ၾကားသိရသမွ်

စကစ ဇွတ်ကျင်းပတဲ့ တောင်ပြုံးပွဲတော် မသွားကြဖို့ မန္တလေး ပြောက်ကျားမဟာမိတ်တပ်ပေါင်းစု အသိပေး

စစ်အုပ်စုက ဇွတ်ကျင်းပတဲ့ တောင်ပြုံးပွဲတော် မသွားကြဖို့ မန္တလေး ပြောက်ကျားမဟာမိတ်တပ်ပေါင်းစု အသိပေး

MFP ၊ ဇူလိုင် – ၂၈

လာမယ့်ဩဂုတ်လထဲမှာ ကျင်းပမယ့် တောင်ပြုံးပွဲတော်ကို ပြည်သူတွေ မသွားကြဖို့ မန္တလေးမြို့ပြပြောက်ကျား မဟာမိတ်တပ်ပေါင်းစုက ဒီနေ့ အသိပေးချက် ထုတ်ပြန်ပါတယ်။

တောင်ပြုံးပွဲတော်ကို ဩဂုတ်လ (၄)ရက်ကနေ ဩဂုတ်လ (၁၁)ရက်အထိ ကျင်းပမှာဖြစ်ပြီး ကိုယ့်သဘောနဲ့ကိုယ် သွားရောက်တဲ့သူတွေ တစ်စုံတခုဖြစ်ခဲ့ရင် ပြောက်ကျားအဖွဲ့က တာဝန်ယူဖြေရှင်းမပေးနိုင်တဲ့အတွက် အနူးအညွတ် တောင်းပန်ပါတယ်လို့လည်း ဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံးက လူဦးရေ သိန်းနဲ့ချီ လာရောက်လေ့ရှိတဲ့ မန္တလေးတိုင်း မတ္တရာနယ်က တောင်ပြုံးပွဲတော်ဟာ ပြီးခဲ့တဲ့နှစ်တွေမှာတော့ ကိုဗစ်ကာလနဲ့ အာဏာသိမ်းကာလကြောင့် အဖြစ်သဘောလောက်သာ ကျင်းပခဲ့ရပါတယ်။

ဒါပေမယ့် နိုင်ငံတဝှမ်း အေးချမ်းသာယာနေပြီလို့ ပုံဖော်ချင်တဲ့ အာဏာသိမ်း စစ်အုပ်စုဟာ ဒီနှစ်မှာ သင်္ကြန်ပွဲတော်ကိုလည်း ပြုလုပ်ခဲ့သလို ရာသီအလိုက် ပွဲတော်တွေကိုပါ စည်ကားစွာ ပုံဖော်ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

စစ်အာဏာရှင်ကို အတူတကွတွန်းလှန်ကြရာမှာ ပြည်သူတွေအနေနဲ့ ရှောင်သင့်ဆောင်သင့်တာတွေကို သိရှိနားလည် လိုက်နာပေးကြဖို့ကိုလည်း မန္တလေးမြို့ပြပြောက်ကျား မဟာမိတ်တပ်ပေါင်းစုက တိုက်တွန်းထားပါတယ်။