အိမ်ခြေမဲ့အမျိုးသားကို ထမင်းကျွေးပြီး သမီးဖြစ်သူကို သနားကြင်နာတက်တဲ့ သူတစ်ယောက်ဖြစ်အောင် သင်ကြားပေးတဲ့ ဖခင်ကောင်း
အဖေတစ်ဦးက သူ့သမီးကို မေတ္တာနဲ့သနားကြင်နာမှု သင်ပေးတာကြောင့် မကြာသေးခင်က ပျံ့နှံ့ မှုဖြစ်ပွားခဲ့ပါတယ် ။ Netizen Willy Chong က သူဟာ မလေးရှားနိုင်ငံရက Bak Kut Teh ဆိုင်မှာ မျက်မြင်တွေ့ရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ် ။
Chong ရဲ့ အဆိုအရ အင်္ကျီအနီးရောင်နဲ့ ဖခင်တစ်ဦးနဲ့ သူ့သမီးတို့က ဆိုင်အပြင်ဘက်မှာ ညစာစားနေစဉ် အိမ်ခြေမဲ့အမျိုးသားတစ်ဦးက တစ်ခုတစ်ခုစားချင်တဲ့ပုံနဲ့ သူတို့နားချဉ်းကပ်လာခဲ့ပါတယ် ။ ထိုအိမ်ခြေမဲ့အမျိုးသားကို လျစ်လျူရှုမယ့်အစား ဒီဖခင်က အိမ်ခြေမဲ့လူကို သူတို့နဲ့အတူ စားဖို့ဖိတ်လိုက်တာပါ ။
သူက စားကြွင်းစားကျန်တွေမပေးဘဲ သူ့အတွက် အပိုအစားအစာကို မှာကြားခဲ့ပါတယ် ။ Chong က မျက်မြင်တွေ့လိုက်ရတာကြောင့် အလွန်စိတ်ထိခိုက်သွားပြီး သူတို့ရဲ့ ဓာတ်ပုံကို Facebook ပေါ်မှာ ဝေမျှခဲ့ပါတယ် ။
Chong က “ ဒီနေ့ ကျွန်တာ်မြင်လိုက်ရတဲ့အရာတစ်ခုကြောင့် ကျွန်တော့်နှလုံးသားကိုထိမိခဲ့တယ်။ ဒီအစိမ်းရောင်အင်္ကျီနဲ့ အိမ်ခြေမဲ့အမျိုးသားက Bak Kut Teh ဆိုင်ရဲ့အဝင်ဝမှာရပ်ပြီး အစာအိမ်ကိုပွတ်ရင်းငေးကြည့်နေတယ်။ အနီရောင်အင်္ကျီနဲ့အစ်ကိုက သူ့ကိုမြင်ပြီး ဗိုက်ဆာလားလို့မေးတယ် ။
ထိုအမျိုးသားကလည်း ခေါင်းငြိမ့်လိုက်တဲ့အခါ အနီရောင်ဝတ်စုံနဲ့အစ်ကိုက သူ့ကိုထိုင်ခိုင်းပြီး သူ့အတွက် စားစရာတွေယူခိုင်းလိုက်ပါတယ်။ နောက်ပြီး ကလေးမကလည်း မရှောင်လွှဲဘဲ ထိုလူအတွက် လက်ဖက်ရည်လေးမာယူပေးခဲ့တာပါ။
ဒီလောကမှာ အခုလို သနားကြင်နာမှုရှိတဲ့ ဒီဖခင်နဲ့ သမီးကို ကျွန်တော် အရမ်းဘဲ ချီးကျူးပါတယ် ။ ဒီဖခင်က သူ့သမီးရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ပါဘဲ ။” လို့ ရေးသားခဲ့လိုက်ပါတယ် ။
လူများစွာက ဒီအဖေလုပ်ခဲ့တဲ့အရာကို ချီးကျူးကြပြီး သူတို့ကို ကောင်းမြတ်တဲ့ ဘဝရရှိနိုင်ပါစေလို့လည်း ဆုတောင်းပေးနေကြပါတယ် ။
Credit
zawgyi
အိမ္ေျခမဲ့အမ်ိဳးသားကို ထမင္းေကြၽးၿပီး သမီးျဖစ္သူကို သနားၾကင္နာတက္တဲ့ သူတစ္ေယာက္ျဖစ္ေအာင္ သင္ၾကားေပးတဲ့ ဖခင္ေကာင္း
အေဖတစ္ဦးက သူ႔သမီးကို ေမတၱာနဲ႔သနားၾကင္နာမႈ သင္ေပးတာေၾကာင့္ မၾကာေသးခင္က ပ်ံ႕ႏွံ႔ မႈျဖစ္ပြားခဲ့ပါတယ္ ။ Netizen Willy Chong က သူဟာ မေလးရွားႏိုင္ငံရက Bak Kut Teh ဆိုင္မွာ မ်က္ျမင္ေတြ႕ရွိခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္ ။
Chong ရဲ႕ အဆိုအရ အက်ႌအနီးေရာင္နဲ႔ ဖခင္တစ္ဦးနဲ႔ သူ႔သမီးတို႔က ဆိုင္အျပင္ဘက္မွာ ညစာစားေနစဥ္ အိမ္ေျခမဲ့အမ်ိဳးသားတစ္ဦးက တစ္ခုတစ္ခုစားခ်င္တဲ့ပုံနဲ႔ သူတို႔နားခ်ဥ္းကပ္လာခဲ့ပါတယ္ ။ ထိုအိမ္ေျခမဲ့အမ်ိဳးသားကို လ်စ္လ်ဴရႈမယ့္အစား ဒီဖခင္က အိမ္ေျခမဲ့လူကို သူတို႔နဲ႔အတူ စားဖို႔ဖိတ္လိုက္တာပါ ။
သူက စားႂကြင္းစားက်န္ေတြမေပးဘဲ သူ႔အတြက္ အပိုအစားအစာကို မွာၾကားခဲ့ပါတယ္ ။ Chong က မ်က္ျမင္ေတြ႕လိုက္ရတာေၾကာင့္ အလြန္စိတ္ထိခိုက္သြားၿပီး သူတို႔ရဲ႕ ဓာတ္ပုံကို Facebook ေပၚမွာ ေဝမွ်ခဲ့ပါတယ္ ။
Chong က “ ဒီေန႔ ကြၽန္တာ္ျမင္လိုက္ရတဲ့အရာတစ္ခုေၾကာင့္ ကြၽန္ေတာ့္ႏွလုံးသားကိုထိမိခဲ့တယ္။ ဒီအစိမ္းေရာင္အက်ႌနဲ႔ အိမ္ေျခမဲ့အမ်ိဳးသားက Bak Kut Teh ဆိုင္ရဲ႕အဝင္ဝမွာရပ္ၿပီး အစာအိမ္ကိုပြတ္ရင္းေငးၾကည့္ေနတယ္။ အနီေရာင္အက်ႌနဲ႔အစ္ကိုက သူ႔ကိုျမင္ၿပီး ဗိုက္ဆာလားလို႔ေမးတယ္ ။
ထိုအမ်ိဳးသားကလည္း ေခါင္းၿငိမ့္လိုက္တဲ့အခါ အနီေရာင္ဝတ္စုံနဲ႔အစ္ကိုက သူ႔ကိုထိုင္ခိုင္းၿပီး သူ႔အတြက္ စားစရာေတြယူခိုင္းလိုက္ပါတယ္။ ေနာက္ၿပီး ကေလးမကလည္း မေရွာင္လႊဲဘဲ ထိုလူအတြက္ လက္ဖက္ရည္ေလးမာယူေပးခဲ့တာပါ။
ဒီေလာကမွာ အခုလို သနားၾကင္နာမႈရွိတဲ့ ဒီဖခင္နဲ႔ သမီးကို ကြၽန္ေတာ္ အရမ္းဘဲ ခ်ီးက်ဴးပါတယ္ ။ ဒီဖခင္က သူ႔သမီးရဲ႕ စံျပပုဂၢိဳလ္တစ္ေယာက္ပါဘဲ ။” လို႔ ေရးသားခဲ့လိုက္ပါတယ္ ။
လူမ်ားစြာက ဒီအေဖလုပ္ခဲ့တဲ့အရာကို ခ်ီးက်ဴးၾကၿပီး သူတို႔ကို ေကာင္းျမတ္တဲ့ ဘဝရရွိႏိုင္ပါေစလို႔လည္း ဆုေတာင္းေပးေနၾကပါတယ္ ။
Credit