ရန္ကုန္တိုင္းအပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕၌ လာမည့္ရက္မ်ားတြင္ မိုးသည္းထန္စြာ႐ြာသြန္းႏိုင္
ျမန္မာႏိုင္ငံမိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ႏိုဝင္ဘာ ၂၅ ရက္မွစ၍
လာမည့္ရက္မ်ားအတြင္း မိုး႐ြာသြန္းႏိုင္မည့္အေျခ အေနမ်ားႏွင့္ပတ္သက္၍
ႏိုဝင္ဘာ ၂၄ ရက္ည ၇ နာရီက အသိေပးထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
မိုးဇလ၏ခန္႔မွန္းခ်က္အရ ႏိုဝင္ဘာ ၂၅ ရက္ မွစ၍ ရန္ကုန္တိုင္း၊ဧရာဝတီတိုင္း၊ကရင္ျပည္နယ္၊
မြန္ျပည္နယ္၊ပဲခူးတိုင္း၊ရွမ္းျပည္ နယ္(ေတာင္ပိုင္းႏွင့္အေရွ႕ပိုင္း)၊ရခိုင္ျပည္နယ္ႏွင့္ကယားျပည္နယ္တို႔တြင္ မိုးသည္းထန္စြာ႐ြာသြန္းမည္ဟု သိရသည္။
တနသၤာရီတိုင္းတြင္လည္း ႏိုဝင္ဘာ ၂၅ ရက္မွစ၍ ေနရာကြက္၍မိုးႀကီးႏိုင္သည္ဟု မိုးဇလကခန္႔မွန္းထားသည္။
ထို႔ျပင္ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္လည္း
တစ္နာရီလ်င္ မိုင္(၃၀)မွ(၃၅)မိုင္အထိ တိုက္ခတ္ႏိုင္သည့္ မိုးသက္ေလျပင္းမ်ားက်ေရာက္၍
လႈိင္းအျမင့္မွာ (၇)ေပမွ(၉)ေပခန္႔အထိရွိႏိုင္သည္ဟု မိုးဇလကခန္႔မွန္းထားသည္။
unicode
ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ လာမည့်ရက်များတွင် မိုးသည်းထန်စွာရွာသွန်းနိုင်
မြန်မာနိုင်ငံမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ နိုဝင်ဘာ ၂၅ ရက်မှစ၍
လာမည့်ရက်များအတွင်း မိုးရွာသွန်းနိုင်မည့်အခြေ အနေများနှင့်ပတ်သက်၍
နိုဝင်ဘာ ၂၄ ရက်ည ၇ နာရီက အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မိုးဇလ၏ခန့်မှန်းချက်အရ နိုဝင်ဘာ ၂၅ ရက် မှစ၍ ရန်ကုန်တိုင်း၊ဧရာဝတီတိုင်း၊ကရင်ပြည်နယ်၊
မွန်ပြည်နယ်၊ပဲခူးတိုင်း၊ရှမ်းပြည် နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ရခိုင်ပြည်နယ်နှင့်ကယားပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းမည်ဟု သိရသည်။
တနင်္သာရီတိုင်းတွင်လည်း နိုဝင်ဘာ ၂၅ ရက်မှစ၍ နေရာကွက်၍မိုးကြီးနိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။
ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း
တစ်နာရီလျင် မိုင်(၃၀)မှ(၃၅)မိုင်အထိ တိုက်ခတ်နိုင်သည့် မိုးသက်လေပြင်းများကျရောက်၍
လှိုင်းအမြင့်မှာ (၇)ပေမှ(၉)ပေခန့်အထိရှိနိုင်သည်ဟု မိုးဇလကခန့်မှန်းထားသည်။