သတင်းတင်ဆက်သူအနေဖြင့် မျက်နှာပေါ်တွင်တက်တူးထိုးထားသည့်အမျိုးသမီးကိုခန့်အပ်ခဲ့သည့်အတွက် လူအများ၏ဝေဖန်မှုကိုခံနေခဲ့ရ
သတင်းအေဂျင်စီတော်တော်များဟာ တက်တူးပါရှိသူအများစုကိုလက်ခံသဘောကျခြင်းမရှိကြပေ။သာမန်အားဖြင့် အေဂျင်စီများကအလုပ်ခေါ်ယူပြီဆိုပါက ရုပ်ရည်ပြေပြစ်မှုကိုအဓိကကြည့်ပြီးလုပ်ရည်ကိုင်ရည်ပေါ်မူတည်ကာ တာဝန်ပေးခန့်အပ်ကြပါတယ်။ယခုတွင်တော့ Newshubဌာနမှသတင်းတင်ဆက်သူအနေဖြင့် အသက်၃၇နှစ်အရွယ်ရှိသတင်းထောက်Oriini Kaiparaကိုခန့်အပ်ခဲ့ပါတယ်။
ထိုအမျိုးသမီးဟာသူမ၏မေးစေ့တွင် moko kauaeဟုခေါ်သောရိုးရာတက်တူးကို ထိုးထားခဲ့တာဖြစ်ပါတယ်။အမျိုးသမီးသည်ငယ်စဥ်ကတည်းကတီဗွီကြည့်ရင်းအိမ်မက်တွေမက်ခဲ့ရသော သတင်းတင်ဆက်သူအလုပ်ကို အမှန်တကယ်လုပ်ခွင့်ရချိန်တွင် အလွန်ပျော်ရွင်နေခဲ့ပြီးသူတို့၏လူမျိုးကိုလည်းဂုဏ်တက်စေရန်အတွက် တက်တူးကိုဖုံးကွယ်ခြင်းမရှိဘဲ တင်ဆက်ခဲ့တာဖြစ်ပါတယ်။
လူအများစုကတော့အမျိုးသမီးကိုဝေဖန်ပြစ်တင်နေခဲ့ကြပါတယ်။
Zawgyi
credit