အေမရိကန္သမၼတကို စိန္ေခၚခဲ့သည္ စစ္တပ္ေထာက္ခံသူ သတင္းေထာက္အမည္ခံ သထုံတင္ထြန္း ဝမ္းေရာဂါျဖင့္ေသ
ရန္ကုန္၊ ဇူလိုင္ ၂၈
လူငယ့္ေခတ္
အၾကမ္းဖက္စစ္ေကာင္စီသတင္းစာရွင္းလင္းပြဲတြင္ အေမရိကန္သမၼတဂ်ိဳးလ္ဘိုက္ဒင္ကို စိန္ေခၚခဲ့သည့္ သတင္းေထာက္အမည္ခံ အၾကမ္းဖက္စစ္တပ္ေထာက္ခံသူ ဝါဒျဖန္႔သမား အသက္ ၈၅ ႏွစ္ခန္႔ရွိ သထုံတင္ထြန္းသည္ ယေန႔ မနက္ ၄ နာရီခန္႔က ဝမ္းေရာဂါျဖင့္ ေသဆုံးသြားေၾကာင္း သိရသည္။
သတင္းမီဒီယာအမည္ခံ စစ္တပ္ေထာက္ခံသူ သထုံတင္ထြန္းသည္ ဝမ္းေရာဂါျဖင့္ သထုံေဆး႐ုံတြင္ေသဆုံးျခင္းျဖစ္ၿပီး မေသဆုံးခင္ ဝမ္းမ်ားဆက္တိုက္သြားေနသျဖင့္ ေဆးကုသေပးသူမ်ားပင္ အနားမကပ္ခ်င္ျဖစ္ခဲ့ေၾကာင္း သထုံ ေဆး႐ုံႏွင့္နီးစပ္သူတစ္ဦးက CJ Platform သို့ေျဖၾကားထားခဲ့သည္။

အေမရိကန္နိုင္ငံရွိ အိမ္ျဖဴေတာ္ကို ဗီဇာမလိုဘဲသြားလို့ရသည္ဟု စစ္တပ္သတင္းစာရွင္းလင္းပြဲမ်ားတြင္ အေျပာႀကီးေလ့ရွိသည့္ သထုံတင္ထြန္းသည္ ၂၀၁၃ ခုႏွစ္က စတင္ခဲ့သည့္ ေခတ္သစ္သတင္းစာ( The New Age Newspaper) ၏ ထုတ္ေဝသူ၊ အယ္ဒီတာခ်ဳပ္တစ္ဦးျဖစ္သည္။
အဆိုပါသတင္းစာမွာလည္း ေျမာက္ကိုရီးယားမွ ေထာက္ပံ့ေငြျဖင့္ ထုတ္ေဝသည္ဟု ေကာလာဟလရွိၿပီး ဂ်ာနယ္သည္ တစ္လလၽွင္ တစ္ႀကိမ္သာ ထုတ္ေဝကာ မထုတ္ေဝနိုင္သည့္လမ်ားလည္းရွိေၾကာင္း သိရသည္။
သထုံတင္ထြန္းသည္ စစ္တပ္သတင္းစာရွင္းလင္းပြဲမ်ားတြင္ အၾကမ္းဖက္စစ္ေခါင္းေဆာင္မင္းေအာင္လွိုင္ က ၎ဘာသာ ျပန္လည္ ဂုဏ္ျပဳေပးထားသည့္ ဘြဲ႕နာမည္မ်ားကို ေရရြတ္ကာ အားေပးေထာက္ခံခဲ့သူတစ္ဦးျဖစ္သလို မင္းေအာင္လွိုင္အား တေန႔ ၁၀ ႀကိမ္ ရွိခိုးသည္ဟုလည္း ေျပာဆိုေလ့ရွိရာ ျပည္သူလူထုမွ ရြံရွာမုန္းတီးသူ တစ္ဦးလည္း ျဖစ္သည္။

သမၼတ ဦးသိန္းစိန္လက္ထက္က ျမန္မာနိုင္ငံသတင္းမီဒီယာေကာင္စီတြင္ ပါဝင္ခြင့္ရရွိခဲ့ၿပီး NLD အစိုးရလက္ထက္တြင္ ျဖဳတ္ခ်ခံရသူ၊ ထို့ေနာက္ အာဏာသိမ္း အၾကမ္းဖက္ စစ္ေကာင္စီက ျပန္လည္ဖြဲ႕စည္းခဲ့သည့္ ျမန္မာနိုင္ ငံသတင္း မီဒီယာေကာင္စီဝင္ တစ္ဦး ျပန္လည္ ျဖစ္လာသူလည္း ျဖစ္သည္။
P90 #Lungekhit
uicode
အမေရိကန်သမ္မတကို စိန်ခေါ်ခဲ့သည် စစ်တပ်ထောက်ခံသူ သတင်းထောက်အမည်ခံ သထုံတင်ထွန်း ဝမ်းရောဂါဖြင့်သေ
ရန်ကုန်၊ ဇူလိုင် ၂၈
လူငယ့်ခေတ်
အကြမ်းဖက်စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် အမေရိကန်သမ္မတဂျိုးလ်ဘိုက်ဒင်ကို စိန်ခေါ်ခဲ့သည့် သတင်းထောက်အမည်ခံ အကြမ်းဖက်စစ်တပ်ထောက်ခံသူ ဝါဒဖြန့်သမား အသက် ၈၅ နှစ်ခန့်ရှိ သထုံတင်ထွန်းသည် ယနေ့ မနက် ၄ နာရီခန့်က ဝမ်းရောဂါဖြင့် သေဆုံးသွားကြောင်း သိရသည်။
သတင်းမီဒီယာအမည်ခံ စစ်တပ်ထောက်ခံသူ သထုံတင်ထွန်းသည် ဝမ်းရောဂါဖြင့် သထုံဆေးရုံတွင်သေဆုံးခြင်းဖြစ်ပြီး မသေဆုံးခင် ဝမ်းများဆက်တိုက်သွားနေသဖြင့် ဆေးကုသပေးသူများပင် အနားမကပ်ချင်ဖြစ်ခဲ့ကြောင်း သထုံ ဆေးရုံနှင့်နီးစပ်သူတစ်ဦးက CJ Platform သို့ဖြေကြားထားခဲ့သည်။
အမေရိကန်နိုင်ငံရှိ အိမ်ဖြူတော်ကို ဗီဇာမလိုဘဲသွားလို့ရသည်ဟု စစ်တပ်သတင်းစာရှင်းလင်းပွဲများတွင် အပြောကြီးလေ့ရှိသည့် သထုံတင်ထွန်းသည် ၂၀၁၃ ခုနှစ်က စတင်ခဲ့သည့် ခေတ်သစ်သတင်းစာ( The New Age Newspaper) ၏ ထုတ်ဝေသူ၊ အယ်ဒီတာချုပ်တစ်ဦးဖြစ်သည်။
အဆိုပါသတင်းစာမှာလည်း မြောက်ကိုရီးယားမှ ထောက်ပံ့ငွေဖြင့် ထုတ်ဝေသည်ဟု ကောလာဟလရှိပြီး ဂျာနယ်သည် တစ်လလျှင် တစ်ကြိမ်သာ ထုတ်ဝေကာ မထုတ်ဝေနိုင်သည့်လများလည်းရှိကြောင်း သိရသည်။
သထုံတင်ထွန်းသည် စစ်တပ်သတင်းစာရှင်းလင်းပွဲများတွင် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင် က ၎င်းဘာသာ ပြန်လည် ဂုဏ်ပြုပေးထားသည့် ဘွဲ့နာမည်များကို ရေရွတ်ကာ အားပေးထောက်ခံခဲ့သူတစ်ဦးဖြစ်သလို မင်းအောင်လှိုင်အား တနေ့ ၁၀ ကြိမ် ရှိခိုးသည်ဟုလည်း ပြောဆိုလေ့ရှိရာ ပြည်သူလူထုမှ ရွံရှာမုန်းတီးသူ တစ်ဦးလည်း ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်လက်ထက်က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတွင် ပါဝင်ခွင့်ရရှိခဲ့ပြီး NLD အစိုးရလက်ထက်တွင် ဖြုတ်ချခံရသူ၊ ထို့နောက် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက ပြန်လည်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင် ငံသတင်း မီဒီယာကောင်စီဝင် တစ်ဦး ပြန်လည် ဖြစ်လာသူလည်း ဖြစ်သည်။
P90 #Lungekhit



