အလွပေရးရာ

အသားဖြူလိုသူတွေအတွက် (၇) ရက်အတွင်း အထိရောက်ဆုံး နည်းလမ်းများ….

အသားဖြူလိုသူတွေအတွက် (၇) ရက်အတွင်း အထိရောက်ဆုံး နည်းလမ်းများ….

မိန်းကလေး တော်တော်များများကတော့ အသားဖြူချင်ကြမှာပါ။ မိန်းလေးတွေဟာ သူတို့အသားရေကို တန်ဖိုးထားကြပြီး၊ ဖြစ်နိုင်သမျှ ပြစ်မျိုးမှဲ့မထင် နေလိုကြပါတယ်။ အခု D Nae Khit ကနေ ဖော်ပြပေးချင်တာကတော့ ပျိုမေတွေအတွက် (၇)ရက်အတွင်း အသားဖြူစေမယ့် နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

(1) နွားနို့အစိမ်း

နွားနို့အစိမ်းမှာ အသားအရေကို ကျေးဇူးပြုနိုင်တဲ့ ဓာတ်ပစ္စည်းတွေ များစွာပါဝင်ပါတယ်။ နွားနို့ကို ကမ္ဘာကျော် အလှဘုရင်မကြီး ကလီယိုပက်ထရာတောင် သုံးခဲ့တယ်လို့ ဆိုပါတယ်။ သူမကတော့ နွားနို့ကန်ထဲမှာ စိမ်တာပါတဲ့။ အခုလည်း နွားနို့ကို Pack ပုံစံမျိုး ခန္ဓာကိုယ်မှာ ပုံမှန်လိမ်းပေးပါ။ နေ့စဉ် ရေမချိုးခင် လိမ်းပြီး မိနစ်(၂၀)လောက် နှပ်ထားပါ။

(2) ရှားစောင်းလက်ပပ်

အသားရည်ကို ထိန်းသိမ်းလိုတဲ့ ပျိုမေတိုင်း ကင်းလို့မရတဲ့ သဘာဝပစ္စည်းထဲမှာ ရှားစောင်းလက်ပပ်လည်း ပါဝင်ပါတယ်။ Gel ထုတ်ယူ အနှစ်လုပ်ပြီး၊ မျက်နှာ၊ လက်မောင်းတို့ကို ပေါင်းတင်တဲ့သဘောမျိုး ရေမချိုးခင်မှာ လိမ်းထားလိုက်ပါ။ မိနစ်(၂၀)လောက် နှပ်ပြီးမှ ရေချိုးပါ။ နေ့စဉ် နှစ်ကြိမ်လုပ်ပေးပါ။

(3) ဂလစ်စရင်(GLYCERIN) နှင့် သံပုရာရည်

အသားရည်ကို ထိန်းသိမ်းတဲ့အခါမှာ ဂလစ်စရင်ဆေးကလည်း အရေးကြီးပါတယ်။ ဆောင်းရာသီမှာ အသားပက်ခြင်း ကာကွယ်ဖို့အတွက် လိမ်းတဲ့ဆေးရည်ပါ။ အသားဖြူချင်တယ်ဆိုရင် သံပုရာရည်အနည်းငယ်ကို ဂလစ်စရင်နဲ့ ရောစပ်ပြီး ရေမချိုးခင်မှာ သုတ်လိမ်းပေးပါ။ ဒီနည်းကလည်း ထိရောက်ပါတယ်။

(4) နှင်းဆီ+ဆန္ဒကူး+နနွင်း

နှင်းဆီပွင့်ဖက် ခပ်များများကို ရေနဲ့ သတ္တုရည်ရအောင် ကြိတ်ပါ။ စန္ဒကူးအသားကိုလည်း ဖြစ်နိုင်ရင် အမှုန့်ကြိတ်ပြီး၊ နနွင်းအမှုန်နဲ့ စတူရောစပ်ကာ သမအောင်နယ်ပါ။ ပြီးရင် နှင်းဆီအရည်ထဲကို သမအောင် ထပ်ပြီး မွှေပေးပါ။ တစ်ကိုယ်လုံး နှံ့စပ်အောင် လိမ်းပြီး မိနစ်(၃၀)လောက် နှပ်ထားပါ။ သတိထားရမှာက နနွင်းပါတဲ့အတွက် အနံ့က ခန္ဓာကိုယ်မှာ စွဲနေတတ်ပါတယ်။

(5) ပျားရည်+နနွင်း

ပျားရည်ဟာ အသားအရည်အတွက် ဗီတာမင်တွေ၊ သတ္ထုဓာတ်တွေ အများကြီးပါဝင်ပါတယ်။ အထူးသဖြင့်တော့ အသားရေကို အမြန်ဆုံး ဖြူစင်စေမှာပါ။ နနွင်းအမှုန့်နဲ့ တွဲစပ်ပြီးသုံးမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။ ပျားရည်ထဲကို နနွင်းပါရုံထည့်ပြီး၊ သမအောင်မွှေပြီးမှ ခန္ဓာကိုယ်ကို လိမ်းပေးပါ။ ဒီနည်းတွေ အားလုံးထဲကနေ တစ်ခုခုကို ရေရှည်စွဲပြီးလုပ်မယ်ဆိုပါက တစ်ပတ်အတွင်း သိသိသာသာ အသားရေ ဖြူဝင်းလာမှာပါ။

မဒီလေး D Nae Khit Media

#credit

အသားျဖဴလိုသူေတြအတြက္ (၇) ရက္အတြင္း အထိေရာက္ဆုံး နည္းလမ္းမ်ား….

မိန္းကေလး ေတာ္ေတာ္မ်ားမ်ားကေတာ့ အသားျဖဴခ်င္ၾကမွာပါ။ မိန္းေလးေတြဟာ သူတို႔အသားေရကို တန္ဖိုးထားၾကၿပီး၊ ျဖစ္ႏိုင္သမွ် ျပစ္မ်ိဳးမွဲ႔မထင္ ေနလိုၾကပါတယ္။ အခု D Nae Khit ကေန ေဖာ္ျပေပးခ်င္တာကေတာ့ ပ်ိဳေမေတြအတြက္ (၇)ရက္အတြင္း အသားျဖဴေစမယ့္ နည္းလမ္းေတြကို မွ်ေဝေပးခ်င္ပါတယ္။

(1) ႏြားႏို႔အစိမ္း

ႏြားႏို႔အစိမ္းမွာ အသားအေရကို ေက်းဇူးျပဳႏိုင္တဲ့ ဓာတ္ပစၥည္းေတြ မ်ားစြာပါဝင္ပါတယ္။ ႏြားႏို႔ကို ကမာၻေက်ာ္ အလွဘုရင္မႀကီး ကလီယိုပက္ထရာေတာင္ သုံးခဲ့တယ္လို႔ ဆိုပါတယ္။ သူမကေတာ့ ႏြားႏို႔ကန္ထဲမွာ စိမ္တာပါတဲ့။ အခုလည္း ႏြားႏို႔ကို Pack ပုံစံမ်ိဳး ခႏၶာကိုယ္မွာ ပုံမွန္လိမ္းေပးပါ။ ေန႔စဥ္ ေရမခ်ိဳးခင္ လိမ္းၿပီး မိနစ္(၂၀)ေလာက္ ႏွပ္ထားပါ။

(2) ရွားေစာင္းလက္ပပ္

အသားရည္ကို ထိန္းသိမ္းလိုတဲ့ ပ်ိဳေမတိုင္း ကင္းလို႔မရတဲ့ သဘာဝပစၥည္းထဲမွာ ရွားေစာင္းလက္ပပ္လည္း ပါဝင္ပါတယ္။ Gel ထုတ္ယူ အႏွစ္လုပ္ၿပီး၊ မ်က္ႏွာ၊ လက္ေမာင္းတို႔ကို ေပါင္းတင္တဲ့သေဘာမ်ိဳး ေရမခ်ိဳးခင္မွာ လိမ္းထားလိုက္ပါ။ မိနစ္(၂၀)ေလာက္ ႏွပ္ၿပီးမွ ေရခ်ိဳးပါ။ ေန႔စဥ္ ႏွစ္ႀကိမ္လုပ္ေပးပါ။

(3) ဂလစ္စရင္(GLYCERIN) ႏွင့္ သံပုရာရည္

အသားရည္ကို ထိန္းသိမ္းတဲ့အခါမွာ ဂလစ္စရင္ေဆးကလည္း အေရးႀကီးပါတယ္။ ေဆာင္းရာသီမွာ အသားပက္ျခင္း ကာကြယ္ဖို႔အတြက္ လိမ္းတဲ့ေဆးရည္ပါ။ အသားျဖဴခ်င္တယ္ဆိုရင္ သံပုရာရည္အနည္းငယ္ကို ဂလစ္စရင္နဲ႔ ေရာစပ္ၿပီး ေရမခ်ိဳးခင္မွာ သုတ္လိမ္းေပးပါ။ ဒီနည္းကလည္း ထိေရာက္ပါတယ္။

(4) ႏွင္းဆီ+ဆႏၵကူး+နႏြင္း

ႏွင္းဆီပြင့္ဖက္ ခပ္မ်ားမ်ားကို ေရနဲ႔ သတၱဳရည္ရေအာင္ ႀကိတ္ပါ။ စႏၵကူးအသားကိုလည္း ျဖစ္ႏိုင္ရင္ အမႈန႔္ႀကိတ္ၿပီး၊ နႏြင္းအမႈန္နဲ႔ စတူေရာစပ္ကာ သမေအာင္နယ္ပါ။ ၿပီးရင္ ႏွင္းဆီအရည္ထဲကို သမေအာင္ ထပ္ၿပီး ေမႊေပးပါ။ တစ္ကိုယ္လုံး ႏွံ႔စပ္ေအာင္ လိမ္းၿပီး မိနစ္(၃၀)ေလာက္ ႏွပ္ထားပါ။ သတိထားရမွာက နႏြင္းပါတဲ့အတြက္ အနံ႔က ခႏၶာကိုယ္မွာ စြဲေနတတ္ပါတယ္။

(5) ပ်ားရည္+နႏြင္း

ပ်ားရည္ဟာ အသားအရည္အတြက္ ဗီတာမင္ေတြ၊ သတၳဳဓာတ္ေတြ အမ်ားႀကီးပါဝင္ပါတယ္။ အထူးသျဖင့္ေတာ့ အသားေရကို အျမန္ဆုံး ျဖဴစင္ေစမွာပါ။ နႏြင္းအမႈန႔္နဲ႔ တြဲစပ္ၿပီးသုံးမယ္ဆိုရင္လည္း အဆင္ေျပပါတယ္။ ပ်ားရည္ထဲကို နႏြင္းပါ႐ုံထည့္ၿပီး၊ သမေအာင္ေမႊၿပီးမွ ခႏၶာကိုယ္ကို လိမ္းေပးပါ။ ဒီနည္းေတြ အားလုံးထဲကေန တစ္ခုခုကို ေရရွည္စြဲၿပီးလုပ္မယ္ဆိုပါက တစ္ပတ္အတြင္း သိသိသာသာ အသားေရ ျဖဴဝင္းလာမွာပါ။

မဒီေလး D Nae Khit Media

#credit