြတ်ထွန်းအား ၎င်း၏ အတန်းပိုင် ဆရာမဖြစ်သူဒေါ်ခိုင်ခိုင်က မူးယစ်ဆေးဝါး သုံးဆွဲသည်ဟု ဆိုကာ

အတန်းမှ ဆွဲထုတ်ခဲ့သည်။ ထို့နောက် ထိုဆရာမနှင့် ကျောင်းအုပ်ကြီး ဗိုလ်မှူးရဲမြင့်အောင် တို့သည် ၎င်းကျောင်းသူအား

မူးယစ်ဆေးဝါးသုံးစွဲ‌နေကြောင်းကို ဝန်ခံထွက်ဆိုခိုင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

”ကောင်မလေးကို မူးယစ်ဆေးဝါးသုံးစွဲတယ်ဆိုပြီး ဆရာမက အတင်းဝန်ခံခိုင်းတယ်။ ကျောင်းအုပ်ဗိုလ်မှူးဆီကို ခေါ်သွားပြီး

မင်နီတားတယ်ပြောတယ်။ လှသောင်းကျောင်းကနေ မင်နီတားလိုက်ရင်ငါးနှစ်အတွင်း ဘယ်ကျောင်းမှာမှ ကျောင်းတက်ခွင့်မရှိတော့ဘူး။

ကောင်မလေးက အိမ်ပြန်ပြီးရှက်လို့ထင်တယ်။ သူ့ကိုယ်ကိုကြိုးဆွဲချသေကြောင်း ကြံလိုက်တယ်။ ကောင်မလေးရဲ့ အလောင်းကို

ရင်ခွဲစစ်ဆေးကြည့်တော့ မူးယစ်ဆေးသုံးတဲ့လက္ခဏာ ဘာမှမတွေ့ရဘူး” ဟုကျောင်းသားမိဘတစ်ဦးက ပြောသည်။

သမီးဖြစ်သူ သေဆုံးရခြင်းနှင့်ပတ်သက်၍ မအိမ့်ခေတ်မိုးမြတ်ထွန်း၏ မိခင်ဖြစ်သူမှ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်

အောက်ပါ အတိုင်းရေးသားထားသည်။

”ကျွန်မသမီးကိုမဟုတ်မမှန် စွပ်စွဲတုန်းကစွပ်စွဲပြီး အခုမှဘာမှမသိသလို ဘာသတင်းမှ မရှိခဲ့သလိုနဲ့ သတင်းတွေ ဖုံးချင်နေတယ်ပေါ့။

အဲဒါဆိုဘာလို့ ကျောင်းသား မိဘတွေ ခေါ်တွေ့လဲ။ ကျောင်းထုတ်မယ်ပြောလဲ။ ကျောင်းမှာဘာသတင်းရှိလဲမေးတယ်။

ဘာမှ မရှိဘူးပြောတယ်။ အခုတော့သတင်းအမှားတွေ လျှောက်ဖြန့်နေတယ်။ ကိုယ့်အပူနဲ့ ကိုယ်သားသမီးတယောက်လုံးဆုံးရှုံးပြီး

ရင်ထဲမီးတောက်နေတာကို ရှင်တို့မို့လို့ သတင်း ဖုံးချင်တယ်ပေါ့။ ကိုယ့်လိပ်ပြာကိုယ်လုံရဲ့လား။ သံသရာမကြောက်ဘူးလား။

ပိုကျွေးနိုင်မှ တပည့်တော်ချင်တာလား။ အမေကျောင်းအထားမှားသွားတာပါ။ အမေ့သမီးလေးဒီလို အဖြစ်ဆိုးနဲ့ကြုံရတယ်”ဟုရေးသားထားသည်။

လက်ရှိတွင် သေဆုံးသွားသည့် မအိမ့်ခေတ်မိုးမြတ်ထွန်း၏ အတန်းဖော်များအား အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး လူမှုကွန်ရက်များပေါ်တွင်

မတင်ရန်နှင့်ရေးသားခြင်းများ မပြုလုပ်ရန် ကျောင်းသားမိဘများကိုခေါ်၍ ခံဝန်ထိုးခိုင်းထားကြောင်း သိရသည်။

#Mizzima #တမူးနွေဦ

ပုံ (အမှတ်(၂) အခြေခံပညာ အထက်တန်း ကျောင်း Google)

crd

Unicode