ဘဝဆိုတာ လုပ်စရာကိစ္စတွေ တသီကြီးနဲ့ ပြီးဆုံးတယ် မထင်ရတဲ့ ခရီးရှည်ကြီးတစ်ခုပါ။ အခုကိုပဲ ကိုယ့်ရဲ့ To-Do List ကို ကြည့်လိုက်ပါ။ ကိုယ့်မှာ အခုလုပ်နေတာအပြင် ဘာတွေ လုပ်ဖို့ ရှိသေးလဲ ဆိုတာ အများကြီး တွေ့ရပါလိမ့်မယ်။
ဒီလိုများပြားလှတဲ့ လုပ်စရာအလုပ်တွေနဲ့ လုပ်ချင်တဲ့ အလုပ်တွေအကြားမှာ ပိတ်လှောင်နေကြရင်းနဲ့ ပန်းတိုင်ပျောက်တဲ့သူတွေလည်း အများကြီး ရှိမှာပါ။ ဒါကြောင့် နေ့စဉ်ပန်းတိုင်ဆီ အရောက်သွားရာမှာ ရှောင်သင့်တဲ့အကျင့်တစ်ချို့အကြောင်း ပြောပြချင်ပါတယ်။
(၁) လုပ်စရာအများကြီး စုပြုံလုပ်ခြင်း
လုပ်စရာတွေ ပိနေလို့ ယောက်ယက်ခတ် ဗျာများနေသူတွေ ကို တွေ့ဖူးမှာပါ။ သူတို့ကို ကြည့်လိုက်ရင် နှုတ်ဆက်စကား လေး ပြောဖို့တောင် အချိန်မရလောက်အောင် အလုပ်များ နေသလိုမျိုး။ ဒါပေမယ့် သူတို့အလုပ်ရဲ့ ရလဒ်ကို သွား ကြည့်တော့ ဘာမှမယ်မယ်ရရ ပြစရာမရှိတာမျိုး တွေ့ရမှာ ပါ။
ဒါဟာ သူတို့အလုပ်မလုပ်လို့ မဟုတ်ဘဲ အကုန်လုံးကို တစ်ခါတည်း လုပ်ချလိုက်လို့ ဖြစ်ပါတယ်။အလုပ်လုပ်ရာမှာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန်နဲ့ ပြီးဆုံးစေဖို့ အရေးကြီးတဲ့ အချက်က တစ်ချိန်မှာ တစ်ခုပဲ အာရုံစိုက်ပြီး လုပ်ဖို့ပါပဲ။
တစ်ချိန်မှာ အရာတစ်ခုကိုပဲ အာရုံစိုက်ထားနိုင် ခြင်းဟာ အလုပ်မှာ တော်တဲ့သူ ၊ ထုတ်လုပ်မှုအားကောင်း တဲ့သူ ဖြစ်စေတဲ့ အချက်လည်း ဖြစ်ပါတယ်။
(၂) ကြုံသလို ဖြေရှင်းခြင်း
အောင်မြင်မှု အခိုင်အမာရထားတဲ့သူတွေဟာ အရာရာကို ကြိုစဉ်းစားထားသူတွေ ဖြစ်ပါတယ်။ နောင်ခါလာ နောင် ဈေးဆိုပြီး လွှတ်ချမထားပါဘူး။ သူတို့ ပြင်ဆင်နိုင်တဲ့ အရာကို မနားတမ်း ကြိုတင်ပြင်ဆင်တယ်။
နေ့တိုင်း လေ့ကျင့်ပါတယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ စွမ်းဆောင်မှုဟာ အပြစ်အနာအဆာ မရှိ ဖြစ်နေတာပါ။ ဒါကြောင့် အောင်မြင်ချင်ရင် ကြိုတင်ပြင်ဆင်လေ့ကျင့်တဲ့ အကျင့် မွေးဖို့လိုပါတယ်။
(၃) ကိုယ့်အတွက် အားလပ်ချိန် မထားခြင်း
အောင်မြင်တဲ့သူတွေဟာ နေ့ရောညပါ မအိပ်မနေ အလုပ် ကြိုးစားကြတယ်လို့ တရားသေမှတ်ကြတာ ရှိပါတယ်။ ဒီအချက်က နားလည်မှု လွဲနေတဲ့ အချက် ဖြစ်ပါတယ်။ ဖန်တီးမှု ရှိတဲ့သူတွေနဲ့ ဆန်းသစ်တီထွင်သူတွေဟာ အသစ်အသစ်တွေ ဖော်ထုတ်ဖို့ အားလပ်တဲ့ အချိန်ပိုလေး တွေ မကြာခဏဆိုသလို ယူလေ့ရှိပါတယ်။
စိတ်ဖြေလျှော့ ပြီး နားဖို့အတွက် အချိန်ယူလိုက်ခြင်းဖြင့် သူတို့ ကြုံနေတဲ့ အတားအဆီးတွေကို ရုပ်လုံးဖော်နိုင်ပြီး ဒါတွေကို မတူညီတဲ့ ရှုထောင့်တွေကနေ မြင်နိုင်သွားပါတယ်။ ဒီတော့ စိတ်ကြည် လင် လန်းဆန်းဖို့နဲ့ ဖန်တီးမှု ရှိစေဖို့ ကိုယ့်ကိုယ်ကို Break လုပ်ပေးဖို့ လိုပါတယ်။ ဒါဟာ ရေရှည်အောင်မြင်ရေး အတွက် နည်းလမ်းကောင်းလည်း ဖြစ်ပါတယ်။
(၄) နေ့လည်စာ မစားခြင်း
အပေါ်က အချက်လိုပါပဲ။ စားဖို့ နားဖို့အတွက်တောင် အချိန်မရှိအောင် အလုပ်များခြင်းကလည်း ပန်းတိုင်ဆီ သွားရာမှာ အခက်ကြုံစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အောင်မြင်ဖို့အတွက် ကိုယ်စိတ်နှစ်ပါး ကျန်းမာရပါမယ်။
ဘဝကို အောင်မြင်သူ တစ်ယောက်အဖြစ် ဖြတ်သန်းဖို့အတွက် ကျန်းမာနေဖို့ အရေးကြီးတယ်လို့ သိထားရပါမယ်။ ကျန်းမာအောင် စား ၊ ကျန်းမာအောင် လှုပ်ရှားမှသာ အောင်မြင်မှုအရသာကို ကောင်းကောင်းခံစားနိုင်မှာပါ။
(၅) အသေးအဖွဲကအစ အကုန်စီမံမှုလုပ်ခြင်း
အရာရာကို အကောင်းဆုံး အပြည့်စုံဆုံးဖြစ်ရမယ်ဆိုတဲ့ Perfectionist တွေရဲ့ ပြဿနာတစ်ခုက Micromanagement လို့ခေါ်တဲ့ ကိစ္စသေးသေးလေးတွေကိုပါ လိုက်ပြီး စီမံခန့်ခွဲမှု လုပ်ခြင်း ဖြစ်ပါတယ်။
တစ်ခါတစ်လေမှာ တစ်ခြားသူတွေလည်း အလွယ်တကူ လုပ်နိုင်တဲ့ အရာတွေအတွက်နဲ့ အချိန်ကုန်ခံတာဟာ တမင်သက်သက် အချိန်နဲ့ စွမ်းအား ကုန်ခမ်းအောင် လုပ်နေသလိုပါပဲ။
Micromanaging သမားတွေဟာ နေရာတကာ သူပါမှ ပြီးတယ် ထင်တတ်ပြီး တစ်ခြားသူတွေရဲ့ လုပ်ရပ်ကို ဘယ်တော့မှ အားရကျေနပ် ခြင်း မရှိတာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ ဦးဆောင်ရေး သမားဟာ ငယ်သားတွေကို ထိုက်သင့်သလို တာဝန်ခွဲပေး နိုင်သူ ဖြစ်ပြီး ကိုယ်ပါဝင်ရမယ့်ကဏ္ဍကို အသေအချာ သိသူတွေ ဖြစ်ပါတယ်။
Credit: Original Uploader
Zawgyi ဖြင့်ဖတ်ပါ
ဘဝဆိုတာ လုပ္စရာကိစၥေတြ တသီႀကီးနဲ႔ ၿပီးဆုံးတယ္ မထင္ရတဲ့ ခရီးရွည္ႀကီးတစ္ခုပါ။ အခုကိုပဲ ကိုယ့္ရဲ့ To-Do List ကို ၾကည့္လိုက္ပါ။ ကိုယ့္မွာ အခုလုပ္ေနတာအျပင္ ဘာေတြ လုပ္ဖို႔ ရွိေသးလဲ ဆိုတာ အမ်ားႀကီး ေတြ႕ရပါလိမ့္မယ္။
ဒီလိုမ်ားျပားလွတဲ့ လုပ္စရာအလုပ္ေတြနဲ႔ လုပ္ခ်င္တဲ့ အလုပ္ေတြအၾကားမွာ ပိတ္ေလွာင္ေနၾကရင္းနဲ႔ ပန္းတိုင္ေပ်ာက္တဲ့သူေတြလည္း အမ်ားႀကီး ရွိမွာပါ။ ဒါေၾကာင့္ ေန႔စဥ္ပန္းတိုင္ဆီ အေရာက္သြားရာမွာ ေရွာင္သင့္တဲ့အက်င့္တစ္ခ်ိဳ႕အေၾကာင္း ေျပာျပခ်င္ပါတယ္။
(၁) လုပ္စရာအမ်ားႀကီး စုျပဳံလုပ္ျခင္း
လုပ္စရာေတြ ပိေနလို႔ ေယာက္ယက္ခတ္ ဗ်ာမ်ားေနသူေတြ ကို ေတြ႕ဖူးမွာပါ။ သူတို႔ကို ၾကည့္လိုက္ရင္ ႏႈတ္ဆက္စကား ေလး ေျပာဖို႔ေတာင္ အခ်ိန္မရေလာက္ေအာင္ အလုပ္မ်ား ေနသလိုမ်ိဳး။ ဒါေပမယ့္ သူတို႔အလုပ္ရဲ့ ရလဒ္ကို သြား ၾကည့္ေတာ့ ဘာမွမယ္မယ္ရရ ျပစရာမရွိတာမ်ိဳး ေတြ႕ရမွာ ပါ။
ဒါဟာ သူတို႔အလုပ္မလုပ္လို႔ မဟုတ္ဘဲ အကုန္လုံးကို တစ္ခါတည္း လုပ္ခ်လိုက္လို႔ ျဖစ္ပါတယ္။အလုပ္လုပ္ရာမွာ ထိထိေရာက္ေရာက္ ျမန္ျမန္ဆန္ဆန္နဲ႔ ၿပီးဆုံးေစဖို႔ အေရးႀကီးတဲ့ အခ်က္က တစ္ခ်ိန္မွာ တစ္ခုပဲ အာ႐ုံစိုက္ၿပီး လုပ္ဖို႔ပါပဲ။
တစ္ခ်ိန္မွာ အရာတစ္ခုကိုပဲ အာ႐ုံစိုက္ထားနိုင္ ျခင္းဟာ အလုပ္မွာ ေတာ္တဲ့သူ ၊ ထုတ္လုပ္မႈအားေကာင္း တဲ့သူ ျဖစ္ေစတဲ့ အခ်က္လည္း ျဖစ္ပါတယ္။
(၂) ၾကဳံသလို ေျဖရွင္းျခင္း
ေအာင္ျမင္မႈ အခိုင္အမာရထားတဲ့သူေတြဟာ အရာရာကို ႀကိဳစဥ္းစားထားသူေတြ ျဖစ္ပါတယ္။ ေနာင္ခါလာ ေနာင္ ေဈးဆိုၿပီး လႊတ္ခ်မထားပါဘူး။ သူတို႔ ျပင္ဆင္နိုင္တဲ့ အရာကို မနားတမ္း ႀကိဳတင္ျပင္ဆင္တယ္။
ေန႔တိုင္း ေလ့က်င့္ပါတယ္။ ဒါေၾကာင့္ပဲ သူတို႔ရဲ့ စြမ္းေဆာင္မႈဟာ အျပစ္အနာအဆာ မရွိ ျဖစ္ေနတာပါ။ ဒါေၾကာင့္ ေအာင္ျမင္ခ်င္ရင္ ႀကိဳတင္ျပင္ဆင္ေလ့က်င့္တဲ့ အက်င့္ ေမြးဖို႔လိုပါတယ္။
(၃) ကိုယ့္အတြက္ အားလပ္ခ်ိန္ မထားျခင္း
ေအာင္ျမင္တဲ့သူေတြဟာ ေန႔ေရာညပါ မအိပ္မေန အလုပ္ ႀကိဳးစားၾကတယ္လို႔ တရားေသမွတ္ၾကတာ ရွိပါတယ္။ ဒီအခ်က္က နားလည္မႈ လြဲေနတဲ့ အခ်က္ ျဖစ္ပါတယ္။ ဖန္တီးမႈ ရွိတဲ့သူေတြနဲ႔ ဆန္းသစ္တီထြင္သူေတြဟာ အသစ္အသစ္ေတြ ေဖာ္ထုတ္ဖို႔ အားလပ္တဲ့ အခ်ိန္ပိုေလး ေတြ မၾကာခဏဆိုသလို ယူေလ့ရွိပါတယ္။
စိတ္ေျဖေလၽွာ့ ၿပီး နားဖို႔အတြက္ အခ်ိန္ယူလိုက္ျခင္းျဖင့္ သူတို႔ ၾကဳံေနတဲ့ အတားအဆီးေတြကို ႐ုပ္လုံးေဖာ္နိုင္ၿပီး ဒါေတြကို မတူညီတဲ့ ရႈေထာင့္ေတြကေန ျမင္နိုင္သြားပါတယ္။ ဒီေတာ့ စိတ္ၾကည္ လင္ လန္းဆန္းဖို႔နဲ႔ ဖန္တီးမႈ ရွိေစဖို႔ ကိုယ့္ကိုယ္ကို Break လုပ္ေပးဖို႔ လိုပါတယ္။ ဒါဟာ ေရရွည္ေအာင္ျမင္ေရး အတြက္ နည္းလမ္းေကာင္းလည္း ျဖစ္ပါတယ္။
(၄) ေန႔လည္စာ မစားျခင္း
အေပၚက အခ်က္လိုပါပဲ။ စားဖို႔ နားဖို႔အတြက္ေတာင္ အခ်ိန္မရွိေအာင္ အလုပ္မ်ားျခင္းကလည္း ပန္းတိုင္ဆီ သြားရာမွာ အခက္ၾကဳံေစတဲ့ အေၾကာင္းရင္းတစ္ခု ျဖစ္ပါတယ္။ လူတစ္ေယာက္ဟာ ေအာင္ျမင္ဖို႔အတြက္ ကိုယ္စိတ္ႏွစ္ပါး က်န္းမာရပါမယ္။
ဘဝကို ေအာင္ျမင္သူ တစ္ေယာက္အျဖစ္ ျဖတ္သန္းဖို႔အတြက္ က်န္းမာေနဖို႔ အေရးႀကီးတယ္လို႔ သိထားရပါမယ္။ က်န္းမာေအာင္ စား ၊ က်န္းမာေအာင္ လႈပ္ရွားမွသာ ေအာင္ျမင္မႈအရသာကို ေကာင္းေကာင္းခံစားနိုင္မွာပါ။
(၅) အေသးအဖြဲကအစ အကုန္စီမံမႈလုပ္ျခင္း
အရာရာကို အေကာင္းဆုံး အျပည့္စုံဆုံးျဖစ္ရမယ္ဆိုတဲ့ Perfectionist ေတြရဲ့ ျပႆနာတစ္ခုက Micromanagement လို႔ေခၚတဲ့ ကိစၥေသးေသးေလးေတြကိုပါ လိုက္ၿပီး စီမံခန႔္ခြဲမႈ လုပ္ျခင္း ျဖစ္ပါတယ္။
တစ္ခါတစ္ေလမွာ တစ္ျခားသူေတြလည္း အလြယ္တကူ လုပ္နိုင္တဲ့ အရာေတြအတြက္နဲ႔ အခ်ိန္ကုန္ခံတာဟာ တမင္သက္သက္ အခ်ိန္နဲ႔ စြမ္းအား ကုန္ခမ္းေအာင္ လုပ္ေနသလိုပါပဲ။
Micromanaging သမားေတြဟာ ေနရာတကာ သူပါမွ ၿပီးတယ္ ထင္တတ္ၿပီး တစ္ျခားသူေတြရဲ့ လုပ္ရပ္ကို ဘယ္ေတာ့မွ အားရေက်နပ္ ျခင္း မရွိတာပဲ ျဖစ္ပါတယ္။ ေအာင္ျမင္တဲ့ ဦးေဆာင္ေရး သမားဟာ ငယ္သားေတြကို ထိုက္သင့္သလို တာဝန္ခြဲေပး နိုင္သူ ျဖစ္ၿပီး ကိုယ္ပါဝင္ရမယ့္က႑ကို အေသအခ်ာ သိသူေတြ ျဖစ္ပါတယ္။
Credit: Original Uploader