Unicode Version
ချဲတွေထီတွေ မပြောနဲ့ ကံစမ်းမဲဆို ၁၀၀တန်တောင် မပေါက်ဖူးဘူး ဆိုရင် အောက်ပါ အတိုင်းပြုလုပ် ဆောင်ရွက် ပေးပါ
သင်တို့အိမ်က ဘုရားတရားဘယ်လောက်လုပ်နေပါစေ အတိုက်အခံမနာလို မုန်းတီးသူများနေတယ်…အေးချမ်းခြင်း မရှိဘူး ငွေလည်း မဝင်လာဘ် တိတ်နေတယ်…
ကံမကောင်းချက်က ချဲတွေ ထီတွေ မပြောနဲ့ ကံစမ်းမဲ ဆို ၁၀၀တန်တောင် မပေါက်ဖူးဘူးဆိုရင်အောက်ပါ အတိုင်းပြုလုပ်ဆောင်ရွက် ပေးပါ
အချိန်တွေနေ့ရက်တွေ မသတ်မှတ် ထားပါ ပြုလုပ်တဲ့ရက်က ပြဿဒါးရက် မဖြစ်ရင်ရပါပြီ…
လိုအပ်တာကတော့ ဖလားရေခွက် သပြေညွန့် ၃ရွက်နဲ့ သရော်ကင်ပွန်း တစ်ထုပ်(ခေါင်းလျော်ရည် လည်း ရပါတယ်)
ပြုလုပ်ရမှာက ဖလားထဲ ကိုရေနဲ့ခေါင်းလျှော်ရည်(သရော်ကင်ပွန်း) ဆတူ မပြည့်တပြည့် လောက်ထည့်ပါ
သပြေညွန့် ၃ရွက်ကို ထည့်ပြီး အောက်ပါ ဂါထာကို ၁၀၈ခေါက်ရွတ်ရင်း မိမိနေထိုင်ရာအိမ်ခြံမြေ ပတ်ပတ်လည်ကို သပြေခက်ဖြင့် ရေတို့ထိရင်း ပက်ဖြန်းလိုက်ပါ
ဂါထာတော် (ဉုံသတ္တံသတ္တံဝလံပိတော ဒယာဒယာဝီရာဗုဒ္ဓေါ သက်ကတ်တံ ဘာဝန်တိယ ဝစ)
ဒီပို့စ်ကိုအစဆုံးဖတ်သူတွေ ကိုကျေးဇူးတင်ပါတယ်…
ဆက်လက်၍ ဖတ်ရှူ့ကြည့် ပါဦးနော် တရားရစေတဲ့လူ (၅)ဦးကို တင်ပြပေး ပါမယ်…
(၁) လေးစားမှုဆိုတာ ကိုနားမလည်တဲ့ သူမျိုးပါ ဒီလိုလူမျိုးနဲ့တွေ့တော့ ဒေါသကိုထိန်းချုပ်နိုင်လေ တရားရလေ ပါပဲ
(၂) သည်းခံတတ်ခြင်း မရှိတဲ့ သူမျိုးပါ ဒီလိုလူမျိုးနဲ့တွေ့တော့ ခန္ဓီပါ ရမီကို ပို၍နားလည်နိုင်တာ ပါပဲ
(၃)သစ္စာနဲ့ဂတိတည်ခြင်း မရှိတဲ့ သူမျိုးပါ ဒီလိုလူမျိုးနဲ့တွေ့တော့ ပုထုဇဉ်တွေသဘောပို၍သိလာတာ ပါပဲ
(၄)ဖြစ်လိုတဲ့ ဆန္ဒပြင်းပြပြီဒေါသကြီးတဲ့ သူမျိုးပါ ဒီလိုလူမျိုးနဲ့တွေ့တော့ ပိုပြီးသည်းခံတတ်လာတာ ပါပဲ
(၅)ရလိုတာပဲကြည့်ပြီးနှစ်ဖက်မျှမတွေးတတ်တဲ့ သူမျိုးပါဒီလိုလူမျိုးနဲ့တွေ့တော့ ပိုပြီးနားလည် တတ်လာပါပဲ
အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။