



Rain (For Ialinks)
Unicode
သူသေရတော့မည်အသိနဲ့ ဝမ်းနည်းပြီးမျက်ရည်တွေပါကျနေသော ဘဲကလေးရဲ့အဖြစ်
တိရစ္ဆာန်လေးများသည် စကားမပြောတတ်၍ပင် သူတို့ရဲ့ရင်ထဲကခံစားချက်ဆိုတာရှိကြပြီး လူတွေနဲ့အနီးစပ်ဆုံးနေရပါက ပိုပြီးတော့ သိတတ်နားလည်လျက်ရှိသည်။
သို့ဖြစ်၍ တရုတ်နိုင်ငံ ကျေးလက်ဒေသရှိ လယ်သမားတစ်ဦးသည် အိမ်တွင် ၆နှစ်အကြာမွေးလာခဲ့သော ဘဲလေးတစ်ကောင်ကို ဟင်းမရှိတာနဲ့ ချက်ပြုတ်စားရန် ပြင်ဆင်ခဲ့သည်။
ဘဲလေးသည် ဥာဏ်ကောင်းစွာပဲ သူ့အားချက်စားတော့မည်ကိုသိနေသော်လည်း ထွက်မပြေးပဲ သခင်ဖြစ်သူရှေ့သို့ ငြိမ်သက်စွာ ရောက်လာကာ ဝမ်းနည်းစွာဖြင့် မျက်ရည်လေးတွေကျနေခဲ့သည်။
ထိုအဖြစ်ကို မြင်တွေ့သော သခင်ဖြစ်သူကလည်း ဘဲလေးကိုမချက်စားရက်တော့ပဲ လွတ်လပ်စွာနေထိုင်ခွင့်ပေးကာ တိရစ္ဆာန်လေးများသည်လည်း ခံစားချက်ကြီးမားကြောင်း လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။
Rain (For Ialinks)



