ဧရာဝတီဘဏ္ ATMေငြထုတ္စက္ ေဖာက္ထြင္းသူမ်ားအား CCTV မွတ္တမ္းျဖင့္ ဖမ္းဆီးရမိ
ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕နယ္၊ ေယာမင္းႀကီးရပ္ကြက္၊ နဝေဒးလမ္းရွိ ဧရာဝတီဘဏ္ ATM ေငြထုတ္စက္ကို ေဖာက္ထြင္းသူမ်ားအား CCTV မွတ္တမ္းျဖင့္ ဖမ္းဆီးရမိ ခဲ့ေၾကာင္း ဒဂုံၿမိဳ႕မ ရဲစခန္းတာဝန္ရွိသူက ျပည္ျမန္မာကို ယေန႔ (ၾသဂုတ္လ ၂၄ ရက္)ေျပာသည္။
ၿပီးခဲ့သည့္ ၾသဂုတ္လ၂၁ ရက္ နံနက္ ၂ နာရီအခ်ိန္ခန႔္က ဒဂုံၿမိဳ႕နယ္၊ ေယာမင္းႀကီးရပ္ကြက္၊ နဝေဒးလမ္း ရွိ City Express Convenience Store အေရွ႕တြင္ တပ္ဆင္ထား သည့္ ဧရာဝတီဘဏ္ ATM စက္အ မ်ိဳးအစား (Wincor 280 xe) အတြင္းမွ ေငြသားမ်ားကို လူ႐ြယ္အမ်ိဳးသား ႏွစ္ဦးက ခိုးယူရန္ အႀကံျဖင့္ ဖ်က္ဆီးခဲ့ရာ ေငြမ်ားမပါသြားေသာ္လည္း ATM စက္မွာ အႀကီးစား ပ်က္စီးခဲ့၍ ဆုံးရႈံးမႈ (သိန္း ၄၀ ခန႔္) ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။
ယင္းေၾကာင့္ ဧရာဝတီဘဏ္လိမိတက္ ATM ဌာန၏ လက္ေထာက္အေထြေထြမန္ေနဂ်ာက အေရးယူေပး ပါရန္တိုင္ၾကားခဲ့ၿပီးေနာက္ ၾသဂုတ္လ ၂၃ ရက္ ညေန ၄ နာရီ အခ်ိန္ခန႔္က ဖမ္းဆီးရမိခဲ့ျခင္း ျဖစ္ေၾကာင္း အဆိုပါ တာဝန္ရွိသူက ေျပာသည္။
ျပစ္မႈက်ဴးလြန္သူမ်ားမွာ မဂၤလာေတာင္ၫႊန႔္ၿမိဳ႕နယ္၊ သစ္ေတာလိုင္းခန္း၊ ဖဆပလ ရပ္ကြက္တြင္ ေနထိုင္ ေသာ သီဟ(ခ)ရႈိင္းေအာင္ ၂၁ ႏွစ္ ႏွင့္ ကုလားေလး (ခ) သန႔္ေဇာ္မိုး ၂၃ ႏွစ္တို႔ျဖစ္ေၾကာင္း၊ ယင္းတို႔မွာ သန္လ်င္ Star City အိမ္ရာဝင္းအတြင္း ေဆးသုတ္အလုပ္သမားအျဖစ္ လုပ္ကိုင္ေနသူမ်ားျဖစ္ေၾကာင္း သိရသည္။
ယခုအခါ ျပစ္မႈက်ဴးလြန္သူမ်ားအား ဒဂုံၿမိဳ႕မရဲစခန္းတြင္ (ပ)၁၆၅/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ ၃၇၉/ ၄၂၇/၅၁၁ တို႔ျဖင့္ အမႈဖြင့္ အေရးယူထားသည္ဟု သိရသည္။
ေကာင္းျမတ္ရာ
ဓာတ္ပုံ – ဒဂုံၿမိဳ႕မရဲစခန္း
ျပည္ျမန္မာ
Unicode
ဧရာဝတီဘဏ် ATMငွေထုတ်စက် ဖောက်ထွင်းသူများအား CCTV မှတ်တမ်းဖြင့် ဖမ်းဆီးရမိ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ နဝဒေးလမ်းရှိ ဧရာဝတီဘဏ် ATM ငွေထုတ်စက်ကို ဖောက်ထွင်းသူများအား CCTV မှတ်တမ်းဖြင့် ဖမ်းဆီးရမိ ခဲ့ကြောင်း ဒဂုံမြို့မ ရဲစခန်းတာဝန်ရှိသူက ပြည်မြန်မာကို ယနေ့ (သြဂုတ်လ ၂၄ ရက်)ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ၂၁ ရက် နံနက် ၂ နာရီအချိန်ခန့်က ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ နဝဒေးလမ်း ရှိ City Express Convenience Store အရှေ့တွင် တပ်ဆင်ထား သည့် ဧရာဝတီဘဏ် ATM စက်အ မျိုးအစား (Wincor 280 xe) အတွင်းမှ ငွေသားများကို လူရွယ်အမျိုးသား နှစ်ဦးက ခိုးယူရန် အကြံဖြင့် ဖျက်ဆီးခဲ့ရာ ငွေများမပါသွားသော်လည်း ATM စက်မှာ အကြီးစား ပျက်စီးခဲ့၍ ဆုံးရှုံးမှု (သိန်း ၄၀ ခန့်) ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ယင်းကြောင့် ဧရာဝတီဘဏ်လိမိတက် ATM ဌာန၏ လက်ထောက်အထွေထွေမန်နေဂျာက အရေးယူပေး ပါရန်တိုင်ကြားခဲ့ပြီးနောက် သြဂုတ်လ ၂၃ ရက် ညနေ ၄ နာရီ အချိန်ခန့်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။
ပြစ်မှုကျူးလွန်သူများမှာ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သစ်တောလိုင်းခန်း၊ ဖဆပလ ရပ်ကွက်တွင် နေထိုင် သော သီဟ(ခ)ရှိုင်းအောင် ၂၁ နှစ် နှင့် ကုလားလေး (ခ) သန့်ဇော်မိုး ၂၃ နှစ်တို့ဖြစ်ကြောင်း၊ ယင်းတို့မှာ သန်လျင် Star City အိမ်ရာဝင်းအတွင်း ဆေးသုတ်အလုပ်သမားအဖြစ် လုပ်ကိုင်နေသူများဖြစ်ကြောင်း သိရသည်။
ယခုအခါ ပြစ်မှုကျူးလွန်သူများအား ဒဂုံမြို့မရဲစခန်းတွင် (ပ)၁၆၅/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ ၄၂၇/၅၁၁ တို့ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။
ကောင်းမြတ်ရာ
ဓာတ်ပုံ – ဒဂုံမြို့မရဲစခန်း
ပြည်မြန်မာ