ဗဟုသုတ

သားသမီး၃ယောက်နဲ့ မြေး၃ယောက်ရှိပြီးသော်လည်း ရွှေငွေလက်ဖွဲ့စုံနဲ့အတူ မိသားဖသားပီပီ တောင်းရမ်းလက်ထပ်ယူခြင်းခံခဲ့ရသော အမျိုးသမီးကြီး









Rain (For Ialinks)

Unicode

သားသမီး၃ယောက်နဲ့ မြေး၃ယောက်ရှိပြီးသော်လည်း ရွှေငွေလက်ဖွဲ့စုံနဲ့အတူ မိသားဖသားပီပီ တောင်းရမ်းလက်ထပ်ယူခြင်းခံခဲ့ရသော အမျိုးသမီးကြီး

လောကကြီးရှိ မိန်းကလေးတိုင်းသည် ကိုယ်ချစ်တဲ့သူတွေဆီကနေ လူကြီးစုံရာနဲ့ တင်တောင်းတာမျိုးကိုပဲ လိုချင်တပ်မက်ကြသည်။

သို့ဖြစ်၍ ကမ္ဘောဒီးယားနိုင်ငံမှ အသက်၅၀ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးသည် ခင်ပွန်းဖြစ်သူ ဆုံးပါးသွားသည့်နောက် မုဆိုးမဘဝနဲ့ သားသမီးတွေကို တစ်ယောက်တည်း ရှာဖွေကျွေးမွေးစောင့်ရှောက်ပေးခဲ့သည်။

အမျိုးသမီးရဲ့ သားသမီးတွေကလည်း အရွယ်ရောက်ကုန်ပြီး အိမ်ထောင်ရပ်သားကျကာ မြေးလေးသုံးယောက်ရချိန်မှာတော့ ကံကောင်းစွာပဲ သူမဘဝကိုနားလည်ပေးကာ ကြင်နာတတ်သောအမျိုးသားတစ်ဦးနဲ့ တွေ့ဆုံစေခဲ့သည်။

ထိုအမျိုးသားသည် သားသမီးသုံးယောက်၊မြေးသုံးယောက်ပိုင်ဆိုင်ထားသော အမျိုးသမီးကို တကယ်ချစ်ကြိုက်ကာ ရပ်ကွက်ထဲက လူကြီးစုံရာနဲ့အတူ သူချစ်တဲ့သူကို ရွှေငွေအပြည့်အစုံနဲ့ တောင်းရမ်းလက်ထပ်ယူခဲ့ရာ အများမှ အားကျနေခဲ့ကြသည်။

Rain (For Ialinks)

Crd