ၾကားသိရသမွ်
ရွှံ့ဗွက်တွေနှင့် တောတောင်ကြားထဲကနေ ၁နာရီကျော်ကြာ စက်ဘီးစီးပြီး ကျောင်းတက်ခဲ့ရသော ကောင်လေး
ရွှံ့ဗွက်တွေနှင့် တောတောင်ကြားထဲကနေ ၁နာရီကျော်ကြာ စက်ဘီးစီးပြီး ကျောင်းတက်ခဲ့ရသော ကောင်လေး
မည်သို့သော ခက်ခဲကြမ်းတမ်းသည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရပါစေ ကိုယ်လိုချင်သည့် ပန်းတိုင်ကို ရောက်အောင်သွားသည့်သူများမှာ အလွန်လေးစားဖွယ် ကောင်းလှသည်။
ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံ Lang Sonခရိုင် တောင်ပေါ်ကုန်းမြင့်ဒေသတွင် နေထိုင်သော Quyetအမည်ရှိ ၁တန်းကျောင်းသားအရွယ် ကောင်လေးသည် နေ့စဥ် သွားရခက် လာရခက်သည့် ရွှံ့ဗွက်တွေနှင့်အတူ အရမ်းချော်သော လမ်းများကို ဖြတ်ပြီး ကျောင်းတက်ခဲ့ရသည်။
ကောင်လေးဧ။် အိမ်သည် စာသင်ကျောင်းနှင့် အလှမ်းဝေးကာ ကျောင်းသွားသည့် လမ်းတစ်လျှောက်လုံးမှာပဲ ချောချောချူချူမျိုးမဟုတ်ပဲ ကျောက်ဆောင်များရှိသည့်ကြားက ရွှံ့ဗွက်ထူထူနှင့် ဖြစ်နေတာကြောင့် ၁နာရီကျော် စက်ဘီးနင်းခဲ့ရသည်။
ကောင်လေးသည် ကျောပိုးအိတ်လေးတစ်လုံးလွယ်ကာ အထဲတွင် ကျောင်းစာအုပ်နှင့်တကွ ဘောင်းဘီတစ်ထည်ပါအပိုအဖြစ် ယူဆောင်သွားလေ့ရှိသည်။
ကောင်လေးသည် နေ့စဥ်ဆိုးရွားသည့် လမ်းကြမ်းတမ်းမှုအခက်အခဲများ ကြုံတွေ့ရသော်လည်း စိတ်ဓာတ်ကျခြင်းမရှိ ဇွဲမလျှော့ပဲ ပညာကိုသာ ကြိုးစားသင်ယူချင်သည့် စိတ်ဓာတ်လေးကြောင့် အများဧ။်ချီးကျူးခြင်းကို ခံနေရသည်။
credit
Zawgyi
credit