လေယာဥ်လက်မှတ် စပွန်ဆာနဲ့ နိုင်ငံဂုဏ်သိက္ခာကို လဲခဲ့တဲ့အတွက် ပြိုင်ပွဲချိန် ၅မိနစ်နဲ့ ရံူးနိမ့်ပြီး ပြန်ခဲ့ရတဲ့ မြန်မာစစ်တုရင်အသင်းချုပ်ကြီး
အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့မှာ ဒီကနေ့စတင်ကျင်းပခဲ့တဲ့ ကမ္ဘာ့စစ်တုရင်အိုလံပစ်၊ ပွဲစဉ် (၁) မှာ လှဇမ္ဗူ (မြန်မာ) ဟာ Lara (Ireland) ကို ရွှေ့ကွက် ၂၀ မှာတင် အမိဖမ်းခံပြီး ရှုံးနိမ့်ခဲ့ပါတယ်။
ပြိုင်ပွဲကြာချိန်ဟာ ၅ မိနစ်ဝန်းကျင်သာရှိခဲ့ပြီး မြန်မာကစားသမား လှဇမ္ဗူဟာ beginner အဆင့်ပင်မရှိသေးပဲ စစ်တုရင် opening ကိုပင် နားလည်ခြင်းမရှိတာကို ဝမ်းနည်းစရာတွေ့ရှိရပါတယ်။
ပုံပါအတိုင်း ရွှေ့ကွက် (၁၀) မှာ Bc6+ ကို Qd7 နဲ့ကာကွယ်တဲ့အထိ အံ့ဩဖွယ်ကောင်းလောက်အောင် ညံ့ဖျင်းခဲ့ပါတယ်။
စစ်တုရင်နားလည်သူများကတော့ “သူ့လက်ရည်ဟာ နိုင်ငံကိုယ်စားပြုဖို့မပြောနဲ့၊ ပြည်တွင်းသက်တမ်းအလိုက်ပြိုင်ပွဲ ကစားဖို့တောင်အဆင့်မမှီသေးဘူး” လို့ဝေဖန်ပြောဆိုနေကြပါတယ်။
စစ်တုရင်ကစားသမား ကိုနေထွေးကတော့ “ဟိုတစ်နေ့က မီဒီယာနဲ့ pose ပေးကတည်းကသဘောပေါက်တယ်၊ ဘုရင်ကြီးကို Queen နဲ့ Bishop ကတစ်ပြိုင်နက်ချက်ထားတယ်၊ အဲ့အချိန်မှာ သူက Pawn ကို ရှေ့ကိုရွှေ့နေတယ်၊ အဲ့ဒီကတည်းက သဘောပေါက်တာ” ဟုဆိုသည်။
မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်အနေဖြင့် လေယာဉ်လတ်မှတ်နှင့် တည်းခိုစရိတ် စပွန်ဆာပေးတိုင်း လက်ရွေးစင်ရွေးသည့်အလေ့အထကို အဆုံးသတ်ရန်လိုပြီဟု တိုက်တွန်းလိုပါသည်။
ရန်ကုန်-ချင်းနိုင်း အသွားအပြန်လတ်မှတ် တစ်သင်းစာအတွက် တိုင်းပြည်ဂုဏ်သိက္ခာနှင့် အလဲအထပ်မပြုလုပ်ဖို့ လေးနက်စွာပြောကြားလိုက်ပါသည် ခင်ဗျား။