ၾကားသိရသမွ်

ရန္ကုန္ၿမိဳ႕ျပေပ်ာက္ၾကားအဖြဲ႕ေတြ အေရးေပၚ စစ္ေရးအမိန႔္ထုတ္ျပန္….

ရန္ကုန္ၿမိဳ႕ျပေပ်ာက္ၾကားအဖြဲ႕ေတြ အေရးေပၚ စစ္ေရးအမိန႔္ထုတ္ျပန္၊

UG ေတြကို ဝင္ရႈပ္ရင္ ပူးတြဲရွင္းလင္းခံရမယ္လို႔ သတိေပး

ဇူလိုင္ ၂၅

လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြအရ ေတာ္လွန္တိုက္ခိုက္ေရးအရွိန္ေတြ ဆက္လက္ျမႇင့္တင္ ေဆာင္႐ြက္သြားမွာ ျဖစ္တဲ့အတြက္

ရန္ကုန္ေန ျပည္သူလူထု အေနနဲ႔ သတိဝီရိယ ႀကီးစြာ သြားလာေနထိုင္ႏိုင္ၾကေစဖို႔ အေရးေပၚစစ္ေရးအမိန႔္တစ္ခုကို Soul Takers UG ကထုတ္ျပန္လာပါတယ္။

ယခုအခါ အၾကမ္းဖက္စစ္တပ္ေအာက္ေျခဌာနအသီးသီးက အေျခခံ Non CDM သစၥာေဖာက္ ဝန္ထမ္းမ်ားျဖစ္တဲ့

EPC ၊ စည္ပင္၊ ရပ္ေက်း အုပ္ခ်ဳပ္ေရးမႉး၊ ဆယ္အိမ္မႉး၊ ရာအိမ္မႉး၊ ပ်ဴေစာထီး၊ ေသြးေသာက္အဖြဲ႕ဝင္၊ စြန္ရဲအဖြဲ႕ အမည္ခံ

မဘသ အဖြဲ႕၊ ျပည္သူထံမွ လက္နက္ျပ ၿခိမ္းေျခာက္ကာ ဓားျမတိုက္ လုယက္ရမ္းကားေနသူေတြကို

အႀကိမ္ႀကိမ္စာထုတ္ကာ သတိေပးခဲ့ၿပီး ျဖစ္ပါတယ္။

ဒါေပမယ့္ အၾကမ္းဖက္ စစ္တပ္ နဲ႔ ပူးေပါင္းကာ ျပည္သူလူထု မၿငိမ္မသက္ျဖစ္ေစေအာင္ အေၾကာက္အလန႔္ ျဖစ္ေစေသာ

အျပဳအမူေတြကို ဆက္လက္လုပ္ေဆာင္ေနၾကဆဲ ျဖစ္တာကို စိစစ္ေတြ႕ရွိရတဲ့အတြက္ ျပည္သူမွလြဲ၍ အၾကမ္းဖက္စစ္တပ္နဲ႔

ပူးေပါင္းကာ ယုတ္မာေသာင္းက်န္းေနတဲ့ မည္သည့္အဖြဲ႕အစည္းကိုမဆို ထိေရာက္စြာ ရွင္းလင္း ဖယ္ရွားေတာ့မွာျဖစ္တယ္လို႔

Soul Takers UG အဖြဲ႕ရဲ႕ ဌာနဆိုင္ရာ ေခါင္းေဆာင္ေတြ တိုင္ပင္ေဆြးေႏြးကာ ျပတ္သားစြာ သေဘာတူဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္။

ရွင္းလင္းေရး လုပ္ေဆာင္တာေတြ ျပဳလုပ္ရာမွာ မိမိ အနီးအနားတြင္ ျဖစ္ပြါးပါက ေဘးလြတ္ရာ ေရွာင္တိမ္းၾကရန္

ဝင္ေရာက္ေႏွာင့္ယွက္ျခင္း တားဆီးျခင္းေတြ မျပဳလုပ္ၾကရန္လည္း ျပည္သူလူထုအား ႀကိဳတင္ သတိေပးထားၿပီး

စစ္ေခြးနဲ႔အေပါင္းအပါ အင္အားစုေတြရဲ႕ နယ္ေျမရွင္းလင္းေရး လုပ္ေဆာင္ေနရာမွာ ၎တို႔ကို သတင္းေပးျခင္း၊

လိုက္ပါကူညီဖမ္းဆီးေပးျခင္းေတြျပဳလုပ္ပါက ပူးတြဲရွင္းလင္းခံရမည္ျဖစ္တယ္လို႔ အမိန႔္ထုတ္ျပန္ထားပါတယ္။

Unicode,

ရန်ကုန်မြို့ပြပျောက်ကြားအဖွဲ့တွေ အရေးပေါ် စစ်ရေးအမိန့်ထုတ်ပြန်၊

UG တွေကို ဝင်ရှုပ်ရင် ပူးတွဲရှင်းလင်းခံရမယ်လို့ သတိပေး

ဇူလိုင် ၂၅

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ တော်လှန်တိုက်ခိုက်ရေးအရှိန်တွေ ဆက်လက်မြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက်

ရန်ကုန်နေ ပြည်သူလူထု အနေနဲ့ သတိဝီရိယ ကြီးစွာ သွားလာနေထိုင်နိုင်ကြစေဖို့ အရေးပေါ်စစ်ရေးအမိန့်တစ်ခုကို Soul Takers UG ကထုတ်ပြန်လာပါတယ်။

ယခုအခါ အကြမ်းဖက်စစ်တပ်အောက်ခြေဌာနအသီးသီးက အခြေခံ Non CDM သစ္စာဖောက် ဝန်ထမ်းများဖြစ်တဲ့

EPC ၊ စည်ပင်၊ ရပ်ကျေး အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ပျူစောထီး၊ သွေးသောက်အဖွဲ့ဝင်၊ စွန်ရဲအဖွဲ့ အမည်ခံ

မဘသ အဖွဲ့၊ ပြည်သူထံမှ လက်နက်ပြ ခြိမ်းခြောက်ကာ ဓားမြတိုက် လုယက်ရမ်းကားနေသူတွေကို

အကြိမ်ကြိမ်စာထုတ်ကာ သတိပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒါပေမယ့် အကြမ်းဖက် စစ်တပ် နဲ့ ပူးပေါင်းကာ ပြည်သူလူထု မငြိမ်မသက်ဖြစ်စေအောင် အကြောက်အလန့် ဖြစ်စေသော

အပြုအမူတွေကို ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်တာကို စိစစ်တွေ့ရှိရတဲ့အတွက် ပြည်သူမှလွဲ၍ အကြမ်းဖက်စစ်တပ်နဲ့

ပူးပေါင်းကာ ယုတ်မာသောင်းကျန်းနေတဲ့ မည်သည့်အဖွဲ့အစည်းကိုမဆို ထိရောက်စွာ ရှင်းလင်း ဖယ်ရှားတော့မှာဖြစ်တယ်လို့

Soul Takers UG အဖွဲ့ရဲ့ ဌာနဆိုင်ရာ ခေါင်းဆောင်တွေ တိုင်ပင်ဆွေးနွေးကာ ပြတ်သားစွာ သဘောတူဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ရှင်းလင်းရေး လုပ်ဆောင်တာတွေ ပြုလုပ်ရာမှာ မိမိ အနီးအနားတွင် ဖြစ်ပွါးပါက ဘေးလွတ်ရာ ရှောင်တိမ်းကြရန်

ဝင်ရောက်နှောင့်ယှက်ခြင်း တားဆီးခြင်းတွေ မပြုလုပ်ကြရန်လည်း ပြည်သူလူထုအား ကြိုတင် သတိပေးထားပြီး

စစ်ခွေးနဲ့အပေါင်းအပါ အင်အားစုတွေရဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေရာမှာ ၎င်းတို့ကို သတင်းပေးခြင်း၊

လိုက်ပါကူညီဖမ်းဆီးပေးခြင်းတွေပြုလုပ်ပါက ပူးတွဲရှင်းလင်းခံရမည်ဖြစ်တယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ်။