အချို့သော ကလေးငယ်များဧ။် စိတ်ထားလေးသည် မည်မျှပင် ဆင်းရဲနေပါစေ တစ်ပါးသူဧ။် ပစ္စည်းကို အလကားသက်သက် မလိုချင်ကြ၍ အင်မတန်မှ လေးစားဖွယ် ကောင်းလှသည်။
သို့ဖြစ်၍ ဖိလစ်ပိုင်နိုင်ငံမှ အသက် ၁၂နှစ်အရွယ် ကလေးမလေးသည် ငယ်စဉ်တည်းက မိဘနှစ်ပါးလုံးမရှိကြတော့၍ အဖွားဖြစ်သူ မောင်လေးတို့နှင့်သာ အတူနေထိုင်ခဲ့သည်။
အဖွားဖြစ်သူမှာလည်း အသက်ကြီးလာပြီဖြစ်၍ ဈေးမထွက်ရောင်းနိုင်တော့ပဲရှိရာ မြေးမလေးမှ ကျောင်းပိတ်တုန်းလေးတွင် ကန်စွန်းဥအချိုတို့ကို ရောင်းချခဲ့သည်။
ထိုစဉ် ကလေးမလေးသည် ဘုရားကျောင်းအနီးတွင် လှည့်လည်ရောင်းနေခဲ့ရာ မမျှော်လင့်ပဲ တန်ဖိုးကြီး ဖုန်းတစ်လုံးနှင့် ATMကဒ်လေးကို တွေ့ရှိခဲ့ရ၍ ဝမ်းသာမိသော်လည်း တစ်ပါးသူရဲ့ ပစ္စည်းဖြစ်နေတာကြောင့် ပိုင်ရှင်လက်ထဲပြန်အပ်ရန် ဆုံးဖြတ်ခဲ့သည်။
ထို့နောက် ပိုင်ရှင်အမျိုးသမီးသည်လည်း ထိုနေရာသို့ ပြန်လာရှာခဲ့ရာ ကလေးမလေးကောက်သိမ်းထားပေးတာကို သိရှိခဲ့ပြီး ကျေးဇူးတင်သည့်အနေနှင့် အိမ်အလည်ခေါ်ကာ အဝတ်အစားအချို့ပေးကာ သူမရောင်းသော ကန်စွန်းဥတုတ်ထိုးအားလုံးကိုလည်း ဝယ်ယူခဲ့သည်။
Credit
zawgyi
Credit