ဆံပင်အတွက် ချက်အုန်းဆီ၂၀သား ၊ထောလပက်ရွက်ရယ် ၊အပုတ်ခံထားတဲလက်ဖက်ရယ် ဆံပင်ထူချင်တဲ့သူတွေ၊ မဲနက်ချင်သူတွေ ၊သန်ချင်သူတွေ ၊ဆံပင်အကျွတ်သက်သာချင်တဲ့သူတွေအတွက် အိမ်တွင်းပစ္စည်းလေးတွေနဲ့ ကိုယ့်ဆံပင်ကို ဂရုစိုက်လို့ရပါတယ်ရှင် ချက်အုန်းဆီလေးမွှေးလာရင် အပုတ်ခံထားတဲ့လက်ဖက်လေးတွေထည့်ပါ ။ လက်ဖက်ညွန့်လေးတွေရဲတတ်ပြီး တူးသွားတတ်တဲ့အတွက် မီးအရှိန်လေးလျော့ပြီး စိတ်ရှည်ရှည်တော့ချက်ရပါတယ်.. အုန်းဆီနံ့ကော လက်ဖက်နံ့ကလေးကော မွှေးလာပြီဆိုမှ ထောလပက်ရွက်လေးတွေကိုထည့်ပေးပါ။ ထောလပက်ရွက်လေးတွေပါ နွမ်းသွားပြီဆိုရင် ချလို့ရပါပြီ.အအေးခံပြီး ကိုယ်ခေါင်းလျော်မယ့်ရက်တွေမှာ မလျော်ခင်၂နာရီလောက်ကြိုပြီး ဆံပင်အနှံ လိမ်းပြီးနှိပ်ထားပါ။ ပီးရင်ခေါင်းလျော်နေကျပုံစံမျိုးနဲ့ လျော်လို့ရပါပြီ ရှင့်… ဆန်ဆေးရည် ထပ်နှပ်ရင်တော့ ပိုကောင်းပါတယ်ရှင် ။ကိုယ်ကတော့ဆန်ဆေးရည်နဲ့ပါ နောက်တကြိမ်ထပ်နှပ်ပါတယ်ရှင် ကိုယ့်အတွက်ကတော့တစ်ခွက်ကို ခေါင်းလျော်ကြိမ်ရေ ၄ခေါက်စာ ပါ..တလကို ၃ခေါက်လောက်ချက်ရတယ် ဆံပင်သားအလှအပကို အထူးဂရုစိုက်ချင်တဲ့ မိန်းကလေးတွေအတွက် ကိုယ်လုပ်ဖြစ်တဲ့နည်းလမ်းကို ဝေမျှပေးတာပါ…။ ခရစ်ဒစ် မူရင်းရေးသားသူ Unicode ဆံပင်အတွက် ချက်အုန်းဆီ၂ဝသား ၊ထောလပက်ရွက်ရယ် ၊အပုတ်ခံထားတဲလက်ဖက်ရယ် ဆံပင်ထူချင်တဲ့သူတွေ၊ […]
Zawgyi စည်ကားတယ်ဆိုလို့ ဘယ်ရမလဲသေချာထိုင်ကြည့်နေတာ လက်စသတ်တော့ ဖောကာား(၃)စီးနဲ့ ဟိုက်ချက်(၃)စီးပဲ ချာလပတ်နေတာ ရန်ကုန်သင်္ကြန်လူမရှိဘဲ ခြောက်ကပ်နေ ၊ စစ်ကောင်စီ၏ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်ရှေ့ လူတချို့ တင်လာသော စည်ပင် ဖောကား ၃ စီး၊ ဟိုက်ဂျက်ကား ၃ စီးခန့်ဖြင့် အကြိမ်ကြိမ် ရေပက်ခံပြနေမှုကို ထုတ်လွှင့်နေ ရန်ကုန်၊ ဧပြီ ၁၃ ယနေ့ ဧပြီလ ၁၃ ရက်နေ့ မဟာသင်္ကြန် အကြိုနေ့တွင် ရန်ကုန်မြို့ရှိ လမ်းမကြီးများတွင် လူသူမရှိဘဲ ခြောက်ကပ်နေကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ “ကျနော် လှည်းတန်း၊ မြေနီကုန်း၊ မြို့ထဲ ပတ်လာတာ လူကိုမရှိဘူး လမ်းပေါ်မှာ။ ဆူးလေပတ်ဝန်းကျင်ကတော့ ပတ်ပတ်လည် အကုန်ပိတ်ဆို့ထားတယ်။ ရေပက်ခံကားလည်းမတွေ့ဘူး။ ရေပက်သူလည်းမရှိဘူး။ အသံတိတ်သပိတ်တုန်းကလို မြို့ကြီးက ခြောက်ကပ်နေတာ” ဟု […]
နွဲ့ပြနေတဲ့ နာမည်ကြီးတွေကို အတုယူမှားမှာစိုးလို့ ‘Sissy’ နဲ့ ‘Effeminate’ ကို ဘမ်းလိုက်တဲ့ တရုတ်အစိုးရ တရုတ်ကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ ‘Effeminate Men’ အဖွဲ့ကို ဘမ်း လိုက်ပါပြီ။အကြောင်းရင်းတွေကတော့ ဈေးကွက်၊ ပညာရေးစနစ်၊ ဘာသာရေးနှင့် ယဉ်ကျေးမှုအတွက် စံသစ်များ သတ်မှတ်ဖို့ ရည်ရွယ်တဲ့ အမျိုးသားရေး စီမံချက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်လို့ ပြောထားပါတယ်။ နိုင်ငံတော်ရဲ့ ယုံကြည်ချက်နှင့် ကိုယ်ကျင့်တရားဆိုင်ရာအရ ထုတ်ပြန်လိုက်ခြင်းလဲ ဖြစ်ပါတယ်။ တရုတ် ရုပ်မြင်သံကြား စည်းမျဉ်းစည်းကမ်းတွေ အရကတော့ ‘Sissy’ အဖွဲ့ဟာ ယောကျာ်းလေးတွေ ဖြစ်ပေမယ့်လည်း မိတ်ကပ်တွေလိမ်း၊ နုယွပြနေတာကြောင့် အတုယူမှားမှာ စိုးတာကြောင့် ဘမ်းခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် Mandopop၊ K-Pop boy bands နှင့် အခြားအနုပညာရှင် များစွာကိုပါ […]