ကိုဂျင်မီရဲ့ အိမ်ကိုလည်း အရပ်ဝတ် အကြမ်းဖက်သမားတွေ ရန်ပြု သောင်းကျန်းနေ၊
MFP ၊ ဇူလိုင် – ၂၇
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်မှာ ရှိတဲ့ ကိုဂျင်မီရဲ့ မိသားစုတွေရဲ့ နေအိမ်ကိုလည်း ဒီနေ့ ဇူလိုင်(၂၇)ရက်မှာ စစ်ကောင်စီ လက်ပါးစေ အရပ်ဝတ် အကြမ်းဖက်သမားတွေ လာရောက် ရမ်းကားသောင်းကျန်းနေတယ်လို့ သတင်း ရရှိပါတယ်။
ဒိနေ့ မနက်ပိုင်းမှာ ရန်ကုန်မြို့ ကျောက်တံတားမြိုနယ်၊ ဗိုလ်အောင်ကျော်လမ်းက ကိုဇေယျာသော်ရဲ့ မိသားစုတွေရဲ့ နေအိမ်ကို အကြမ်းဖက် စစ်အုပ်စုရဲ့ လက်ပါးစေ အရပ်ဝတ် လူတစ်စု လာရောက် ရမ်းကား သောင်းကျန်းခဲ့ပြီး နေအိမ်ကို ခဲနဲ့ထုကာ ဆဲဆို စိန်ခေါ်ခဲ့ပြီးနောက် ကိုဂျင်မီရဲ့ မိသားစုတွေ နေအိမ်ကိုပါ ဆက်လက် ရန်ပြု သောင်းကျန်းနေတာ ဖြစ်ပါတယ်။
အဲ့ဒီ အကြမ်းဖက်သမား လူတစုကို လိုက်ထရပ်ကားတွေနဲ့ လိုက်ပို့ပေးပြီး သောင်းကျန်းခိုင်းနေတာလို့ မြင်တွေ့သူ ဒေသခံတွေက ဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ ကိုဇေယျာသော်၊ ကိုဂျင်မီ၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့ လေးဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီးနောက် အခုလို ကွယ်လွန်သူတွေရဲ့ မိသားစု အိမ်တွေရှေ့ ရန်ပြု သောင်းကျန်းနေတာ ဖြစ်ပါတယ်။
အဲ့ဒီလို အိမ်တွေ ခဲနဲ့ထုပြီး သောင်းကျန်းနေတဲ့ အကြမ်းဖက်သမားတစုကို စစ်လော်ဘီတွေက ပြည်သူတွေလို့ သုံးနှုန်းပြီး ဆန္ဒပြတာလို့ ဝါဒဖြန့်ပါတယ်။