ဗဟုသုတ

အရပ္ထဲမွာ အိမ္ေဆာက္ေတာ့ ပန္းရံဆရာေတြကို မလွန္ရဲပါဘူး…

ပန်းရံဆရာကြီးတွေ ေ နတဲ့တိုင်းပြည် ( အရပ်ထဲမှာ အိမ်ဆောက်တော့ ပန်းရံဆရာတွေကို မလှန်ရဲပါဘူး။ သူတို့က ဆရာကြီးတွေပါပဲ….ဒီလို ပန်းရံဆရာကြီးတွေနဲ့ ယှဉ်ပြောနိုင်အောင် ဒီစာလေးဖတ်လိုက်ပါ…)

အရပ်ထဲမှာ အိမ်ဆောက်တော့ ပန်းရံဆရာတွေကို မလှန်ရဲပါဘူး။ သူတို့က ဆရာကြီးတွေပါပဲ။ တစ်ကယ်လည်း ဆရာတွေပါပဲ။ နှစ်ပေါင်းများစွာ လက်တွေ့လုပ်လာခဲ့တာပဲလေ။ သို့ပေမယ့် တချို့ ပညာရပ်အသိလေးတွေတော့ ညှိယူသင့်ပါတယ်။ ချာင်းပါရင် RCဆိုပြီး Okay ပါပြီ။ အဲဒီမှာ Cover လို့ခေါ်တဲ့ သံချောင်းရဲ့ အစွန်ဆုံးမျက်နှာပြင်ဟာ ကွန်ကရစ်ထဲမြု ပ်နေစေရပါတယ်။

အောက်ဆုံး အုတ်ဖိနပ် footing လို မြေကြီးနဲ့ ထိနေတဲ့ နေရာမျိုးမှာ အနည်းဆုံး ၂ လက်မလောက် ဘေးက ကျောက်ပုံးနဲ့ သံ ကွာနေစေရပါမယ်။ ရေငန်ဒေသတွေဘက်မှာဆို ၃ လက်မလောက်ရှိသင့်ပါတယ်။

တိုင်တို့ ယက်မတို့ မှာဆို ကျောက်ပုံးနဲ့သံဟာ ၁ လက်မ , ၁ လက်မခွဲ လောက် ကွာနေစေရပါမယ်။ slab ကြမ်းခင်းမှာ ဆိုရင်တော့ အောက်ခြေ သံနဲ့ အထပ်သားဟာ ၃ မတ်, ၁လက်မ လောက် ကွာနေသင့်ပါတယ်။

အဲလို အတိအကျ သဘောမျိုးရအောင် နှစ်လက်မ ပိုက်ကလေးကို သံဖြတ်လွှကလေးနဲ့လိုသလို ဖြတ်ပြီး ဘိလပ်မြေသဲ ၁ဆ ၁ဆ လောက်ရောပြီး ကျောက် ခပ်နုပ်နုပ်ရှိရင်လည်း ၁ း ၂း ၃ အချိုးနဲ့ ဘလောက်တုံးလေးတွေကြို လုပ်ထားရင် တိကျတဲ့ အတိုင်းအတာကိုရစေပါတယ်။ ဝါယာလေးတွေဖြတ်ပြီး ထည့်ထားရင် သံကို ချည်ထားလို့ရလို့ နေရာမရွေ့တော့ပါဘူး။

အရပ်ထဲက ပန်းရံလက်သမားက ကျောက်ခဲလေးတွေ ခံတတ်ပါတယ်။ တစ်ကယ်လောင်းတဲ့အခါ အဲဒီကျောက်တွေ ရွေ့ကုန်ပြီး သံအတွက် လုံလောက်တဲ့ cover မရတော့ပါဘူး။ အဲဒါမရတော့ ဘာဖြစ်လဲကွာ ဆိုတော့။ ရန်ကုန်က တိုက်ခန်းတွဲတွေ မှာ အပေါ်မော့ကြည့်လိုက်ရင် အပေါ်ထပ် slab က မျက်နှာကြက်မှာ သံချောင်းတွေ ပေါ်နေတာတွေ ဖြစ်တတ်တာပါ။

သံချောင်းဟာ လုံလောက်တဲ့ အကာအကွယ်မရလို့ ပြင်ပက အစိုဓာတ်နဲ့ထိပြီး သံချောင်းဆွေးကာ slabရဲ့ ခံနိုင်အားနဲ့ သက်တမ်းကို အမြန်ဆုံးတိုစေပါတယ်။ သံတွေအများကြီးထည့်လို့ ခိုင်မှာပဲဆိုတာ မဟုတ်ပါဘူး။

Slabတွေမှာ သံချောင်း ၂ လွှာတောင် ထည့်ထားတာ ကောင်းလှပြီ မထင်ပါနဲ့ ။ အဲဒီ ၂ လွှာက ပူးမနေစေရပါဘူး။ ၂ လွှာကြား ကွာနေအောင် သံဘဲခြေထောက်လေးတွေ ၃ ၄ ပေခြား တစ်ခုစီလောက် ထည့်ပေးပါ။ နောက်ထပ်က ဘိလပ်မြေရဲ့ ကြာချိန်ပါ။ ပုံမှန် ဘိလပ်မြေဟာ ရေနဲ့ထိပြီး နာရီဝက်လောက်ကနေ စပြီး ခဲပါတယ်။

၁၀နာရီလောက်မှာ ခဲတဲ့ဓာတ်ပြုခြင်း ပြီးပါတယ်။ ဒါကြောင့် သဲ ဘိလပ်မြေမဆလာ ကျောက်သဲဘိလပ်မြေကွန်ကရစ်တို့ကို နာရီဝက် တစ်နာရီအတွင်း ကုန်အောင် သုံးခိုင်းပါ။ အဲဒါမှ ဆွဲအားကောင်းစေပါတယ်။ ပန်းရံဆရာတွေက တခါတည်း အများကြီးဖျော်ပြီး လုပ်တတ်ပါတယ်။

နေ့လည် ထမင်းစားနားတော့ ရေကန်လေးလုပ်ပြီး ရေထည့်ထားပါတယ်။ ထမင်းစား ပြန်လာတော့မှ ပြန်မွှေပြီး သုံးကြပါတယ်။ ၁၀ နာရီလောက်က ဖျော်ထားတဲ့ ဟာ ၂ နာရီလောက်မှ ပြန်သုံးရင် ကြာချိန် ၄ နာရီလောက်ဖြစ်သွားပြီမို့ အဲဒီမဆလာ ဆွဲအားမကောင်းတော့ပါဘူး။ လောလောဆယ် ကပ်လို့ရပေမယ့် နောက်မကြာခင် ပက်ကြားကွက်လေးတွေ ပြန်ဖြစ်မှာပါ။ ဘိလပ်မြေသုံးထားတဲ့ အရာတိုင်း စမာလာပြီဆို အစိုဓာတ်ရအောင် လုပ်ပေးပါ။

ဆိုလိုတာက ရေလောင်းပေးပါ။ ဒီနေ့ ကျောက်လောင်းရင် မနက်ဖြန် ရေလောင်းပါ။ မဆလာချောခြင်း အုတ်စီခြင်းတို့ကိုလည်း နောက်နေ့ကစလို့ ရေလောင်းပါ။ အစပိုင်းနေ့တွေမှာ ရေအစို မပြတ်ပါစေနဲ့။ ၇ ရက်လောက်ထိတော့ လောင်းပေးပါ။

နောက် ရေကိုလည်း သောက်လို့ရတဲ့ရေ သုံးပေးပါ။ တခြား ဆီတွေ အမဲဆီတွေ စသဖြင့်ပါတာမကောင်းပါဘူး။ ရေငန် ရေကို လုံးဝမသုံးရပါဘူး။ အငန်ဓာတ်နဲ့ သံနဲ့တွေလို့ကတော့ ပွဲကောင်းသွားပါမယ်။

ငါးနှစ် မခံပါဘူး။ ကျောက် သဲတွေလည်း သန့်ရပါမယ်။ရေနဲ့ဆေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ သဲကလည်း မြစ်သဲထက် ကုန်းသဲက ပိုသန့်ပြီး ပို ဆွဲအားကောင်းပါတယ်။ ရှတတရှိတဲ့ ပျဉ်ပုံသဲ နာမည်ကြီးနေတာ အဲဒါကြောင့်ပါ။

မြစ်သဲက ဇောင်းလုံးပြီး နုလို့ သဲချင်းယှဉ်ရင် ကုန်းသဲက ပိုကောင်းပါတယ်။ ကျောက်လဲ အလုံးတွေ အပြားတွေထက် ဇောင်းပါပြီး အရွယ်စုံတဲ့ ကျောက်က ပိုကောင်းပါတယ်။ အခုနောက်ပိုင်း chipping လို့ခေါ်တဲ့ ခွဲကျောက်တွေ ရနေပါပြီ။

အဲဒါ ဆိုက်စုံရောပြီး သုံးနိုင်ရင်ပို ကောင်းပါတယ်။ မုပ္ပလင်ကျောက်ဆိုတာ နာမည်ကြီးပါတယ်။ ဘိလပ်မြေဖျော်ရာမှာလဲ တခါတခါ လောင်းရင် တံဆိပ်တူတာပဲသုံးပါ။ ဆင်ဆိုဆင် မြင်းဆိုမြင်း ကြံ့ဆိုကြံ့ ဆိုလိုတာပါ။ ဆင်နဲ့ မြင်းရောပြီးဖျော်ရင် setting time မတူလို့ ပြဿနာရှိတတ်ပါတယ်။

ဒါလေးတွေဟာ ဘာမှလည်းပိုကုန် ပိုလုပ်လိုက်ရတာ မဟုတ်ပဲနဲ့ ခိုင်ခန့်မှုကို အများကြီးကွာသွားစေပါတယ်။ ရိုးရိုး အရပ်သား အိမ်ရှင်တွေလည်းနားလည်လို့ လုပ်လို့ရလို့ပါ။

Crd

Zawgyi

ပန္းရံဆရာႀကီးေတြ ေ နတဲ့တိုင္းျပည္ ( အရပ္ထဲမွာ အိမ္ေဆာက္ေတာ့ ပန္းရံဆရာေတြကို မလွန္ရဲပါဘူး။ သူတို႔က ဆရာႀကီးေတြပါပဲ….ဒီလို ပန္းရံဆရာႀကီးေတြနဲ႔ ယွဥ္ေျပာႏိုင္ေအာင္ ဒီစာေလးဖတ္လိုက္ပါ…)

အရပ္ထဲမွာ အိမ္ေဆာက္ေတာ့ ပန္းရံဆရာေတြကို မလွန္ရဲပါဘူး။ သူတို႔က ဆရာႀကီးေတြပါပဲ။ တစ္ကယ္လည္း ဆရာေတြပါပဲ။ ႏွစ္ေပါင္းမ်ားစြာ လက္ေတြ႕လုပ္လာခဲ့တာပဲေလ။ သို႔ေပမယ့္ တခ်ိဳ႕ ပညာရပ္အသိေလးေတြေတာ့ ညႇိယူသင့္ပါတယ္။ ခ်ာင္းပါရင္ RCဆိုၿပီး Okay ပါၿပီ။ အဲဒီမွာ Cover လို႔ေခၚတဲ့ သံေခ်ာင္းရဲ႕ အစြန္ဆုံးမ်က္ႏွာျပင္ဟာ ကြန္ကရစ္ထဲျမဳ ပ္ေနေစရပါတယ္။

ေအာက္ဆုံး အုတ္ဖိနပ္ footing လို ေျမႀကီးနဲ႔ ထိေနတဲ့ ေနရာမ်ိဳးမွာ အနည္းဆုံး ၂ လက္မေလာက္ ေဘးက ေက်ာက္ပုံးနဲ႔ သံ ကြာေနေစရပါမယ္။ ေရငန္ေဒသေတြဘက္မွာဆို ၃ လက္မေလာက္ရွိသင့္ပါတယ္။

တိုင္တို႔ ယက္မတို႔ မွာဆို ေက်ာက္ပုံးနဲ႔သံဟာ ၁ လက္မ , ၁ လက္မခြဲ ေလာက္ ကြာေနေစရပါမယ္။ slab ၾကမ္းခင္းမွာ ဆိုရင္ေတာ့ ေအာက္ေျခ သံနဲ႔ အထပ္သားဟာ ၃ မတ္, ၁လက္မ ေလာက္ ကြာေနသင့္ပါတယ္။

အဲလို အတိအက် သေဘာမ်ိဳးရေအာင္ ႏွစ္လက္မ ပိုက္ကေလးကို သံျဖတ္လႊကေလးနဲ႔လိုသလို ျဖတ္ၿပီး ဘိလပ္ေျမသဲ ၁ဆ ၁ဆ ေလာက္ေရာၿပီး ေက်ာက္ ခပ္ႏုပ္ႏုပ္ရွိရင္လည္း ၁ း ၂း ၃ အခ်ိဳးနဲ႔ ဘေလာက္တုံးေလးေတြႀကိဳ လုပ္ထားရင္ တိက်တဲ့ အတိုင္းအတာကိုရေစပါတယ္။ ဝါယာေလးေတြျဖတ္ၿပီး ထည့္ထားရင္ သံကို ခ်ည္ထားလို႔ရလို႔ ေနရာမေ႐ြ႕ေတာ့ပါဘူး။

အရပ္ထဲက ပန္းရံလက္သမားက ေက်ာက္ခဲေလးေတြ ခံတတ္ပါတယ္။ တစ္ကယ္ေလာင္းတဲ့အခါ အဲဒီေက်ာက္ေတြ ေ႐ြ႕ကုန္ၿပီး သံအတြက္ လုံေလာက္တဲ့ cover မရေတာ့ပါဘူး။ အဲဒါမရေတာ့ ဘာျဖစ္လဲကြာ ဆိုေတာ့။ ရန္ကုန္က တိုက္ခန္းတြဲေတြ မွာ အေပၚေမာ့ၾကည့္လိုက္ရင္ အေပၚထပ္ slab က မ်က္ႏွာၾကက္မွာ သံေခ်ာင္းေတြ ေပၚေနတာေတြ ျဖစ္တတ္တာပါ။

သံေခ်ာင္းဟာ လုံေလာက္တဲ့ အကာအကြယ္မရလို႔ ျပင္ပက အစိုဓာတ္နဲ႔ထိၿပီး သံေခ်ာင္းေဆြးကာ slabရဲ႕ ခံႏိုင္အားနဲ႔ သက္တမ္းကို အျမန္ဆုံးတိုေစပါတယ္။ သံေတြအမ်ားႀကီးထည့္လို႔ ခိုင္မွာပဲဆိုတာ မဟုတ္ပါဘူး။

Slabေတြမွာ သံေခ်ာင္း ၂ လႊာေတာင္ ထည့္ထားတာ ေကာင္းလွၿပီ မထင္ပါနဲ႔ ။ အဲဒီ ၂ လႊာက ပူးမေနေစရပါဘူး။ ၂ လႊာၾကား ကြာေနေအာင္ သံဘဲေျခေထာက္ေလးေတြ ၃ ၄ ေပျခား တစ္ခုစီေလာက္ ထည့္ေပးပါ။ ေနာက္ထပ္က ဘိလပ္ေျမရဲ႕ ၾကာခ်ိန္ပါ။ ပုံမွန္ ဘိလပ္ေျမဟာ ေရနဲ႔ထိၿပီး နာရီဝက္ေလာက္ကေန စၿပီး ခဲပါတယ္။

၁၀နာရီေလာက္မွာ ခဲတဲ့ဓာတ္ျပဳျခင္း ၿပီးပါတယ္။ ဒါေၾကာင့္ သဲ ဘိလပ္ေျမမဆလာ ေက်ာက္သဲဘိလပ္ေျမကြန္ကရစ္တို႔ကို နာရီဝက္ တစ္နာရီအတြင္း ကုန္ေအာင္ သုံးခိုင္းပါ။ အဲဒါမွ ဆြဲအားေကာင္းေစပါတယ္။ ပန္းရံဆရာေတြက တခါတည္း အမ်ားႀကီးေဖ်ာ္ၿပီး လုပ္တတ္ပါတယ္။

ေန႔လည္ ထမင္းစားနားေတာ့ ေရကန္ေလးလုပ္ၿပီး ေရထည့္ထားပါတယ္။ ထမင္းစား ျပန္လာေတာ့မွ ျပန္ေမႊၿပီး သုံးၾကပါတယ္။ ၁၀ နာရီေလာက္က ေဖ်ာ္ထားတဲ့ ဟာ ၂ နာရီေလာက္မွ ျပန္သုံးရင္ ၾကာခ်ိန္ ၄ နာရီေလာက္ျဖစ္သြားၿပီမို႔ အဲဒီမဆလာ ဆြဲအားမေကာင္းေတာ့ပါဘူး။ ေလာေလာဆယ္ ကပ္လို႔ရေပမယ့္ ေနာက္မၾကာခင္ ပက္ၾကားကြက္ေလးေတြ ျပန္ျဖစ္မွာပါ။ ဘိလပ္ေျမသုံးထားတဲ့ အရာတိုင္း စမာလာၿပီဆို အစိုဓာတ္ရေအာင္ လုပ္ေပးပါ။

ဆိုလိုတာက ေရေလာင္းေပးပါ။ ဒီေန႔ ေက်ာက္ေလာင္းရင္ မနက္ျဖန္ ေရေလာင္းပါ။ မဆလာေခ်ာျခင္း အုတ္စီျခင္းတို႔ကိုလည္း ေနာက္ေန႔ကစလို႔ ေရေလာင္းပါ။ အစပိုင္းေန႔ေတြမွာ ေရအစို မျပတ္ပါေစနဲ႔။ ၇ ရက္ေလာက္ထိေတာ့ ေလာင္းေပးပါ။

ေနာက္ ေရကိုလည္း ေသာက္လို႔ရတဲ့ေရ သုံးေပးပါ။ တျခား ဆီေတြ အမဲဆီေတြ စသျဖင့္ပါတာမေကာင္းပါဘူး။ ေရငန္ ေရကို လုံးဝမသုံးရပါဘူး။ အငန္ဓာတ္နဲ႔ သံနဲ႔ေတြလို႔ကေတာ့ ပြဲေကာင္းသြားပါမယ္။

ငါးႏွစ္ မခံပါဘူး။ ေက်ာက္ သဲေတြလည္း သန႔္ရပါမယ္။ေရနဲ႔ေဆးႏိုင္ရင္ေတာ့ အေကာင္းဆုံးပါပဲ။ သဲကလည္း ျမစ္သဲထက္ ကုန္းသဲက ပိုသန႔္ၿပီး ပို ဆြဲအားေကာင္းပါတယ္။ ရွတတရွိတဲ့ ပ်ဥ္ပုံသဲ နာမည္ႀကီးေနတာ အဲဒါေၾကာင့္ပါ။

ျမစ္သဲက ေဇာင္းလုံးၿပီး ႏုလို႔ သဲခ်င္းယွဥ္ရင္ ကုန္းသဲက ပိုေကာင္းပါတယ္။ ေက်ာက္လဲ အလုံးေတြ အျပားေတြထက္ ေဇာင္းပါၿပီး အ႐ြယ္စုံတဲ့ ေက်ာက္က ပိုေကာင္းပါတယ္။ အခုေနာက္ပိုင္း chipping လို႔ေခၚတဲ့ ခြဲေက်ာက္ေတြ ရေနပါၿပီ။

အဲဒါ ဆိုက္စုံေရာၿပီး သုံးႏိုင္ရင္ပို ေကာင္းပါတယ္။ မုပၸလင္ေက်ာက္ဆိုတာ နာမည္ႀကီးပါတယ္။ ဘိလပ္ေျမေဖ်ာ္ရာမွာလဲ တခါတခါ ေလာင္းရင္ တံဆိပ္တူတာပဲသုံးပါ။ ဆင္ဆိုဆင္ ျမင္းဆိုျမင္း ႀကံ့ဆိုႀကံ့ ဆိုလိုတာပါ။ ဆင္နဲ႔ ျမင္းေရာၿပီးေဖ်ာ္ရင္ setting time မတူလို႔ ျပႆနာရွိတတ္ပါတယ္။

ဒါေလးေတြဟာ ဘာမွလည္းပိုကုန္ ပိုလုပ္လိုက္ရတာ မဟုတ္ပဲနဲ႔ ခိုင္ခန႔္မႈကို အမ်ားႀကီးကြာသြားေစပါတယ္။ ႐ိုး႐ိုး အရပ္သား အိမ္ရွင္ေတြလည္းနားလည္လို႔ လုပ္လို႔ရလို႔ပါ။

Crd