ဒီနေ့အောင်မြင်ရေးစာအုပ်တစ်အုပ်ဖတ်ရင်း တွေးမိတာလေးတစ်ခုကိုပြောပြပါမယ်။ စာအုပ်ထဲမှာကတော့ ညစာမစားသင့်ကြောင်းရေးထားတာပါ။
ဘာအတွက် ရဟန်းဝတ်တာလဲ? ကျနော်တို့ ဥပုသ်စောင့်ရင် ဘာအတွက်ညစာမစားတာလဲ?
သိဒ္ဓတ္ထကိုတစ်စုံတစ်ဦးက သင်ဘာလို့ fasting လုပ်သလဲ (ညစာမစားတာလဲလို့) မေးပါသတဲ့။ သိဒ္ဓတ္ထက “I can think … I can wait … I can fast” လို့ဖြေပါသတဲ့။
I can wait – being able to plan for long-term and properly allocate my resources for the long game. စိတ်ရှည်စွာစောင့်စည်းခြင်းအလေ့အကျင့်ကို မွေးမြူတာပါပဲ။ အဲသည်လို စိတ်ရှည်ခြင်းအလေ့အကျင့်ဖြင့် သူများမေးရင် စိတ်ရှည်စွာဖြေမယ်။ ရေရှည်အောင်မြင်ဖို့ စိတ်ရှည်စွာစီမံမယ်။ အလျင်လိုခြင်းသည် အဆင်ခြင်တုံတရားမဲ့စေပြီး မှားယွင်းတတ်ပါတယ်။
I can fast – being able to withstand difficulties and disaster. Training myself to be uncommonly resilient and high pain tolerance. ဥပုသ်စောင့်ခြင်းဖြင့် အခက်အခဲတွေကိုသည်းခံကျော်လွှားနိုင်တဲ့အလေ့အကျင့်ကို မွေးမြူတာပါပဲ။ ဒေါသမထွက်ပဲ ကိုယ့်ဟာကိုယ် ထိန်းသိမ်းတတ်လာမယ်။ ဥပုသ်စောင့်ခြင်းဟာ ခံနိုင်ရည်ရှိအောင်လေ့ကျင့်ခြင်းတစ်မျိုးဖြစ်ပါတယ်။
I can think – having good rules for decision making. အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို အလျင်မလိုပဲ မှန်မှန်ကန်ကန်ဆုံးဖြတ်တတ်လာမယ်။ ကိုယ့်ကိုယ်ကိုမေးခွန်းတွေပြန်ထုတ်ကာ သုံးသပ်ဆင်ခြင်တတ်လာမယ်။
တကယ်တော့ ဥပုသ်စောင့်ခြင်းမှာ ဘာသာရေးအပြင် ကျန်းမာရေးရှုထောင့်ကနေကောင်းကျိုးတွေအများကြီးရှိတယ်။
ညစာမစားပဲနေတဲ့ fasting ကို ဗုဒ္ဓပေါ်ပေါက်လာတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော် ဘီစီ ၅၀၀ လောက်ခေတ်ကတည်းက အိန္ဒိယမှာ ယောဂီအချို့ကကျင့်ကြပုံပေါ်တယ်။အစားအသောက်အတွက် စီမံရတာ အလုပ်တော်တော်ရှုပ်တယ်။ ညစာမစားတဲ့အတွက် အလုပ်ရှုပ်သက်သာပြီး စဉ်းစားတွေးတောကျင့်ကြံဖို့အချိန်ပိုရတယ်။
ထူးဆန်းတာက ရဟန်းတွေကျင့်သုံးနေတဲ့ ညစာမစားတဲ့အပြင် မနက်အာရုံစောစောမှာ အစာတစ်နပ်စားခြင်းဟာ တကယ့်ကိုသိပ္ပံနည်းကျအကျိုးရှိတဲ့ကိစ္စဖြစ်တယ်။သီလဆောက်တည်ရင် ကုသိုလ်ရတယ်ဆိုတာ ဘာကုသိုလ်ကောင်းကျိုးမျိုးကို ဗုဒ္ဓကဆိုလိုခဲ့တာလည်းဆိုတာ တကယ်ပြန်စဉ်းစားဆင်ခြင်မိကြဖို့ပါ။
ဒီေန႔ေအာင္ျမင္ေရးစာအုပ္တစ္အုပ္ဖတ္ရင္း ေတြးမိတာေလးတစ္ခုကိုေျပာျပပါမယ္။ စာအုပ္ထဲမွာကေတာ့ ညစာမစားသင့္ေၾကာင္းေရးထားတာပါ။
ဘာအတြက္ ရဟန္းဝတ္တာလဲ? က်ေနာ္တို႔ ဥပုသ္ေစာင့္ရင္ ဘာအတြက္ညစာမစားတာလဲ?
သိဒၶတၳကိုတစ္စုံတစ္ဦးက သင္ဘာလို႔ fasting လုပ္သလဲ (ညစာမစားတာလဲလို႔) ေမးပါသတဲ့။ သိဒၶတၳက “I can think … I can wait … I can fast” လို႔ေျဖပါသတဲ့။
I can wait – being able to plan for long-term and properly allocate my resources for the long game. စိတ္ရွည္စြာေစာင့္စည္းျခင္းအေလ့အက်င့္ကို ေမြးျမဴတာပါပဲ။ အဲသည္လို စိတ္ရွည္ျခင္းအေလ့အက်င့္ျဖင့္ သူမ်ားေမးရင္ စိတ္ရွည္စြာေျဖမယ္။ ေရရွည္ေအာင္ျမင္ဖို႔ စိတ္ရွည္စြာစီမံမယ္။ အလ်င္လိုျခင္းသည္ အဆင္ျခင္တုံတရားမဲ့ေစၿပီး မွားယြင္းတတ္ပါတယ္။
I can fast – being able to withstand difficulties and disaster. Training myself to be uncommonly resilient and high pain tolerance. ဥပုသ္ေစာင့္ျခင္းျဖင့္ အခက္အခဲေတြကိုသည္းခံေက်ာ္လႊားနိုင္တဲ့အေလ့အက်င့္ကို ေမြးျမဴတာပါပဲ။ ေဒါသမထြက္ပဲ ကိုယ့္ဟာကိုယ္ ထိန္းသိမ္းတတ္လာမယ္။ ဥပုသ္ေစာင့္ျခင္းဟာ ခံနိုင္ရည္ရွိေအာင္ေလ့က်င့္ျခင္းတစ္မ်ိဳးျဖစ္ပါတယ္။
I can think – having good rules for decision making. အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ေတြကို အလ်င္မလိုပဲ မွန္မွန္ကန္ကန္ဆုံးျဖတ္တတ္လာမယ္။ ကိုယ့္ကိုယ္ကိုေမးခြန္းေတြျပန္ထုတ္ကာ သုံးသပ္ဆင္ျခင္တတ္လာမယ္။
တကယ္ေတာ့ ဥပုသ္ေစာင့္ျခင္းမွာ ဘာသာေရးအျပင္ က်န္းမာေရးရႈေထာင့္ကေနေကာင္းက်ိဳးေတြအမ်ားႀကီးရွိတယ္။
ညစာမစားပဲေနတဲ့ fasting ကို ဗုဒၶေပၚေပါက္လာတဲ့ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၂၅၀၀ ေက်ာ္ ဘီစီ ၅၀၀ ေလာက္ေခတ္ကတည္းက အိႏၵိယမွာ ေယာဂီအခ်ိဳ႕ကက်င့္ၾကပုံေပၚတယ္။အစားအေသာက္အတြက္ စီမံရတာ အလုပ္ေတာ္ေတာ္ရႈပ္တယ္။ ညစာမစားတဲ့အတြက္ အလုပ္ရႈပ္သက္သာၿပီး စဥ္းစားေတြးေတာက်င့္ႀကံဖို႔အခ်ိန္ပိုရတယ္။
ထူးဆန္းတာက ရဟန္းေတြက်င့္သုံးေနတဲ့ ညစာမစားတဲ့အျပင္ မနက္အာ႐ုံေစာေစာမွာ အစာတစ္နပ္စားျခင္းဟာ တကယ့္ကိုသိပၸံနည္းက်အက်ိဳးရွိတဲ့ကိစၥျဖစ္တယ္။သီလေဆာက္တည္ရင္ ကုသိုလ္ရတယ္ဆိုတာ ဘာကုသိုလ္ေကာင္းက်ိဳးမ်ိဳးကို ဗုဒၶကဆိုလိုခဲ့တာလည္းဆိုတာ တကယ္ျပန္စဥ္းစားဆင္ျခင္မိၾကဖို႔ပါ။