သင့်ကလေးက ယခင်က လိမ္မာယဉ်ကျေးသူဖြစ်ပြီး တဖြည်းဖြည်း ရိုင်းပျလာတယ် ဆိုရင်တော့ လျစ်လျူရှုမထားသင့်ပါဘူး။ အဲဒါကြောင့် ကလေးတွေကို ရိုင်းပျသူတစ်ယောက် ဖြစ်သွားစေတဲ့ အကြောင်းအရင်းတွေထဲက အချက်အချို့ကို ဖော်ပြပေးပါမယ်နော်။
၁။ လူကြီးသူမတွေနဲ့ တွေ့ချိန် နည်းပါးခြင်း
သင်က အလုပ်များသူ ဖြစ်တာကြောင့် ကလေးကို တစ်ယောက်တည်း ထားထားတဲ့အချိန်တွေ များရင်များနေပါလိမ့်မယ်။ ကလေးတွေကို လိမ္မာယဉ်ကျေးသူ ဖြစ်လာစေဖို့အတွက် ငယ်စဉ်ကတည်းက ပြောပြထားပေးဖို့ လိုပါတယ်။
သင်က အချိန်မပေးနိုင်တဲ့အခါ ဦးလေးတွေ၊ အဒေါ်တွေ၊ အဘိုးတွေ၊ အဘွားတွေနဲ့ အပ်နှံထားတာက ကလေးကို ဆိုဆုံးမဖို့ အချိန်တွေ ပိုရစေပါတယ်။ တစ်ယောက်တည်း အထီးကျန်တဲ့ကလေးက အသက်ကြီးလာတဲ့အခါ လူမှုဆက်ဆံရေးကို အားနည်းသွားစေပါတယ်။
၂။ အရမ်း အလိုလိုက်ခြင်း
ကလေးကို အလိုလိုက်တာက ချစ်ရာမကျဘဲ နှစ်ရာကျသွားတတ်ပါတယ်။ သင့်ကလေးရဲ့အပြုအမူအပြောအဆိုတွေ လွဲမှားနေရင် ချက်ချင်းပြုပြင်ပေးဖို့ လိုအပ်တယ်။
မပြုပြင်ပေးဘဲ အလိုလိုက်ထားရင် ကလေးက သူ့ရဲ့အပြုအမူကို အမှားအမှန်မသိတော့ဘဲ ရိုင်းသထက် ရိုင်းပျနေတော့မှာပါ။ ကလေးတွေက လျင်လျင်မြန်မြန် သင်ယူတတ်တာကြောင့် သူတို့ရဲ့အပြုအမူတွေ မှားယွင်းနေတဲ့အခါ အလိုမလိုက်ဘဲ ပြုပြင်ပေးသင့်ပါတယ်။
၃။ မိဘတွေက အလွယ်လမ်းကို လိုက်ခြင်း
မိဘတွေက အလုပ်များတဲ့အခါ ကလေးတွေကို မပျင်းအောင်လို့ ဖုန်းတွေ၊ တက်ဘလက်တွေ ပေးထားတတ်ပါတယ်။ ကလေးတွေကို ဖုန်းအသုံးပြုဖို့ ခွင့်ပြုထားပြီဆိုရင် သူကြည့်တတ်တဲ့အရာတွေကို လေ့လာကြည့်ဖို့ လိုပါတယ်။
ကလေးကြည့်တတ်တဲ့ ဇာတ်ကားတွေ၊ သီချင်းတွေမှာ ရိုင်းပျတဲ့အပြုအမူ၊ အပြောအဆိုတွေပါရင် ကလေးတွေက လျင်လျင်မြန်မြန် အတုခိုးတတ်ပါတယ်။ အဲဒါကြောင့် ကလေးကို ငြိမ်စေဖို့အတွက် ဖုန်းအသုံးပြုခွင့်ပေးမယ့်အစား စာဖတ်တတ်တဲ့ အကျင့်ဖြစ်အောင် ပျိုးထောင်တာက ပိုပြီးကောင်းမွန်ပါတယ်။
၄။ ကလေးကို တာဝန်ယူတတ်သူ ဖြစ်အောင်သင်ကြားပေးခြင်း
ကလေးတွေက တစ်သက်လုံး ကလေးဖြစ်နေမယ့်သူ မဟုတ်တာကြောင့် လုပ်ရပ်တွေအပေါ်မှာ နောက်ဆက်တွဲ အကျိုးရလဒ်တွေ၊ တာဝန်ခံမှုတွေရှိကြောင်း သင်ပြပေးဖို့ လိုအပ်ပါတယ်။
သင်က ကလေးကို အထူးအခွင့်အရေးတွေ ပေးထားရင် အထူးအခွင့်အရေးနဲ့အတူ တာဝန်သိတတ်မှုကလည်း လိုက်ပါလာကြောင်း ပြောပြပေးပါ။
၅။ ကလေးတွေကို အချိန်တွေ ပုံအောပြီးပေးထားခြင်း
မိဘတွေက ကလေးတွေကို ပြုစုပျိုးထောင်ရတယ် ဆိုပေမယ့် မိဘတွေအတွက်လည်း ကိုယ်ပိုင်အချိန်က လိုအပ်ပါသေးတယ်။ မိဘတွေနားနေချိန်မှာ မနှောင့်ယှက်သင့်ကြောင်း၊ အမြဲဂျီမကျနေသင့်ကြောင်း၊
သူတစ်ပါးရဲ့ကိုယ်ပိုင်အချိန်ကို လေးစားမှုထားသင့်ကြောင်း ပြောပြပေးပါ။ အဲဒီအခါ ကလေးတွေက သူတစ်ပါးအပေါ်မှာ ဘယ်လိုဂရုစိုက်ရမယ်၊ ဘယ်လိုလေးစားမှုပေးရမယ် ဆိုတာကို နားလည်သွားပါတယ်။
မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။
Zawgyi
သင့္ကေလးက ယခင္က လိမၼာယဥ္ေက်းသူျဖစ္ၿပီး တျဖည္းျဖည္း ႐ိုင္းပ်လာတယ္ ဆိုရင္ေတာ့ လ်စ္လ်ဴရႈမထားသင့္ပါဘူး။ အဲဒါေၾကာင့္ ကေလးေတြကို ႐ိုင္းပ်သူတစ္ေယာက္ ျဖစ္သြားေစတဲ့ အေၾကာင္းအရင္းေတြထဲက အခ်က္အခ်ိဳ႕ကို ေဖာ္ျပေပးပါမယ္ေနာ္။
၁။ လူႀကီးသူမေတြနဲ႔ ေတြ႕ခ်ိန္ နည္းပါးျခင္း
သင္က အလုပ္မ်ားသူ ျဖစ္တာေၾကာင့္ ကေလးကို တစ္ေယာက္တည္း ထားထားတဲ့အခ်ိန္ေတြ မ်ားရင္မ်ားေနပါလိမ့္မယ္။ ကေလးေတြကို လိမၼာယဥ္ေက်းသူ ျဖစ္လာေစဖို႔အတြက္ ငယ္စဥ္ကတည္းက ေျပာျပထားေပးဖို႔ လိုပါတယ္။
သင္က အခ်ိန္မေပးႏိုင္တဲ့အခါ ဦးေလးေတြ၊ အေဒၚေတြ၊ အဘိုးေတြ၊ အဘြားေတြနဲ႔ အပ္ႏွံထားတာက ကေလးကို ဆိုဆုံးမဖို႔ အခ်ိန္ေတြ ပိုရေစပါတယ္။ တစ္ေယာက္တည္း အထီးက်န္တဲ့ကေလးက အသက္ႀကီးလာတဲ့အခါ လူမႈဆက္ဆံေရးကို အားနည္းသြားေစပါတယ္။
၂။ အရမ္း အလိုလိုက္ျခင္း
ကေလးကို အလိုလိုက္တာက ခ်စ္ရာမက်ဘဲ ႏွစ္ရာက်သြားတတ္ပါတယ္။ သင့္ကေလးရဲ႕အျပဳအမူအေျပာအဆိုေတြ လြဲမွားေနရင္ ခ်က္ခ်င္းျပဳျပင္ေပးဖို႔ လိုအပ္တယ္။
မျပဳျပင္ေပးဘဲ အလိုလိုက္ထားရင္ ကေလးက သူ႔ရဲ႕အျပဳအမူကို အမွားအမွန္မသိေတာ့ဘဲ ႐ိုင္းသထက္ ႐ိုင္းပ်ေနေတာ့မွာပါ။ ကေလးေတြက လ်င္လ်င္ျမန္ျမန္ သင္ယူတတ္တာေၾကာင့္ သူတို႔ရဲ႕အျပဳအမူေတြ မွားယြင္းေနတဲ့အခါ အလိုမလိုက္ဘဲ ျပဳျပင္ေပးသင့္ပါတယ္။
၃။ မိဘေတြက အလြယ္လမ္းကို လိုက္ျခင္း
မိဘေတြက အလုပ္မ်ားတဲ့အခါ ကေလးေတြကို မပ်င္းေအာင္လို႔ ဖုန္းေတြ၊ တက္ဘလက္ေတြ ေပးထားတတ္ပါတယ္။ ကေလးေတြကို ဖုန္းအသုံးျပဳဖို႔ ခြင့္ျပဳထားၿပီဆိုရင္ သူၾကည့္တတ္တဲ့အရာေတြကို ေလ့လာၾကည့္ဖို႔ လိုပါတယ္။
ကေလးၾကည့္တတ္တဲ့ ဇာတ္ကားေတြ၊ သီခ်င္းေတြမွာ ႐ိုင္းပ်တဲ့အျပဳအမူ၊ အေျပာအဆိုေတြပါရင္ ကေလးေတြက လ်င္လ်င္ျမန္ျမန္ အတုခိုးတတ္ပါတယ္။ အဲဒါေၾကာင့္ ကေလးကို ၿငိမ္ေစဖို႔အတြက္ ဖုန္းအသုံးျပဳခြင့္ေပးမယ့္အစား စာဖတ္တတ္တဲ့ အက်င့္ျဖစ္ေအာင္ ပ်ိဳးေထာင္တာက ပိုၿပီးေကာင္းမြန္ပါတယ္။
၄။ ကေလးကို တာဝန္ယူတတ္သူ ျဖစ္ေအာင္သင္ၾကားေပးျခင္း
ကေလးေတြက တစ္သက္လုံး ကေလးျဖစ္ေနမယ့္သူ မဟုတ္တာေၾကာင့္ လုပ္ရပ္ေတြအေပၚမွာ ေနာက္ဆက္တြဲ အက်ိဳးရလဒ္ေတြ၊ တာဝန္ခံမႈေတြရွိေၾကာင္း သင္ျပေပးဖို႔ လိုအပ္ပါတယ္။
သင္က ကေလးကို အထူးအခြင့္အေရးေတြ ေပးထားရင္ အထူးအခြင့္အေရးနဲ႔အတူ တာဝန္သိတတ္မႈကလည္း လိုက္ပါလာေၾကာင္း ေျပာျပေပးပါ။
၅။ ကေလးေတြကို အခ်ိန္ေတြ ပုံေအာၿပီးေပးထားျခင္း
မိဘေတြက ကေလးေတြကို ျပဳစုပ်ိဳးေထာင္ရတယ္ ဆိုေပမယ့္ မိဘေတြအတြက္လည္း ကိုယ္ပိုင္အခ်ိန္က လိုအပ္ပါေသးတယ္။ မိဘေတြနားေနခ်ိန္မွာ မေႏွာင့္ယွက္သင့္ေၾကာင္း၊ အၿမဲဂ်ီမက်ေနသင့္ေၾကာင္း၊
သူတစ္ပါးရဲ႕ကိုယ္ပိုင္အခ်ိန္ကို ေလးစားမႈထားသင့္ေၾကာင္း ေျပာျပေပးပါ။ အဲဒီအခါ ကေလးေတြက သူတစ္ပါးအေပၚမွာ ဘယ္လိုဂ႐ုစိုက္ရမယ္၊ ဘယ္လိုေလးစားမႈေပးရမယ္ ဆိုတာကို နားလည္သြားပါတယ္။
မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။



