ၾကားသိရသမွ်

ထွားကျိုင်းတဲ့ ၁ နှစ်အရွယ် သမီးလေးကို ထုတ်‌ပြသလိုက်တဲ့အခါမှာ သူမရဲ့ကလေးမဖြစ်နိုင်ဘူးလို့ အထင်ခံရတဲ့ အမျိုးသမီး

၃ နှစ်အရွယ် ကလေးအဝတ်အစားကို ဝတ်ဆင်ထားတဲ့ သူမရဲ့ ထွားကျိုင်းတဲ့ ၁ နှစ်အရွယ်သမီးလေးကို မိခင်ဖြစ်သူက ထုတ်ဖော်ပြသတဲ့အပြီးမှာ အင်တာနက်အသုံးပြုသူတွေရဲ့ လှောင်ပြောင်ပြောဆိုမှုတွေကြောင့် ကလေးငယ်ဟာ မိခင်ထက် ကြီးမားပုံပေါ်ပါတယ် ။ မကြာသေးမီက အသက် 18 နှစ်အရွယ် မိခင် Kayla က Tiktok မှာ ဗီဒီယိုတစ်ခု တင်ခဲ့ပြီး သူမရဲ့ ၁ နှစ်အရွယ် သူ့ရဲ့သမီးငယ်လေးကို ပြသထားပါတယ် ။ Kayla က သူမဟာ အရပ် 5’2″ (157 cm) သာရှိပြီး ကိုယ်အလေးချိန် 110 ပေါင် (9 ကီလိုဂရမ်) ရှိပါတယ် ။ သမီးလေးက သူမရဲ့သမီးငယ်ဖြစ်မယ်လို့ မယူဆနိုင်လောက်အောင် သမီစလေးရဲ့ ခန္ဓာကိုယ်က ထွားကျိုင်းနေခဲ့ပါတယ် ။

2020 ခုနှစ်မှာ သူမက US ပျမ်းမျှထက် အနည်းငယ်လေးတဲ့ ကိုယ်အလေးချိန် 7 ပေါင်၊ 5.5 အောင်စ (3.33 ကီလိုဂရမ်) ရှိတဲ့ သမီးလေးကို မွေးဖွားခဲ့ပါတယ် ။ ဒါပေမယ့် လာမယ့်လအနည်းငယ်အတွင်းမှာ သူ့ကလေး ဘယ်လောက်ကြီးထွားလာမယ်ဆိုတာကို သူမ မခန့်မှန်းနိုင်ခဲ့ပါဘူး ။ သူမသမီစလေးက အလွန်ထွားတာကြောင့် ၃ နှစ်အရွယ်ကလေးလို့ပင် စွပ်စွဲခံရပါတယ် ။ အမှန်တစ်ကယ်ပင် မိခင်က သမီးငယ်လေးထက် သေးနေတာကို သတိထားမိပါတယ် ။

JRose (KB Chimmy One)

Reference : khaosod

Zawgyi



JRose (KB Chimmy One)