တစ်နှစ်ကျော်အကြွေးမပေးသည့်အတွက် အိမ်ရှေ့အထိသွားပြီး ငှက်ပျောပွဲနှင့်အတူအသံချဲ့စက်ဖြင့် တစ်ရပ်ကွက်လုံးကြားအောင်အော်၍အကြွေးပြန်တောင်းခဲ့သည့်အမျိုးသမီး
လူတိုင်းသည့် လူ့ဘဝကြီးထဲတွင်ရှင်သန်နေထိုင်နိုင်ရန်အတွက် ငွေကြေးများစွာရှိရန်လိုအပ်နေခဲ့တာဖြစ်ပါတယ်။ပိုက်ဆံကိုမလိုအပ်သောသူဟူ၍လောကတွင်တစ်ဦးတစ်ယောက်မှမရှိပေ။ထို့ကြောင့် မိမိတို့အနေဖြင့်ပိုက်ဆပ်ချေးငှားပြီးပါက အမြန်ဆုံးအကြွေးပြန်ဆပ်နိုင်အောင်ကြိုးစားပေးရမှာဖြစ်ပါတယ်။
ယခုတွင် ဗီယက်နမ်နိုင်ငံမှအမျိုးသမီးတစ်ဦးဟာ သူမထံမှပိုက်ဆံချေးပြီးတစ်နှစ်ကြာအောင်ပြန်မဆပ်သဖြင့် အသံချဲ့စက်ဖြင့်အော်ပြီးပြန်တောင်းခဲ့တာဖြစ်ပါတယ်။အမျိုးသမီးထံမှပိုက်ဆံကို တစ်နှစ်ကျော်သော်လည်းပြန်မဆပ်သဖြင့် စိတ်မရှည်တော့ဘဲ အိမ်ရှေ့အထိသွားကာ ငှက်ပျောပွဲလေးပင်ပြင်ဆင်ပြီး အသံလျဲ့စက်ကိုအသုံးပြုကာအော်တောင်းခဲ့ပါတယ်။
တစ်ရပ်ကွက်လုံးကတော့ အသံချဲ့စက်ကြောင့်ထွက်လာကြပြီးပွဲသဖွယ်လာကြည့်နေကြပါတယ်။
Zawgyi
credit