မြန်မာပြည် ရဲ့ နာမည်ကျော် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ ကို ဒေါ်အေးခင် ဆိုသူ အမျိုးသမီးကြီးတစ်ဦးက ဆောက်လုပ် ခဲ့ကြောင်း မြစ် ဖြစ်သူက လူမှုကွန် ယက်မှာ မျှဝေထားတာ ဖတ်ရပါတယ်။
ဒီကနေ့ ကမ္ဘာကျော် အိမ်ကြီးကို အဘွား ဒေါ်အေးခင် ကိုယ်တိုင် အင်းယား ကန်စပ်မှာမြေ ၂ ဧကကို တန်ဖိုး ၈၀၀၀၀ ကျပ် နှင့် ဝယ်ယူပြီး England မှ architect ကို ဒီဇိုင်းအပ်နှံ ပြီး ဆောက် လုပ်ခဲ့ရာ ကျပ်ငွေ ၁၅၀၀၀၀ ခန့် ကုန်ကြခဲ့ပါတယ်။

ဗိုလ်ချုပ်လု ပ်ကြံခံရပြီးေ နာက်ပိုင်း ကျန်ရစ်သူ ဒေါ်ခင်ကြည်နဲ့ သားသမီး များကို နိုင်ငံတော် က တာဝန်အရ စောင့်ရှောက်ဖို့ ဒေါ်ခင်ကြည်ကို မေးတဲ့အ ခါ ကန်စပ်နှင့် အိမ်အ မျိုးအစားကို ကြိုက်တဲ့အကြောင်း ပြောပါတယ်။
အဲဒီအချိ န်က ရန်ကုန် အင်းယားက ကန်စပ်မှာ ဆောက်ထားတဲ့ အိမ် သုံးလုံးတိတိ ပဲရှိတာပါ။ သတင်းစာသမား တစ်ယောက်ရဲ့ အိမ်ရယ်၊ မျက်နှာဖြူစာသင်ေ ကျာင်းဖွင့်ထားတဲ့ အိမ်နဲ့ အဘွား ဒေါ်အေးခင်ရဲ့ ခြံအမှတ် ၅၄ ဖြစ်ပါတယ်။
အဘွား ဒေါ်အေးခင် ရဲ့ ခြံဟာ အဲဒီအချိန်က ဂရံ ပေါင်ထားတဲ့ အတွက် ငွေကြေးအလုံအေ လာက်နဲ့ ရွေးရန်ကြိုးစားနေတဲ့ အချိန် မရွေးနိုင်ခဲ့ဘဲ နိုင်ငံေ တာ်ဝန်ကြီးချုပ် ဦးနုက တဆင့် (ဒေါ်ခင်ကြည်၏ ပယောဂ တစ်စုံတရာမပါပါ) ဒေါ်ခင်ကြည် လက်ထဲေ ရာက်ခဲ့တာ ဖြစ်တယ်လို့ မူရင်းအိ မ်ပိုင်ရှ င်ရဲ့ မြစ်ဖြစ်သူက ရေးခဲ့ပါတယ်။

ဆက်လက်ပြီး ခြံအမှတ် ၅၄ မူလပိုင်ရှင် မိသားစုရဲ့ သက်ရှိဆွေမျိုးတစ်ယောက်ရဲ့ ရေးသားချက်အတိုင်း အောက်မှာ တိတိကျကျ ပြန်လည် ဖော်ပြလိုက်ပါတယ်။
အိမ်ပိုင်ရှင် အဘွား ဒေါ်အေးခင် (ရန်ကုန် ဇာတိ) နဲ့ အဘိုးဦးကံမြင့် ( သုံးခွ ဇာတိ) တို့မှာ ကျွန်မ အဖွား ဒေါ်အုန်းကြည် အပါအဝင် သားသမီး ၆ ဦးထွန်း ကားခဲ့ပါတယ်။
အဘိုးဦးကံမြင့်ဟာ ငယ်ရွယ်စဉ်မှာပဲ ရောဂါနဲ့ဆုံးပါးသွားရလို့ သားသမီးများနဲ့ ကျန်ခဲ့တဲ့ အဘွားကိုအဘိုးရဲ့ ညီအရင်းဖြစ်သူ ဦး သိန်းမောင်နဲ့ လက်ထပ်စေခဲ့ပါတယ်။ ဦးသိန်းမောင်နဲ့ သားတစ်ဦး ထပ်မံထွန်းကားခဲ့ပါတယ်။
စစ်ကြီးပြီးသွားချိန်မှာ ဦးသိန်းမောင်ဟာ စစ်တွင်းလက် ကျန်ပစ္စည်းများ လေလံတင်ရာမှာ စီးပွားရေးလုပ်လို သဖြင့် အဘွား ဒေါ်အေးခင်နှင့် ပြောဆိုကြရာ သဘောတူညီမှု မရသဖြင့် အိမ်ဂရံကို ပေါင်၍ လုပ်ကိုင်ရန်ကြိုးစားခဲ့ပါသည်။
ဒေါ်အေးခင် မကျန်း မာနေခိုက် ဘဏ်တွင်လူစားထိုး လက်မှတ်ထိုး၍ ပေါင်ခဲ့ပါသည်။ ထိုအတောအတွင်းမှာပဲဒေါ်အေးခင်မှာ အသက် ၅၀ မပြည့်မှီတွင်ပဲ နာမကျန်းဖြစ်ကာ ဆုံးပါးခဲ့ပါသည်။ အဘိုးရော အဘွားမှာ ၎င်း တို့ကိုယ်တိုင်ေ ဆာက်ခဲ့ပြီးမြတ် နိုးလှသော အိမ်ကြီးတွင်ပင် သက်တမ်းစေ့ မနေရပဲ ခေါင်းချခဲ့ကြသည်။

ဒေါ်အေးခင်၏သမီးရင်း ကျွန်မ၏အဖွား ဒေါ်အုန်းကြည် မှာ အဖိုး ဦးကျင်သောင်းနဲ့ လက်ဆက်ခဲ့ပြီး သားသမီး ၇ ယောက် အဖတ်တင်ခဲ့ပါတယ်။ ဒေးဒရဲသား အဖိုးနှင့်အဖွား၏ ပထမသားသမီး ၅ ယောက်မြောက်ထိ ခြံအမှတ် ၅၄ မှာ ပဲ မွေးဖွား နေထိုင်ကြီးပြင်းခဲ့ရပြီးထို ၅ ဦးထဲက ၄ ဦးမှာ ယခုထိ သက်ရှိထင်ရှား ရှိနေပါတယ်။ တစ်ဦးကတော့ ကွယ်လွန်သွားပါပြီ။
အငယ်ဆုံး နှစ်ယောက်ဖြစ်တဲ့ ကျွန်မ အမေနဲ့ အဒေါ်ကိုတော့ အမှတ် ၅၄ ကနေ ရွှေ့ပြောင်းခဲ့ရပြီးမှ ဆရာစံလမ်းက အိမ်အသစ်တွင် မွေးဖွားခဲ့ပါသည်။
ဤ အကြောင်းများဖော်ပြရာတွင်
*သမိုင်းရေးရာတွင် ဖယ်ချန်ခဲ့၍ မရသော အမွေအနှစ်တစ်ခုအကြောင်း ပိုမိုသိရှိစေချင်ခြင်း
*မိမိ အဘိုး အဘွား များဆောက်ခဲ့၍ ဂုဏ်ယူမိခြင်း
*ထိုအိမ်ကြီးသည် နိုင်ငံတွင် အလွန်အရေးပါသော အခန်းကဏ္ဍ များစွာတွင် အထောက်အပံ့ ဖြစ်ခဲ့ခြင်း စတဲ့ အချက်တွေကြောင့် မိမိဘဝတွင် အမှတ်တရ ဖြစ်ခဲ့ရခြင်းတို့သာ စိတ်ထဲရှိပါသည်။ မည်သည့် လူမှုရေး စီးပွားရေး နိုင်ငံရေး ကျော်ကြားရေးအကျိုး အမြတ် တစုံတရာမျှ ပါဝင်ပတ်သ တ်လိုမှု တစိုးတစဉ်းမျှ မရှိပါကြောင်း ပြတ်သားစွာအ သိပေးအပ်ပါတယ်ရှင်။

ယခုကဲ့သို့ဖော်ပြရာတွင် မိမိတို့ အမျိုးသာ ခြံပိုင်ရှင် အစစ်အမှန်ဖြစ်သည် ဟု ပြောလိုခြင်း လုံးဝ မပါဝင်ပါ“မူလပိုင်ရှင်” သာဖြစ်ပါသည်။

Social Media ပေါ်တွင် အဓိပ္ပါယ် သွေလဲ သွားစေသော အရေးအသားများအား တွေ့ရသဖြင့် ထပ်မံ ဖြည့်စွက်လိုက်ပါသည်။ မည်သည့် interview ကိုမျှလဲ ဖြေကြားရန် အစီအစဉ်မရှိပါ။ ကျေးဇူးတင်ပါသည်ရှင်။ (အထက်ပါအကြောင်းအရာများကို ဒေါ်ဝတ်ရည်ဖြူ ဖေ့စ်ဘုတ် အကောင့်မှ ပြည်သူအများ ဗဟုသု တရစေရန် အကြောင်းအရာ မှန်ကန်စွာ သိစေရန် ကူးယူဖော်ပြပါသည်) Crd…



