ဗဟုသုတ

ကိုယ့်အလှည့်လည်း ရောက်နိုင်တယ်

တစ္ခါက ေန႔စဥ္လယ္ထဲဆင္းၿပီး ဝမ္းစာရွာရတဲ့ လယ္သမားသားအဖ ၂ ေယာက္ရွိတယ္။ အေဖျဖစ္သူလယ္သမားႀကီးဟာ အသက္အ ရြယ္ရလာတာနဲ႔အမၽွ ပင္ပန္းမႈဒဏ္ကို မခံနိုင္ရွာေတာ့။

အနည္းငယ္လုပ္ကိုင္ၿပီး ပင္ပန္းတာနဲ႔ တစ္ေနရာမွာထိုင္ရင္း သားျဖစ္သူ လုပ္တာကိုသာ ထိုင္ၾကည့္ေနရတယ္။

ဒီလိုရက္ေတြမ်ားလာေတာ့ သားျဖစ္သူက “ငါ့အေဖကအလုပ္မလုပ္နိုင္ေတာ့ဘူး၊ တစ္ေန႔တစ္ေန႔ ငါခ်ည္းလုပ္ေနရတယ္၊ သူအသက္ရွင္ေနတာ ဘာတန္ဖိုးမွမရွိဘူး” လို႔ေတြးမိတယ္။

ဒါနဲ႔ သားျဖစ္သူလယ္သမားဟာ သစ္သားနဲ႔ အေခါင္းတစ္ေခါင္းကို လုပ္တယ္။ အေခါင္းလုပ္ၿပီးေတာ့ အေဖလယ္သမားႀကီးကိုေခၚၿပီး အေခါင္းထဲ ဝင္ေစတယ္။

အေဖျဖစ္သူလည္း ဘာမွျပန္မေျပာပဲ ၾကည္ၾကည္ျဖဴျဖဴနဲ႔ပဲ အေခါင္းထဲဝင္လွဲေနလိုက္တယ္။ ဒီေနာက္သားျဖစ္သူက အေခါင္းဖုံးကို ပိတ္လိုက္ၿပီး၊ သူတို႔လယ္ရဲ့ တဖက္ ေတာင္ကုန္းဆီကို သယ္လာခဲ့တယ္။

ေတာင္ကုန္းရဲ့ ဟိုဘက္မွာ အေဖျဖစ္သူကို ျမႇုပ္မယ္ဆိုတဲ့စိတ္ကူးနဲ႔ေပါ့။ဒီလိုနဲ႔ ျမႇုပ္ရမယ့္ေနရာကို ေရာက္ေတာ့၊ အေခါင္းကို ခ်ၿပီး ေျမက်င္းတူးေတာ့တယ္။ ခဏေနေတာ့ အေခါင္းဖုံးကို တ

ေဒါက္ေဒါက္ ေခါက္သံၾကားလိုက္ရတယ္။ ဒါနဲ႔ သားျဖစ္သူဟာ ေျမက်င္းတူးလက္စက ခဏရပ္ၿပီး အေခါင္းဖုံး ကိုဖြင့္ေပးလိုက္တယ္။သား။ ။”ဘာေျပာမလို႔လဲ”အေဖ။ ။

”သား.. မင္း ငါ့ကို ျမႇုပ္ခ်င္ရင္ ျမႇုပ္ပါ.. ဒါေပမယ့္ ငါ့ခ်ည္းပဲျမႇုပ္၊ ဒီအေခါင္းေလးေတာ့ျပန္ယူသြားပါ.. တစ္ခ်ိန္က် မင္း သားသမီးေတြလည္း ဒါကို လိုလာနိုင္တယ္”

Credit – Nandar

unicode..

တစ်ခါက နေ့စဉ်လယ်ထဲဆင်းပြီး ဝမ်းစာရှာရတဲ့ လယ်သမားသားအဖ ၂ ယောက်ရှိတယ်။ အဖေဖြစ်သူလယ်သမားကြီးဟာ အသက်အ ရွယ်ရလာတာနဲ့အမျှ ပင်ပန်းမှုဒဏ်ကို မခံနိုင်ရှာတော့။

အနည်းငယ်လုပ်ကိုင်ပြီး ပင်ပန်းတာနဲ့ တစ်နေရာမှာထိုင်ရင်း သားဖြစ်သူ လုပ်တာကိုသာ ထိုင်ကြည့်နေရတယ်။

ဒီလိုရက်တွေများလာတော့ သားဖြစ်သူက “ငါ့အဖေကအလုပ်မလုပ်နိုင်တော့ဘူး၊ တစ်နေ့တစ်နေ့ ငါချည်းလုပ်နေရတယ်၊ သူအသက်ရှင်နေတာ ဘာတန်ဖိုးမှမရှိဘူး” လို့တွေးမိတယ်။

ဒါနဲ့ သားဖြစ်သူလယ်သမားဟာ သစ်သားနဲ့ အခေါင်းတစ်ခေါင်းကို လုပ်တယ်။ အခေါင်းလုပ်ပြီးတော့ အဖေလယ်သမားကြီးကိုခေါ်ပြီး အခေါင်းထဲ ဝင်စေတယ်။

အဖေဖြစ်သူလည်း ဘာမှပြန်မပြောပဲ ကြည်ကြည်ဖြူဖြူနဲ့ပဲ အခေါင်းထဲဝင်လှဲနေလိုက်တယ်။ ဒီနောက်သားဖြစ်သူက အခေါင်းဖုံးကို ပိတ်လိုက်ပြီး၊ သူတို့လယ်ရဲ့ တဖက် တောင်ကုန်းဆီကို သယ်လာခဲ့တယ်။

တောင်ကုန်းရဲ့ ဟိုဘက်မှာ အဖေဖြစ်သူကို မြှုပ်မယ်ဆိုတဲ့စိတ်ကူးနဲ့ပေါ့။ဒီလိုနဲ့ မြှုပ်ရမယ့်နေရာကို ရောက်တော့၊ အခေါင်းကို ချပြီး မြေကျင်းတူးတော့တယ်။ ခဏနေတော့ အခေါင်းဖုံးကို တ

ဒေါက်ဒေါက် ခေါက်သံကြားလိုက်ရတယ်။ ဒါနဲ့ သားဖြစ်သူဟာ မြေကျင်းတူးလက်စက ခဏရပ်ပြီး အခေါင်းဖုံး ကိုဖွင့်ပေးလိုက်တယ်။သား။ ။”ဘာပြောမလို့လဲ”အဖေ။ ။

”သား.. မင်း ငါ့ကို မြှုပ်ချင်ရင် မြှုပ်ပါ.. ဒါပေမယ့် ငါ့ချည်းပဲမြှုပ်၊ ဒီအခေါင်းလေးတော့ပြန်ယူသွားပါ.. တစ်ချိန်ကျ မင်း သားသမီးတွေလည်း ဒါကို လိုလာနိုင်တယ်”

Credit – Nandar