သင့္ အိမ္ဟာ မည္သည့္ဘက္ကို မ်က္ႏွာမူေနပါေစ အသက္ရွည္ အနာမဲ့ေစဖို႔ ဒီအခ်က္ေတြ အတိုင္း အိပ္စက္ပါ
မိမိကိုယ္မိမိ အသက္ရွည္ရာ အနာမဲ့ေစလိုလွ်င္ လူတို႔ ဦးေခါင္းထားၿပီး အိပ္စက္ရာ အရပ္သည္ မွန္ကန္ဖို႔လို
ေရွးကလူႀကီး မ်ားသည္ မိမိတို႔ ေနရမည့္အိမ္ ေဆာက္လုပ္ရာတြင္မည္သည့္ အရပ္ကို မ်က္ႏွာျပဳရသည္ျဖစ္ေစဘုရားစင္ထားရွိရမည့္အရပ္။
အိပ္လွ်င္ ဦးေခါင္းျပဳရမည့္အရပ္ ၊ မ်က္ႏွာတို႔ကို ေ႐ြးခ်ယ္ေလ့ရွိၾကသည္ ။
ျဖစ္သလိုအိမ္ေဆာက္ျခင္း ၊ ေနထိုင္ အိပ္စက္ျခင္းမရွိၾကေပ ။
ေရွးလူႀကီးမ်ား၏ အသက္ရွည္ရာ အနာမဲ့ေၾကာင္း ဓေလ့ေကာင္း မ်ားကို ေလ့လာ ေဖာ္ထုတ္ လိုက္နာျခင္း အားျဖင့္ အက်ိဳး ယုတ္စရာ အေၾကာင္း မရွိေပ…
သိပၸံနည္း မက်ဟုဆိုၾကသူမ်ားရွိေသာ္လည္း သိပၸံပညာထြန္းကားလာသည္ႏွင့္လူ႔သက္တမ္းမ်ားတိုလာသည္မွာလည္း စဥ္းစားစရာ အခ်က္ ျဖစ္ေပသည္ ။
ေရွးထုံးကိုလည္း မပယ္ႏွင့္ ေဈးသုံးလည္း မလြယ္ႏွင့္ ဟူေသာ စကားသည္ အမွန္ပင္ ျဖစ္သည္။
ေရွးကလူႀကီး မ်ားသည္အိပ္ရာဝင္ခ်ိန္တြင္ဦးေခါင္းခ်ရာ အရပ္ကို (၁)အေရွ႕အရပ္၊ (၂) ေတာင္အရပ္ တို႔ကို ဦးေခါင္းျပဳ၍ အိပ္စက္ရမည္။ ထိုသို႔ ဦးေခါင္းျပဳ အိပ္စက္ျခင္းျဖင့္ ေကာင္းစြာ အိပ္ေပ်ာ္ ေစသည္ ။
ေကာင္းေသာ အိပ္မက္ကို ျမင္မက္ေစသည္ ။ အိပ္ေပ်ာ္ ေနခ်ိန္တြင္ အစာေၾကျခင္း ကို ျဖစ္ေစသည္ ။ မလိုအပ္ေသာ အပုပ္၊ ေလ၊ ဝမ္း တို႔သည္ ညင္သာစြာျဖင့္ ေအာက္သို႔ သက္ေစသည္ ။
စျမင္းေဒါသမွ ကင္းေစသျဖင့္ အနာ ေရာဂါလည္း ကင္းေစသည္ ။ နံနက္ အိပ္ရာထ ခ်ိန္တြင္လည္း ေကာင္းစြာႏိုးထ ေစႏိုင္သည္ ဟု ယူဆၾကသည္ ။
( ၃ ) ေျမာက္အရပ္၊ ( ၄ ) အေနာက္အရပ္ တို႔သို႔ ဦးေခါင္းျပဳ၍ မအိပ္ ေကာင္းေပ ။ ထိုသို႔ ေခါင္းျပဳ အိပ္သူမ်ားသည္ ေကာင္းစြာ အိပ္စက္ မေပ်ာ္ႏိုင္ ။
ေလပြျခင္း ၊ ေဟာက္ျခင္း ၊ အသက္ရွဴ မဝျခင္း ၊ လန႔္၍ႏိုးျခင္း ၊ ေကာင္းေသာ ေလ ၊ အပုပ္တို႔ အထက္သို႔ ဆန္ျခင္း ၊ မ်က္စိ ပြင့္လ်က္ အိပ္ျခင္း ၊ လွ်ာကိုက္ မိျခင္း ၊ ႏႈတ္ႏွင့္ ခံတြင္းမွ အာပုပ္ရည္ တို႔ စီးက်ျခင္း
ကေယာင္ ကတမ္း ေျပာျခင္း၊ အိပ္မက္မက္ ရာတြင္ အျမင့္မွ ေခ်ာက္ကမ္းပါး မွ ျပဳတ္က်သည္ဟု မက္ျခင္း စေသာ အျပစ္မ်ားစြာ ရွိသည့္အျပင္ ညဦးက စားထားေသာ အစာမ်ား မွာလည္း မေၾကမက်က္ သျဖင့္ ဝမ္းတြင္း စျမင္းခံျခင္း၊
ဒူလာ လိပ္ေခါင္း ေရာဂါျဖစ္ျခင္း တို႔ ျဖစ္ႏိုင္သည္ ဟု ဆိုသည္ ။
ဗုဒၶ ျဖစ္ေတာ္စဥ္ က်မ္းစာမ်ား တြင္လည္း ဘုရားရွင္၏ လဲေလ်ာင္း ေနေသာ ႐ုပ္ပြားေတာ္မ်ား ထုလုပ္ ကိုးကြယ္ ေသာအခါ သတိျပဳရမည့္ စာၫႊန္းမွာ ထို ႐ုပ္ပြားေတာ္၏ ဦးေခါင္းေတာ္ ထားရွိရာကို ရည္ၫႊန္းလ်က္
( ၁ ) အေရွ႕ ေ႐ႊသာေလ်ာင္း၊
( ၂ ) ေတာင္ ေပါင္းေလာင္း၊
( ၃ ) ေျမာက္ ေစာင္းကုႆိနာ ဟု ဆိုသျဖင့္ အေရွ႕အရပ္ သို႔ ဦးေခါင္းထားလွ်င္ ေ႐ႊသာေလ်ာင္း ဆင္းတု ေတာ္၊ ေတာင္အရပ္သို႔ဘုရား ဦးေခါင္းျပဳ ထားလွ်င္ ေပါင္းေလာင္းေတာ္၊
ေျမာက္အရပ္သို႔ ေခါင္းျပဳ ထားလွ်င္ ပရိနိဗၺာန္ ျပဳသည့္ ကုႆိနာ႐ုံမွ ဆင္းတုေတာ္ ပုံတူဟု မွတ္ယူရမည္ ျဖစ္သည္ ။
အေနာက္တိုင္း ေဆးပညာရွင္ ႀကီးတစ္ဦးက ေဟာေျပာ ရာတြင္လည္း ေသြးတိုးေရာဂါ ရွိသူမ်ားသည္ ေျမာက္အရပ္ သို႔ ဦးေခါင္းျပဳ၍ မအိပ္ရ ။
ေသြးတိုးတက္၍ ညအိပ္ရာ ထဲတြင္ ေလျဖတ္ ေနေစႏိုင္ သည္ကို သတိျပဳဟု ေဟာေျပာ သည္ကို မွတ္သားရဖူး ပါသည္ ။
ေန႔စဥ္ျပဳ ေနက် ေန၊ ထိုင္၊ စား၊ အိပ္ အမွားမ်ားေၾကာင့္ လူတို႔ အသက္တိုျခင္း ကို ျဖစ္ေစသျဖင့္
သာမန္ အေသး အဖြဲ ဟု မမွတ္ယူ ၾကဘဲ မိမိကိုယ္မိမိ အသက္ရွည္ရာ အနာမဲ့ေၾကာင္း ေစာင့္ေရွာက္ ၾကေစရန္ နည္းမွန္ လမ္းမွန္ ျဖစ္ေစရန္ တင္ျပ လိုက္ရေပသည္ ။
Credit:: Yadanarpondaily
Unicode
သင့် အိမ်ဟာ မည်သည့်ဘက်ကို မျက်နှာမူနေပါစေ အသက်ရှည် အနာမဲ့စေဖို့ ဒီအချက်တွေ အတိုင်း အိပ်စက်ပါ
မိမိကိုယ်မိမိ အသက်ရှည်ရာ အနာမဲ့စေလိုလျှင် လူတို့ ဦးခေါင်းထားပြီး အိပ်စက်ရာ အရပ်သည် မှန်ကန်ဖို့လို…!
ရှေးကလူကြီး များသည် မိမိတို့ နေရမည့်အိမ် ဆောက်လုပ် ရာတွင် မည်သည့် အရပ်ကို မျက်နှာပြု ရသည်ဖြစ်စေ ဘုရားစင် ထားရှိရမည့် အရပ် ။
အိပ်လျှင် ဦးခေါင်းပြု ရမည့်အရပ် ၊ မျက်နှာတို့ကို ရွေးချယ်လေ့ ရှိကြသည် ။
ဖြစ်သလို အိမ်ဆောက်ခြင်း ၊ နေထိုင် အိပ်စက်ခြင်း မရှိကြပေ ။
ရှေးလူကြီးများ၏ အသက်ရှည်ရာ အနာမဲ့ကြောင်း ဓလေ့ကောင်း များကို လေ့လာ ဖော်ထုတ် လိုက်နာခြင်း အားဖြင့် အကျိုး ယုတ်စရာ အကြောင်း မရှိပေ ။
သိပ္ပံနည်း မကျဟု ဆိုကြသူများ ရှိသော်လည်း သိပ္ပံပညာ ထွန်းကား လာသည်နှင့် လူ့သက်တမ်း များ တိုလာ သည်မှာလည်း စဉ်းစားစရာ အချက် ဖြစ်ပေသည် ။
ရှေးထုံးကိုလည်း မပယ်နှင့် ဈေးသုံးလည်း မလွယ်နှင့် ဟူသော စကားသည် အမှန်ပင် ဖြစ်သည်။
ရှေးကလူကြီး များသည် အိပ်ရာဝင် ချိန်တွင် ဦးခေါင်းချရာ အရပ်ကို (၁)အရှေ့အရပ်၊ (၂) တောင်အရပ် တို့ကို ဦးခေါင်းပြု၍ အိပ်စက်ရမည်။ ထိုသို့ ဦးခေါင်းပြု အိပ်စက်ခြင်းဖြင့် ကောင်းစွာ အိပ်ပျော် စေသည် ။
ကောင်းသော အိပ်မက်ကို မြင်မက်စေသည် ။ အိပ်ပျော် နေချိန်တွင် အစာကြေခြင်း ကို ဖြစ်စေသည် ။ မလိုအပ်သော အပုပ်၊ လေ၊ ဝမ်း တို့သည် ညင်သာစွာဖြင့် အောက်သို့ သက်စေသည် ။
စမြင်းဒေါသမှ ကင်းစေသဖြင့် အနာ ရောဂါလည်း ကင်းစေသည် ။ နံနက် အိပ်ရာထ ချိန်တွင်လည်း ကောင်းစွာနိုးထ စေနိုင်သည် ဟု ယူဆကြသည် ။
( ၃ ) မြောက်အရပ်၊ ( ၄ ) အနောက်အရပ် တို့သို့ ဦးခေါင်းပြု၍ မအိပ် ကောင်းပေ ။ ထိုသို့ ခေါင်းပြု အိပ်သူများသည် ကောင်းစွာ အိပ်စက် မပျော်နိုင် ။
လေပွခြင်း ၊ ဟောက်ခြင်း ၊ အသက်ရှူ မဝခြင်း ၊ လန့်၍နိုးခြင်း ၊ ကောင်းသော လေ ၊ အပုပ်တို့ အထက်သို့ ဆန်ခြင်း ၊ မျက်စိ ပွင့်လျက် အိပ်ခြင်း ၊ လျှာကိုက် မိခြင်း ၊ နှုတ်နှင့် ခံတွင်းမှ အာပုပ်ရည် တို့ စီးကျခြင်း
ကယောင် ကတမ်း ပြောခြင်း၊ အိပ်မက်မက် ရာတွင် အမြင့်မှ ချောက်ကမ်းပါး မှ ပြုတ်ကျသည်ဟု မက်ခြင်း စသော အပြစ်များစွာ ရှိသည့်အပြင် ညဦးက စားထားသော အစာများ မှာလည်း မကြေမကျက် သဖြင့် ဝမ်းတွင်း စမြင်းခံခြင်း၊
ဒူလာ လိပ်ခေါင်း ရောဂါဖြစ်ခြင်း တို့ ဖြစ်နိုင်သည် ဟု ဆိုသည် ။
ဗုဒ္ဓ ဖြစ်တော်စဉ် ကျမ်းစာများ တွင်လည်း ဘုရားရှင်၏ လဲလျောင်း နေသော ရုပ်ပွားတော်များ ထုလုပ် ကိုးကွယ် သောအခါ သတိပြုရမည့် စာညွှန်းမှာ ထို ရုပ်ပွားတော်၏ ဦးခေါင်းတော် ထားရှိရာကို ရည်ညွှန်းလျက်
( ၁ ) အရှေ့ ရွှေသာလျောင်း၊
( ၂ ) တောင် ပေါင်းလောင်း၊
( ၃ ) မြောက် စောင်းကုဿိနာ ဟု ဆိုသဖြင့် အရှေ့အရပ် သို့ ဦးခေါင်းထားလျှင် ရွှေသာလျောင်း ဆင်းတု တော်၊ တောင်အရပ် သို့ ဘုရား ဦးခေါင်းပြု ထားလျှင် ပေါင်းလောင်းတော်၊
မြောက်အရပ်သို့ ခေါင်းပြု ထားလျှင် ပရိနိဗ္ဗာန် ပြုသည့် ကုဿိနာရုံမှ ဆင်းတုတော် ပုံတူဟု မှတ်ယူရမည် ဖြစ်သည် ။
အနောက်တိုင်း ဆေးပညာရှင် ကြီးတစ်ဦးက ဟောပြော ရာတွင်လည်း သွေးတိုးရောဂါ ရှိသူများသည် မြောက်အရပ် သို့ ဦးခေါင်းပြု၍ မအိပ်ရ ။
သွေးတိုးတက်၍ ညအိပ်ရာ ထဲတွင် လေဖြတ် နေစေနိုင် သည်ကို သတိပြုဟု ဟောပြော သည်ကို မှတ်သားရဖူး ပါသည် ။
နေ့စဉ်ပြု နေကျ နေ၊ ထိုင်၊ စား၊ အိပ် အမှားများကြောင့် လူတို့ အသက်တိုခြင်း ကို ဖြစ်စေသဖြင့်
သာမန် အသေး အဖွဲ ဟု မမှတ်ယူ ကြဘဲ မိမိကိုယ်မိမိ အသက်ရှည်ရာ အနာမဲ့ကြောင်း စောင့်ရှောက် ကြစေရန် နည်းမှန် လမ်းမှန် ဖြစ်စေရန် တင်ပြ လိုက်ရပေသည် ။
Credit:: Yadanarpondailyသဒ္ဓါများပြီး ပညာနည်းသူတွေ ဘုရားဆွမ်းတော်ကပ်ရင် သစ်သီးဆိုလဲ ခွဲစိတ်ပြီးတော့ ကပ်ရမယ်။ ထမင်း ဟင်းဆိုရင်လဲ လူစားသလို အကျအနပြင်ကပ်ရမယ်ဆိုတာမျိုးတွေ ဖြစ်ကုန်တယ်။
အပြင်မှာ တကယ့်သက်ရှိထင်ရှား ဘုရားရှင်ကို အဲဒီခေတ်က လူတွေ ဘယ်လိုလှူကြတယ်ဆိုတာ သိကြသလား။ ကျမ်းစာထဲပါတဲ့အတိုင်း ပြောပြမယ်။
ထမင်းရော ဟင်းရော ဘုရားရဲ့သပိတ်ထဲ ရောထည့်လိုက်တာပဲ။ သစ်သီးဆိုလဲ ဒီအတိုင်း အလုံးလိုက် သပိတ်ထဲ ထည့်သူက ထည့်လိုက်တာပဲ။ ခွဲစိပ်ပြီးမှ ထည့်သူက ထည့်လိုက်တာပဲ။
ပြီးမှ အရှင်အာနန္ဒာက သင့်တော်သလို ပြန်စီစဉ်ပေးတယ်။ သစ်သီးကို အလုံးလိုက် ဘုရားရှင်ကို မလှူကောင်းဘူးဆိုတာ ပိဋကသုံးပုံမှာ ပါကိုမပါဘူး။
သဒ္ဓါများပြီး ပညာနည်းသူတွေ ဘီလ်ဖိုးရှိတိုင်း လက်ကမြင်းပြီး ရေးထားတာ။ တင်ထားတဲ့ဆွမ်းတော်ကို ဘုရားဆင်းတုတော်က တကယ်စားတာလဲမဟုတ်ဘူး။
ဘုရားရှင်ကလည်း ပရိနိဗ္ဗာန်စံပြီးလို့ လာမစားနိုင်တော့ဘူး။ ဒါဆို ဘာလို့ ဆွမ်းတော်တင်သလဲဆိုရင်-
ဘုရားရှင်ရဲ့ ဂုဏ်တော် ကျေးဇူးတော်ကို သတိတရရှိနေတဲ့သဘောကို ဖော်ပြတဲ့အနေနဲ့ တင်ကြတာ။
ဟိုခေတ်က ရွာဘုန်းကြီးကျောင်းတွေမှာ ဆွမ်းတော်ကောက်ရင် ကိုရင်တွေ ကျောင်းသားတွေက အကောင်းတွေချည်း ဆွမ်းတော်ဗန်းထဲ ရွေးထည့်ကြတယ်။
ဆွမ်းတော်စွန့်ရင် သူတို့စားရတာကိုး။ ဒါကြောင့် သူတို့စားချင်တာတွေချည်းပဲ ဆွမ်းတော်ဗန်းထဲ ရွေးထည့်ကြတယ်။ သူတို့မကုန်တာ မစားချင်တာတော့ ကျောင်းက ခွေးတွေ စားကြရတယ်ပေါ့။
အဲဒီတော့ အနှစ်ချုပ် ပြောရမယ်ဆိုရင် ကိုယ့်စိတ်ထဲနှစ်သက်သလို ပြင်ဆင်ပြီး ဆွမ်းတော်ကပ်လို့ရတယ်။ သေချာတာကတော့ ဘယ်လိုပုံကပ်ကပ် ဘုရားဆင်းတုတော်က တကယ်မစားနိုင်ဘူးဆိုတာပဲ။
ဝိနည်းမှာပါတာကလဲ-
သစ်သီးတွေကို အလုံးလိုက်မလှူကောင်းဘူးလို့ ပါတာမဟုတ်ဘူး။ ငရုတ်သီးတို့ ကြံတို့ ပူစီနံတို့လိုမျိုး စားလိုက်ရင် မျိုးစေ့ပျက်စီးသွားမှာမျိုးဆိုရင် လူ သာမဏေက ကပ္ပိမထားရသေးရင် ကပ္ပိခိုင်းပြီးမှ စားကြလို့ ပညတ်ထားတာ။
မျိုးစေ့မပျက်တဲ့ သရက်သီးတို့ ထောပတ်သီးတို့ဆိုရင် ကိုယ့်ဘာသာ ခွဲစိတ်ပြီး စားကောင်းတယ်။ နားစွန်နားဖျား ကြားဖူးတာနဲ့ ဆရာကြီးလုပ်ပြီး အခြားသူတွေကို မောဟဖြစ်အောင်လုပ်နေကြတယ်။
ဘုရားခေတ်က ကိုယ်အဆင်ပြေတာ လှူကြတာပါပဲ။ လှူဒါန်းမှုကြောင့် ဝန်မပိကြတာများတယ်။ သင်္ကန်းချုပ်ဝတ်ဖို့ ချည်မျှင်တတ်နိုင်သူက ချည်မျှင်တွေ လှူကြတယ်။
ဘုရားရှင်နဲ့ ရဟန်းတွေက ကိုယ့်ဘာသာ ယက္ကန်းခတ်ပြီး သင်္ကန်းချုပ်ချုပ်၊ ယက္ကန်းရုံသွားပြီး ပိတ်စနဲ့လဲလဲ ပေါ့။ ပိတ်စတတ်နိုင်သူကလည်း ပိတ်စ လှူကြတယ်။ သင်္ကန်းချုပ်ဝတ်ဝတ်၊ အိပ်ယာခင်းလုပ်လုပ်ပေါ့။
သင်္ကန်းဆေးဆိုးဖို့ သစ်ဥ သစ်ခေါက်တတ်နိုင်သူက သစ်ဥ သစ်ခေါက်တွေ လှူကြတယ်။ ချုပ်ပြီးသားသင်္ကန်းတတ်နိုင်သူများက ချုပ်ပြီး ဆိုးပြီး အသင့်ဝတ်သင်္ကန်းတွေ လှူကြတယ်။
အနာထပိဏ်လဲ ထောပတ်အစိမ်းတွေ ဆီတွေ လှူတဲ့အခါ လှူတယ်။ ပန်းတွေလှူတဲ့အခါ လှူတယ်။ ပုဏ္ဏားကြီးတစ်ယောက်က ထမင်းစားနေဆဲ ဘုရားရှင် ဆွမ်းခံကြွလာတာမြင်တော့-
ထမင်းပိုမရှိတော့တာနဲ့ စားလက်စပန်းကန်ပြားထဲက ထမင်းတွေကို လောင်းလှူတယ်။ ဘုရားရှင်ကလဲ အလှူခံတယ်။ မြင်းကုန်သည်တွေလည်း ဝါတွင်းသုံးလလုံး မုယောဆန်အစိမ်းတွေ ဆွမ်းအဖြစ် ဘုရားရှင်ကို လောင်းလှူတယ်။
ဒီခေတ်ကြမှ ဘယ်လိုတွေ ဖြစ်နေကြသလဲ မသိတော့ဘူး။ သစ်သီးတွေ အလုံးလိုက် ဆွမ်းတော်တင် အကုသိုလ်ဖြစ်တယ်လို့ ရေးသူကရေး။ ငရဲကျမတတ် ပြောသူက ပြောနဲ့။
ပါလိလေယျတောထဲ သီတင်းသုံးတော့ ဆင်က ဘယ်လိုလုပ်သစ်သီးကို ခွဲစိတ်ပြီး ကပ်လှူတတ်မလဲလေ။ ဘယ်သူကမှ စော်ကားလိုစိတ် ရှိမနေပါဘူး။ ကိုယ်အဆင်ပြောသလို လှူဒါန်းကြတာပါပဲ။
မိုးသု မန္တလေး
Zawgyi
သဒၶါမ်ားၿပီး ပညာနည္းသူေတြ ဘုရားဆြမ္းေတာ္ကပ္ရင္ သစ္သီးဆိုလဲ ခြဲစိတ္ၿပီးေတာ့ ကပ္ရမယ္။ ထမင္း ဟင္းဆိုရင္လဲ လူစားသလို အက်အနျပင္ကပ္ရမယ္ဆိုတာမ်ိဳးေတြ ျဖစ္ကုန္တယ္။
အျပင္မွာ တကယ့္သက္ရွိထင္ရွား ဘုရားရွင္ကို အဲဒီေခတ္က လူေတြ ဘယ္လိုလႉၾကတယ္ဆိုတာ သိၾကသလား။ က်မ္းစာထဲပါတဲ့အတိုင္း ေျပာျပမယ္။
ထမင္းေရာ ဟင္းေရာ ဘုရားရဲ႕သပိတ္ထဲ ေရာထည့္လိုက္တာပဲ။ သစ္သီးဆိုလဲ ဒီအတိုင္း အလုံးလိုက္ သပိတ္ထဲ ထည့္သူက ထည့္လိုက္တာပဲ။ ခြဲစိပ္ၿပီးမွ ထည့္သူက ထည့္လိုက္တာပဲ။
ၿပီးမွ အရွင္အာနႏၵာက သင့္ေတာ္သလို ျပန္စီစဥ္ေပးတယ္။ သစ္သီးကို အလုံးလိုက္ ဘုရားရွင္ကို မလႉေကာင္းဘူးဆိုတာ ပိဋကသုံးပုံမွာ ပါကိုမပါဘူး။
သဒၶါမ်ားၿပီး ပညာနည္းသူေတြ ဘီလ္ဖိုးရွိတိုင္း လက္ကျမင္းၿပီး ေရးထားတာ။ တင္ထားတဲ့ဆြမ္းေတာ္ကို ဘုရားဆင္းတုေတာ္က တကယ္စားတာလဲမဟုတ္ဘူး။
ဘုရားရွင္ကလည္း ပရိနိဗၺာန္စံၿပီးလို႔ လာမစားႏိုင္ေတာ့ဘူး။ ဒါဆို ဘာလို႔ ဆြမ္းေတာ္တင္သလဲဆိုရင္-
ဘုရားရွင္ရဲ႕ ဂုဏ္ေတာ္ ေက်းဇူးေတာ္ကို သတိတရရွိေနတဲ့သေဘာကို ေဖာ္ျပတဲ့အေနနဲ႔ တင္ၾကတာ။
ဟိုေခတ္က ႐ြာဘုန္းႀကီးေက်ာင္းေတြမွာ ဆြမ္းေတာ္ေကာက္ရင္ ကိုရင္ေတြ ေက်ာင္းသားေတြက အေကာင္းေတြခ်ည္း ဆြမ္းေတာ္ဗန္းထဲ ေ႐ြးထည့္ၾကတယ္။
ဆြမ္းေတာ္စြန႔္ရင္ သူတို႔စားရတာကိုး။ ဒါေၾကာင့္ သူတို႔စားခ်င္တာေတြခ်ည္းပဲ ဆြမ္းေတာ္ဗန္းထဲ ေ႐ြးထည့္ၾကတယ္။ သူတို႔မကုန္တာ မစားခ်င္တာေတာ့ ေက်ာင္းက ေခြးေတြ စားၾကရတယ္ေပါ့။
အဲဒီေတာ့ အႏွစ္ခ်ဳပ္ ေျပာရမယ္ဆိုရင္ ကိုယ့္စိတ္ထဲႏွစ္သက္သလို ျပင္ဆင္ၿပီး ဆြမ္းေတာ္ကပ္လို႔ရတယ္။ ေသခ်ာတာကေတာ့ ဘယ္လိုပုံကပ္ကပ္ ဘုရားဆင္းတုေတာ္က တကယ္မစားႏိုင္ဘူးဆိုတာပဲ။
ဝိနည္းမွာပါတာကလဲ-
သစ္သီးေတြကို အလုံးလိုက္မလႉေကာင္းဘူးလို႔ ပါတာမဟုတ္ဘူး။ င႐ုတ္သီးတို႔ ႀကံတို႔ ပူစီနံတို႔လိုမ်ိဳး စားလိုက္ရင္ မ်ိဳးေစ့ပ်က္စီးသြားမွာမ်ိဳးဆိုရင္ လူ သာမေဏက ကပၸိမထားရေသးရင္ ကပၸိခိုင္းၿပီးမွ စားၾကလို႔ ပညတ္ထားတာ။
မ်ိဳးေစ့မပ်က္တဲ့ သရက္သီးတို႔ ေထာပတ္သီးတို႔ဆိုရင္ ကိုယ့္ဘာသာ ခြဲစိတ္ၿပီး စားေကာင္းတယ္။ နားစြန္နားဖ်ား ၾကားဖူးတာနဲ႔ ဆရာႀကီးလုပ္ၿပီး အျခားသူေတြကို ေမာဟျဖစ္ေအာင္လုပ္ေနၾကတယ္။
ဘုရားေခတ္က ကိုယ္အဆင္ေျပတာ လႉၾကတာပါပဲ။ လႉဒါန္းမႈေၾကာင့္ ဝန္မပိၾကတာမ်ားတယ္။ သကၤန္းခ်ဳပ္ဝတ္ဖို႔ ခ်ည္မွ်င္တတ္ႏိုင္သူက ခ်ည္မွ်င္ေတြ လႉၾကတယ္။
ဘုရားရွင္နဲ႔ ရဟန္းေတြက ကိုယ့္ဘာသာ ယကၠန္းခတ္ၿပီး သကၤန္းခ်ဳပ္ခ်ဳပ္၊ ယကၠန္း႐ုံသြားၿပီး ပိတ္စနဲ႔လဲလဲ ေပါ့။ ပိတ္စတတ္ႏိုင္သူကလည္း ပိတ္စ လႉၾကတယ္။ သကၤန္းခ်ဳပ္ဝတ္ဝတ္၊ အိပ္ယာခင္းလုပ္လုပ္ေပါ့။
သကၤန္းေဆးဆိုးဖို႔ သစ္ဥ သစ္ေခါက္တတ္ႏိုင္သူက သစ္ဥ သစ္ေခါက္ေတြ လႉၾကတယ္။ ခ်ဳပ္ၿပီးသားသကၤန္းတတ္ႏိုင္သူမ်ားက ခ်ဳပ္ၿပီး ဆိုးၿပီး အသင့္ဝတ္သကၤန္းေတြ လႉၾကတယ္။
အနာထပိဏ္လဲ ေထာပတ္အစိမ္းေတြ ဆီေတြ လႉတဲ့အခါ လႉတယ္။ ပန္းေတြလႉတဲ့အခါ လႉတယ္။ ပုဏၰားႀကီးတစ္ေယာက္က ထမင္းစားေနဆဲ ဘုရားရွင္ ဆြမ္းခံႂကြလာတာျမင္ေတာ့-
ထမင္းပိုမရွိေတာ့တာနဲ႔ စားလက္စပန္းကန္ျပားထဲက ထမင္းေတြကို ေလာင္းလႉတယ္။ ဘုရားရွင္ကလဲ အလႉခံတယ္။ ျမင္းကုန္သည္ေတြလည္း ဝါတြင္းသုံးလလုံး မုေယာဆန္အစိမ္းေတြ ဆြမ္းအျဖစ္ ဘုရားရွင္ကို ေလာင္းလႉတယ္။
ဒီေခတ္ၾကမွ ဘယ္လိုေတြ ျဖစ္ေနၾကသလဲ မသိေတာ့ဘူး။ သစ္သီးေတြ အလုံးလိုက္ ဆြမ္းေတာ္တင္ အကုသိုလ္ျဖစ္တယ္လို႔ ေရးသူကေရး။ ငရဲက်မတတ္ ေျပာသူက ေျပာနဲ႔။
ပါလိေလယ်ေတာထဲ သီတင္းသုံးေတာ့ ဆင္က ဘယ္လိုလုပ္သစ္သီးကို ခြဲစိတ္ၿပီး ကပ္လႉတတ္မလဲေလ။ ဘယ္သူကမွ ေစာ္ကားလိုစိတ္ ရွိမေနပါဘူး။ ကိုယ္အဆင္ေျပာသလို လႉဒါန္းၾကတာပါပဲ။
မိုးသု မႏၲေလး