ရွှေလက်ကောက်တစ်တောင်ဆစ်အထိ ဝတ်ထားသည်။ပါးစပ်က ကွမ်းတံတွေး တဗျစ်ဗျစ်ဖြင့်ဇလုံကြီးထဲက ငါးများကိုဓါးမဖြင့် ခုတ်နေသောငါးသည်မ ရှေ့သို့အသက် ၆၀ အရွယ် သီလရှင်ကြီးတစ်ပါးဆွမ်းဆန် သွားရပ်သည်။
ငါးသည်မက သူ့ရှေ့နားလေးကငါးဆယ်တန် တစ်ရွက်ကို ယူ၍ခဏခဏ လာရပ် ရန်ကော ဟူသောမျက်နှာဘေးဖြင့် စောင့်အောင့်၍
ဆရာကြီး၏ဆွမ်းဆန် မောင်းထောင်ခွက်ထဲ
အားဖြင့် ထည့်လိုက်ရာလက်က အရှိန် မထိန်းနိုင်တော့သဖြင့်မောင်းထောင်ခွက်ကိုပုတ်ချသလို ဖြစ်သွားလေသည် ။
ဆရာကြီး ရပ်လာသော ဆွမ်းဆန်များနှင့်တစ်ရာတန် ငါးဆယ်တန်လေးတို့သည်မြေပေါ်ပြန့်ကြဲသွားခိုက် ‘ခဏခဏ လာကြတယ်စျေးကို ကောင်းကောင်း မရောင်းရဘူးအားတိုင်းသင်္ကန်းဝတ်
အခုတော့ဆိုင်ရှေ့ လာရှုပ် ဒုက္ခတွေ ပေးလိုက်တာ”ငါးသည်မ၏ဆိုးရွားစွာ အော်ဟစ်သံ ထွက်လာသည်။
ဆရာကြီးကတော့မျက်နှာတွင် ပကတိ ဖြူစင်လျက်ဤအော်ဟစ်သံတို့ ကြားမှသူ့အား လောင်းလှူလိုက်သောအကြွေလေးများအားကောက်ယူ၍သာဓု သာဓု သာဓု လို့ ခေါ်၍လှည့်ထွက် သွားလေတော့သည် ။
နောက် သုံးနှစ်လောက် ကြာတော့အဲဒီ ငါးသည်မကိုဆေးရုံ အရေးပေါ်ဌာနမှာပါးစပ်မှ သွေးများအန်၍တွန့်လိမ်ကာလူတစ်ကိုယ်လုံး ဖျတ်ဖျတ်လူး၍ကယ်ပါ ကယ်ပါအော်ဟစ်၍ဝေဒနာ ပြင်းထန်နေသည်ကိုအမှတ်မထင် တွေ့ခဲ့ရသည်သေတော့မည့် လူနာအဖြစ်ပေါ့။
ဆရာကြီးကိုတော့ရိပ်သာတစ်ခုမှာ ဆုံဖြစ်ခဲ့ပြန်သည်။
အဲတုန်းက အဖြစ်ကိုဘယ်လိုစိတ်နဲ့ ကျော်ဖြတ်ခဲ့သလဲ မေးမိရာသားရေ အမေက သတ္တဝါတွေကိုအမြဲ မေတ္တာပို့တယ် ။
အကုသိုလ်နဲ့ အသက်မွေးတဲ့ လူများဆို
ဆွမ်းဆန် မကြာခဏသွား ရပ်ပေးတယ်ရလာတဲ့ လှူဖွယ်တွေကို သံဃာတွေကိုဆွမ်းပြန်ကပ် လောင်းလှူပေးတယ် သား
ဘာလို့ အကုသိုလ် အလုပ်နဲ့အသက်မွေးနေသူတွေကိုမှသွား ဆွမ်းရပ်ရတာလဲ မေးကြည့်တော့သူတို့ကိုဘုရားသာသနာနှင့် ကြုံတုန်း သီလ သမာဓိနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို လှူခဲ့ဖူးတဲ့ ကုသိုလ်လေးတော့သံသရာ ပါသွားစေချင်လို့ပါ သားရယ်တဲ့ ။
ဒီစကားတွေ ကြားတော့ ကျောချမ်းသွားသည်
ဒါကြောင့်လေ အလှူခံပုဂ္ဂိုလ်ဆိုတာသူ ရလိုလို့လား ကိုယ့်ကို ရစေချင်လို့ အလှု လာခံသလား
မိမိတို့ စဉ်းစားကြပါကုန်။
Credit အညတရလူသား