COVID-19 ကာကြယ္ေရးအပူခ်ိန္တိုင္းကင္မရာ ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းသားမ်ားစမ္းသပ္ေအာင္ျမင္
COVID-19 ကာကြယ္ထိန္းခ်ဳပ္ေရးအေထာက္အကူျပဳ အပူခ်ိန္တိုင္းကင္မရာ ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းသားမ်ား တီထြင္စမ္းသပ္ေအာင္ျမင္
ကခ်င္ျပည္နယ္၊ဗန္းေမာ္ၿမိဳ႕တြင္ COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအေထာက္အကူျပဳ အပူခ်ိန္တိုင္း ကင္မရာအား ကြန္ပ်ဴတာတကၠသိုလ္(ဗန္းေမာ္)ေက်ာင္းသားမ်ားက တီထြင္စမ္းသပ္ေအာင္ျမင္ခဲ့ၿပီး တစ္လအတြင္း ကင္မရာ(၁၀)လုံးခန႔္ တီထြင္ထုတ္လုပ္သြားမည္ျဖစ္ေၾကာင္း ၾသဂုတ္ ၂၄ ရက္ေန႔က သိရသည္။
COVID-19 ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးအေထာက္အကူျပဳ အပူခ်ိန္တိုင္းတာသည့္ ကင္မရာသည္ အလြန္သက္သာသည့္ ေငြက်ပ္ေျခာက္ေသာင္းက်ပ္ျဖင့္ ေအာင္ျမင္စြာတီထြင္ဖန္တီးခဲ့ၿပီး တယ္လီဖုန္းျဖင့္လည္းေကာင္း၊ Smart TV ျဖင့္လည္းေကာင္း မွတ္တမ္းတင္ႏိုင္သည့္အျပင္ TV ႏွင့္ တယ္လီဖုန္းမပါဘဲ ကင္မရာ၏ LCD ျဖင့္လည္း တိုင္းတာမႈရလဒ္မ်ား ပုံရိပ္မ်ားကိုလည္း ၾကည့္ရႈႏိုင္ကာ SD Card ျဖင့္လည္း မွတ္တမ္းတင္ေစာင့္ၾကည့္ႏိုင္သည္။
“COVID-19 ကာလအတြင္း ေက်ာင္းမ်ား၊႐ုံးအဖြဲ႕အစည္းမ်ားအတြင္း လူတစ္ဦးမွေန၍ ကင္မရာအား ကိုင္တြယ္ၿပီး အပူခ်ိန္တိုင္းတာစရာမလိုဘဲ ကင္မရာေရွ႕ ရပ္႐ုံျဖင့္ အပူခ်ိန္တိုင္းတာမွတ္တမ္းတင္ႏိုင္ျခင္း၊ အင္တာနက္လိုင္းရရွိပါက ဖုန္းျဖင့္ ေစာင့္ၾကည့္စစ္ေဆးႏိုင္ျခင္း၊ လူလူခ်င္း ထိေတြ႕မႈ မရွိေစျခင္း၊အခ်ိန္ လုပ္သားအင္အား ေငြကုန္ေၾကးက် သက္သာေစျခင္း၊ လွ်ပ္စစ္မီးမရသည့္ ေနရာမ်ား၌ ဓာတ္ခဲျဖင့္ အသုံးျပဳႏိုင္ျခင္း စသည့္တို႔အျပင္ သတ္မွတ္အပူခ်ိန္ ေက်ာ္လြန္ပါက သတိေပးစနစ္လည္း တီထြင္ထည့္သြင္းပါရွိပါတယ္”ဟု ေက်ာင္းအုပ္ဆရာမႀကီး ဒုတိယပါေမာကၡခ်ဳပ္ေဒါက္တာေမၿဖိဳးဦး က ေျပာသည္။
ကြန္ပ်ဴတာတကၠသိုလ္(ဗန္းေမာ္)မွ ေက်ာင္းအုပ္ႀကီး ဒုတိယပါေမာကၡခ်ဳပ္ ေဒါက္တာေမၿဖိဳးဦး ဦးေဆာင္ႀကီးၾကပ္၍ ေက်ာင္းသားမ်ားျဖစ္သည့္ ေမာင္ႏိုင္ဝင္းေအာင္၊ ေမာင္ပိုင္ေဝယံခန႔္၊ ေမာင္ထက္ယံေက်ာ္၊ေမာင္ယဥ္ေအာင္ႏွင့္ ေမာင္ဂြမ္ဂူလတ္ တို႔က သုံးလၾကာ တီထြင္ဖန္တီးႀကိဳးစားခဲ့ၿပီး လိုအပ္သည့္ ဆက္စပ္ပစၥည္းမ်ားအား ျမတ္မင္း အီလက္ထေရာနစ္ဆိုင္(ဗန္းေမာ္)က ပံ့ပိုးကူညီေပးခဲ့သည္။
အပူခ်ိန္တိုင္းတာသည့္ ကင္မရာတီထြင္ေအာင္ျမင္ခဲ့ၿပီးေနာက္ အခ်ိန္တစ္လအတြင္း ကင္မရာ(၁၀)လုံးခန႔္ တီထြင္ထုတ္လုပ္သြားမည္ျဖစ္ၿပီး တကၠသိုလ္မ်ား၊စာသင္ေက်ာင္းမ်ား၊ၿမိဳ႕အဝင္အထြက္ဂိတ္မ်ား၌ အခမဲ့တပ္ဆင္ေပးသြားမည္ျဖစ္ေၾကာင္း၊ ဆက္လက္ၿပီး အပူခ်ိန္တိုင္းတာသည့္ စက္႐ုပ္ကိုလည္း တီထြင္ဖန္တီးသြားမည္ျဖစ္ေၾကာင္း သိရသည္။
Credit:akonthi
Unicode
COVID-19 ကာကွယ်ရေးအပူချိန်တိုင်းကင်မရာ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများစမ်းသပ်အောင်မြင်
COVID-19 ကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြု အပူချိန်တိုင်းကင်မရာ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားများ တီထွင်စမ်းသပ်အောင်မြင်
ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြု အပူချိန်တိုင်း ကင်မရာအား ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)ကျောင်းသားများက တီထွင်စမ်းသပ်အောင်မြင်ခဲ့ပြီး တစ်လအတွင်း ကင်မရာ(၁၀)လုံးခန့် တီထွင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၄ ရက်နေ့က သိရသည်။
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြု အပူချိန်တိုင်းတာသည့် ကင်မရာသည် အလွန်သက်သာသည့် ငွေကျပ်ခြောက်သောင်းကျပ်ဖြင့် အောင်မြင်စွာတီထွင်ဖန်တီးခဲ့ပြီး တယ်လီဖုန်းဖြင့်လည်းကောင်း၊ Smart TV ဖြင့်လည်းကောင်း မှတ်တမ်းတင်နိုင်သည့်အပြင် TV နှင့် တယ်လီဖုန်းမပါဘဲ ကင်မရာ၏ LCD ဖြင့်လည်း တိုင်းတာမှုရလဒ်များ ပုံရိပ်များကိုလည်း ကြည့်ရှုနိုင်ကာ SD Card ဖြင့်လည်း မှတ်တမ်းတင်စောင့်ကြည့်နိုင်သည်။
“COVID-19 ကာလအတွင်း ကျောင်းများ၊ရုံးအဖွဲ့အစည်းများအတွင်း လူတစ်ဦးမှနေ၍ ကင်မရာအား ကိုင်တွယ်ပြီး အပူချိန်တိုင်းတာစရာမလိုဘဲ ကင်မရာရှေ့ ရပ်ရုံဖြင့် အပူချိန်တိုင်းတာမှတ်တမ်းတင်နိုင်ခြင်း၊ အင်တာနက်လိုင်းရရှိပါက ဖုန်းဖြင့် စောင့်ကြည့်စစ်ဆေးနိုင်ခြင်း၊ လူလူချင်း ထိတွေ့မှု မရှိစေခြင်း၊အချိန် လုပ်သားအင်အား ငွေကုန်ကြေးကျ သက်သာစေခြင်း၊ လျှပ်စစ်မီးမရသည့် နေရာများ၌ ဓာတ်ခဲဖြင့် အသုံးပြုနိုင်ခြင်း စသည့်တို့အပြင် သတ်မှတ်အပူချိန် ကျော်လွန်ပါက သတိပေးစနစ်လည်း တီထွင်ထည့်သွင်းပါရှိပါတယ်”ဟု ကျောင်းအုပ်ဆရာမကြီး ဒုတိယပါမောက္ခချုပ်ဒေါက်တာမေဖြိုးဦး က ပြောသည်။
ကွန်ပျူတာတက္ကသိုလ်(ဗန်းမော်)မှ ကျောင်းအုပ်ကြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာမေဖြိုးဦး ဦးဆောင်ကြီးကြပ်၍ ကျောင်းသားများဖြစ်သည့် မောင်နိုင်ဝင်းအောင်၊ မောင်ပိုင်ဝေယံခန့်၊ မောင်ထက်ယံကျော်၊မောင်ယဉ်အောင်နှင့် မောင်ဂွမ်ဂူလတ် တို့က သုံးလကြာ တီထွင်ဖန်တီးကြိုးစားခဲ့ပြီး လိုအပ်သည့် ဆက်စပ်ပစ္စည်းများအား မြတ်မင်း အီလက်ထရောနစ်ဆိုင်(ဗန်းမော်)က ပံ့ပိုးကူညီပေးခဲ့သည်။
အပူချိန်တိုင်းတာသည့် ကင်မရာတီထွင်အောင်မြင်ခဲ့ပြီးနောက် အချိန်တစ်လအတွင်း ကင်မရာ(၁၀)လုံးခန့် တီထွင်ထုတ်လုပ်သွားမည်ဖြစ်ပြီး တက္ကသိုလ်များ၊စာသင်ကျောင်းများ၊မြို့အဝင်အထွက်ဂိတ်များ၌ အခမဲ့တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး အပူချိန်တိုင်းတာသည့် စက်ရုပ်ကိုလည်း တီထွင်ဖန်တီးသွားမည်ဖြစ်ကြောင်း သိရသည်။
Credit:akonthi